ဝေလပြည်နယ်တွင် မြွေ အကောင် ၁၂၀၊ ပင့်ကူ ၇၀ တို့နှင့် တစ်အိမ်တည်း အတူနေထိုင်နေသည့် မြွေလူသား

ဝေလပြည်နယ်တွင် မြွေ အကောင် ၁၂၀၊ ပင့်ကူ ၇၀ တို့နှင့် တစ်အိမ်တည်း အတူနေထိုင်နေသည်မြွေ လူသား

မြွေလူသား ဟု ခေါ်သည် ဂါရင့်ဟော့ပ်ကင်းစ်က ဝေလပြည်နယ် လန်နက်လီရှိ သူ၏အိမ်ကို မြွေ ၁၂၀၊ ပင့်ကူ ၇၀အပြင်း ဖျားများ၊ ဖားများ၊ ပုတ်သင်များနှင့် ကြွက်များနေထိုင်ရာ တိရစ္ဆာန်ရုံတစ်ခု အဖြစ်ပြောင်းလိုက်လဲလိုက်သည်။

သူသည် ထင်ပေါ်ကျော်ကြားသူများတွက် မွေးနေ့ပွဲများ စီစဥ်ခြင်းနှင့် သူ၏ တိရိစ္ဆာန်များနှင့် အလုပ်လုပ်ခြင်းကြောင့် လူသိများခဲ့သည်။

သူသည် Joey Essex နှင့်ပင် အလုပ်လုပ်ခဲ့သည်။ ဆာအန်ထော်နီဟော့ပ်ကင်းစ်၏ မွေးနေ့အတွက် ပြပွဲတခုပြုလုပ်ခဲ့ဖူးပြီး ထိုသူတို့၏ မြွေနှင့်ပင့်ကူ ကြောက်လန့်မှု ရောဂါ များကိုပင်ကုသ ပေးခဲ့ဖူးသည်။

ဂါရင့်နှင့် သူ၏ ဇနီး ယိုလန်တို့တွင် တိရိစ္ဆာန်များစွာရှိသည့် အတွက် တစ်နေ့လျှင် နာရီပေါင်းများစွာသန့်ရှင်းရေး လုပ်နေရသည်။ ထို့အတွက် ဂါရင်လည်း တစ်နေ့တစ်နေ့ သူ ဘယ်လို့အချိန်သွားမှန်း မသိဟုဆိုသည်။

သူ၏ဘဝအစတွင် သူငယ်ချင်းတစ်ဦိးထံမှ မြွေတစ်ကောင်ငှား ရမ်းကာ ပြီး ရံပုံငွေ ရှာဖွေရေးကို စတင်ခဲ့သည်။ ထို့နောက်သူ ၏ ဇနီး ယိုလန်နှင့် တွေ့ဆုံးပြီချိန်ရောက်မှာ ဤမျှများပြားသော တိရစ္ဆာန်များကိုစုဆောင်းနိုင်ခြင်း ဖြစ်သည်။

သူသည် ဒေသခံများနှင့် ရဲများထံမှ မြွေများစုဆောင်းရန်ဖိတ်ခေါ်ခဲ့သည်။ သူက မြွေကို မင်းဘယ်တော့မှမယုံနဲ့။ သူတို့မှာ တကယ့်ကို ဆိုးဝါးတဲ့နေ့တွေရှိတယ်” ဟုဆိုသည်။

သို့သော် သူကိုယ်တိုင်ကမူ မြွေများရှိသည်ပတ်ဝန်းကျင်တွင်နေထိုင်ရသည်ဟု ဆိုသည်။မြွေများနှင့် ကျန်သည့် အကောင်များအတွက် နေ့စဉ် သန့်ရှင်းရေးလုပ်ရန် နှစ်နာရီကြာတတ်ပြီးအိမ်ရှိ တိရစ္ဆာန်အားလုံးကို ကျွေးမွေးရန် နှစ်စဉ် ထောင်နှင့်ချီ ၍ကုန်ကျသည်ဟု သိရသည်။ Crd to origanal

Add a Comment

Your email address will not be published. Required fields are marked *