အဝီစိတွင်း ( စက်ရေတွင်း ) အငှားလိုက်တူးပေးပြီးရလာတဲ့ ရေတွင်းတူးခ ၄၅ သိန်းကို ဆွမ်းပဒေသာပင်အဖြစ် လှူဒါန်းလိုက်တဲ့ ဦးလေးကြီး
|အဝီစိတွင်း ( စက်ရေတွင်း ) အငှားလိုက်တူးပေးပြီးရလာတဲ့ ရေတွင်းတူးခ ၄၅ သိန်းကို ဆွမ်းပဒေသာပင်အဖြစ် လှူဒါန်းလိုက်တဲ့ ဦးလေးကြီး
အဝီစိတွင်း ( စက်ရေတွင်း ) အငှားလိုက်တူးပေးပြီး ရေတွင်းတူးခများ ရတာကို ခြိုးခြံချွေတာ စားသောက်နေထိုင်ပြီး ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားရှိပြီး စုဆောင်းရရှိငွေ ၄၅၀၂၀၀ဝိ/ လေးဆယ့် ငါးသိန်း နှစ်ထောင်ကျပ် ရရှိလာသောအခါ ၂၀၀ဝိ/ကို သုံးစွဲရန် ချန်ထားပြီး လေးဆယ့်ငါးသိန်း ကျပ်ကို စလင်းမြို့ သံဃာတော်များ အရုဏ်ဆွမ်း မခက်ခဲစေရန် စလင်းမြို့ သာသနဟိတ နေ့စဉ်အရုဏ်ဆွမ်းလောင်း အသင်းကြီးသို့ ရာသက်ပန် ငွေပင်ငွေရင်းပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းလိုက်ပါသော ကုသိုလ်ရှင်ကြီး ဖြစ်ပါတယ်ခင်ဗျား
ယခင်ကလည်း အမွေဆိုင်ဝိုင်း ရောင်းရငွေမှ မိမိ ဝေစုရသော ၂၁၀၀၀၀ဝိ/ နှစ်ဆယ့် တစ်သိန်းကျပ်ကို ဘခင်ကြီး ဦးရာဆယ် ၊ မိခင်ကြီးဒေါ်နှင်း အမဒေါ်လှလေး တို့အားရည်စူး၍ ရာသက်ပန် ငွေပင်ငွေရင်း ဆွမ်းပဒေသာပင် စိုက်ထူ လှူဒါန်းထားတာ အခုလှူတာနဲ့ဆိုရင် ပဒေသာပင် တန်ဖိုး ၆၆၀၀၀၀၀ိ/ ခြောက်ဆယ့်ခြောက်သိန်း စိုက်ထူထားတဲ့ ထာဝရ အလှူရှင်ကြီးလည်း ဖြစ်သွားပါပြီ ခင်ဗျား …
ဆွမ်းလောင်းသင်းကြီးကို လစဉ် အလှူငွေ ၁၀၀ဝိ/ နှုန်းနဲ့ တစ်နှစ်ပါတ်လုံးနှစ်စဉ် မပျက်လှူဒါန်းနေတဲ့ အာစိဏ္ဏကံ အလှူရှင်ကြီးလည်း ဖြစ်ပါတယ်ခင်ဗျား။ စလင်းမြို့ သာသနဟိတနေ့စဉ် အရုဏ်ဆွမ်းလောင်း အသင်းကြီးမှာ ရာသက်ပန် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းထားကြတဲ့ အလှူငွေများကို
ဘဏ်မှာစနစ်တကျ အပ်နှံထားပြီး အရင်းကို မလျော့ပါးစေဘဲ ရရှိလာတဲ့ အတိုးအညွန့်များကိုသာ ဆွမ်းလောင်းလှူတဲ ကိစ္စများမှာသာ သုံးစွဲတာဖြစ်လို့ အလှူရှင်များမရှိတော့သည့် တိုင်အောင် သား စဉ်မြေးဆက် အမြဲကုသိုလ်ရနေမယ့် အလှူဖြစ်ပါတယ်ခင်ဗျား ဆွမ်းပဒေသာပင်အလှူရှင်များ သေချာနားလည် သဘောပေါက်နိုင်ကြစေရန် အလျှင်းသင့်လို့ တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျား
ကနေ့ထူးထူး ခြားခြား လှူဒါန်းသွားတဲ့ သဒ္ဓါတရား ကောင်းလွန်းလှပြီး စိတ်ဓာတ် ခိုင်မာပြတ်သားလှပါသော ဒါနသူရဲကောင်းကြီး ဦးသန်းစိန်ရဲ့ စေတနာသဒ္ဓါတရားကို လေးစားစွာ ချီးကျူးဂုဏ်ပြု သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ရကြောင်းပါခင်ဗျာ။ Crd ; UPho Thar