ပြည်သူကို stay home ထားပြီးကိုယ်တိုင်က ကမ်းခြေမှာနှာခေါင်းစည်း မပါဘဲ ပျော်ပွဲထွက်တဲ့ ကျန်းမာရေးအကြီးအကဲ

ပြည်သူကို stay home ထားပြီးကိုယ်တိုင်က ကမ်းခြေမှာနှာခေါင်းစည်း မပါဘဲ ပျော်ပွဲထွက်တဲ့ ကျန်းမာရေးအကြီးအကဲ

ဒေါက်တာ ဟူဂိုလိုပက်ဇ်ဂက်တဲလ်သည် မက္ကဆီကို နိုင်ငံ၏ Covid-19 ဆီဇာဘုရင်ကြီး အဖြစ် လူသိများသည်။ ကျန်းမာရေးဝန်ကြီးဌာန လက်ထောက် အတွင်းရေးမှူးနှင့် မက္ကဆီကိုအစိုးရ၏ ကိုရိုနာဗိုင်းရပ် တုန့်ပြန်မှုတွင်လူထု ရှေ့မျက်နှာစာ၌ ရှိသောသူ ဖြစ်သည်။

သူသည် ညစဉ်ညတိုင်း ပြည်သူများကို စည်းကမ်းလိုက်နာကြရန် ကိုဗစ်တရားကို အကြိမ်ကြိမ် ဟောခဲ့သည်။ တစ်ခါတရံတွင် သူသည် ကူးစက်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းများ စိတ်ပန်းလူပန်း ဖြစ်ရပုံများနှင့် ဝမ်းနည်းဖွယ် ကြေကွဲမှုများကို လူအများစိတ်ဝင်စားအောင် ဇာတ်စုံခင်းပြ တတ်သူလည်း ဖြစ်သည်။ ထို့နောက် မက္ကဆီ နေရာတော်တော်များများတွင် stay home သတ်မှတ်ကာ ရောဂါတားဆီးရေးတွင် ဦးဆောင်နေခဲ့သည်။

သို့သော် တနင်္ဂနွေနေ့က ဒေါက်တာသည် မက္ကဆီကို၊ Oaxaca ပြည်နယ် Zipolite မြို့အနီးမှ လူကြိုက်များသည် ကမ်းခြေတွင်ဖွင့်လှစ်ထားသော စားသောက်ဆိုင်၌ နာခေါင်းစည်းမပါဘဲ အမျိုးသမီးတစ်ဦးနှင် တစ်စားပွဲတည်း နီးနီး ကပ်ကပ်ထိုင်ကာ စကားပြောနေသည့် ဓာတ်ပုံများ လူမှုမီဒီယာတွင် ထွက်ပေါ်လာသည့် နိုင်ငံတစ်ဝှမ်း ဒေါသထွက်သွားကြသည်။ မက္ကဆီကန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ဓာတ်ပုံများသည် မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။

နိုင်ငံတွင် အပြင်ထွက်သည့်အခါ နှာခေါင်းစည်းဝတ်ဆင်ရမည့်အပြင် ယင်းသို့သော စားသောက်ဆိုင်များကို ပိတ်ထားရန်အမိန့်ထုတ်ထားသည်။ ထိုဖြစ်ရပ်မတိုင်မီ ရက်အနည်းက ဒေါက်တာသည် လေယာဉ်ထဲတွင် ဆဲလ်ဖုန်းပြောနေစဉ် သူ၏ နှာခေါင်းစည်းကို မေးစေ့အောက် ဆွဲချထားသည်ကို တွေ့ထားကြသည်။

လွန်ခဲ့သည့် တစ်ပတ်ကပင် “ ရောဂါကူးစက်မှုကို ကာကွယ်ရန်၊ အိမ်တွင်နေပါ ” ဟု တွစ်တာမှ တစ်ဆင့် တိုက်တွန်းခဲ့သည့် ဒေါက်တာ လိုပက်ဇ်ဂက်တဲလ်သည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အပြင်းအထန် စိတ်ဖိစီးမှုခံနေရသောအချိန်တွင် ယခုကဲ့သို့ ခရီးသွားသည်ကိုလည်း လူထုက ဒေါသထွက်ခဲ့သည်။

တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ လိုပက်ဇ်ဂက်တဲလ်သည် ခ ရီးစဉ်နှင့် ပတ်သက်၍ ” ငါ့မှာ ဖုံးကွယ်စရာ ဘာမှမရှိဘူး။ ငါ Oaxaca ကမ်းခြေကို သွားတာပါ။ ဆွေမျိုးတွေ၊ မိတ်ဆွေ ကောင်းတွေနဲ့ လည်ပတ်ဖို့သွားခဲ့တာပါ၊ ငါတို့ အဲဒီမှာရှိနေတယ် ” ဝန်ခံခဲ့သည်။

” Quédate en casa” ဟုခေါ်သည့် Stay Home ရှိနေချိန်တွင် သူထိုင်ခဲ့သည့် စားသောက်ဆိုင်သည် ပြည်သူ့ကျန်းမာရေး စည်းမျဉ်းများကို လိုက်နာခဲ့ပြီး Covid-19 နှင့် ပတ်သတ်၍ ပြည်နယ်များအကြားကွဲပြားခြားနားသော စည်းကမ်းများ ရှိနေကြောင်း သူကရှင်းပြသည်။

ဒေါက်တာ လိုပက်ဇ်ဂက်တဲလ်သည် ကပ်ရောဂါ အလွန်ဆိုးရွားနေသည့် မက္ကဆီကိုစီးတီးတွင် နေထိုင်နေသူ ဖြစ်ပြီး မြို့မှ ပြည်သူ့ဆေးရုံ ၃၀ နီးပါးတွင်လူနာများ ၁၀၀ ရာခိုင်နှုန်းအထိ ပြည့်နေသည်ဟု သိရသည်။ မြို့တော်ဝန် ကလော်ဒီယာရှိန်ဘွမ်က မြို့ခံများကို မလိုအပ်လျှင် အပြင် လုံးဝမထွက်ရန် တိုက်တွန်းခဲ့ထားသည်။

မက္ကဆီကန်သမ္မတ အန်ဒရေစဲလ်မန်လူပိုပ်အော်ဘရာဒါးကို ဒေါက်တာ လိုပက်ဇ်ဂက်တဲလ်၏ အပန်းဖြေ ခရီးစဉ်များ အကြောင်းမေးမြန်းရာတွင် သတင်းထောက်များသည် ထိုမေးခွန်းများကို ကာယကံရှင်ကိုသာ မေးသင့်သည်ဟု ပြောကြားခဲ့သည်။

ဒေါက်တာ ဟူဂိုလိုပက်ဇ်ဂက်တဲလ်သည် သူကိုယ်တိုင် ခရီးသွားခဲ့ပြီး မျက်နှာဖုံးကို ၀တ်ဆင်လေ့ မရှိသဖြင့် ရောဂါကူးစက်မှုကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ သမ္မတကိုပါ ဝိုင်းဝန်း ဝေဖန်နေကြသည်။ Ref ; CNN / ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *