သီ​ပေါမင်းထံမှ ဆင်​ဖြူ​တော်​ကို ဝယ်​ခဲ့သူ နိုင်ငံခြားသား

သီ​ပေါမင်းထံမှ ဆင်​ဖြူ​တော်​ကို ဝယ်​ခဲ့သူ နိုင်ငံခြားသား

ကုန်း​ဘောင်​​ခေတ်​ ​နောက်​ဆုံး မင်းဆက်​ဖြစ်​​သော သီ​ပေါမင်းထံမှ “​ တောင်​တစ်​လုံး ” အမည်​ရှိ ဆင်​ဖြူ​တော်​ကို ​ဒေါ်လာငွေများနှင့် ပေး၍ ဝယ်​ယူလိုက်​​သော နိုင်ငံခြားသားမှာ အ​မေရိကန်​ပြည်​သား ပီတီဘားနမ်း (P.T Barnum) ဖြစ်​သည်​။

သူသည်​ ​ငွေကုန်​​ကြေးကျ များစွာဖြင့်​ ကမ္ဘာ့အထူးအဆန်း ပြပွဲများကို ကမ္ဘာအနှံ့ လိုက်​လံပြသ​နေသူ ဖြစ်​သည်​။ သီ​ပေါမင်းထံမှ ​တောင်​တစ်​လုံးကို ဝယ်​ယူပြီး ၁၈၈၄ ခုနှစ်​ မတ်​လ ၂၈ (မိုးမြင့်​​မောင်​-၂၀)တွင်​ ရန်​ကုန်​ဆိပ်​ကမ်း၌ ဆိုက်ကပ်ထား​သော လီဒီယမ်​မိုနားခ်​ (Lydian Monarch) အမည်​ရှိ အင်္ဂလိပ်​ သင်္ဘောကြီးဖြင့်​ မြို့​တော်​လန်​ဒန်​သို့ သယ်ဆောင်သွားပြီး ထိုမှတဆင့်​ အ​မေရိကန်​နိုင်​ငံ နယူး​ယောက်​မြို့သို့ ​ရေ​ကြောင်းခရီးဖြင့်​ ဆက်လက်​၍ သယ်​ယူသွားကြ​လေသည်​။ ဆင်​ဖြူ​တော်​ ​တောင်တစ်လုံးနှင့်​အတူ ဆင်​ထိန်းများ ဖြစ်​ကြသည့်​ ဘိုးချူးနှင့်​ ဘချူးတို့လည်း လိုက်​ပါသွားခဲ့ကြသည်​။

တောင်​တစ်​လုံးကို မန္တ​လေးမြို့၌ ဝယ်​ယူလိုက်​ပြီဟူ​သော အဝယ်​​တော်​ ဒန်​နီယယ်​ ဘီဆစ်​ကယ်​လ်​ (Daniel B. Sickles)၏ ​ကြေးနန်းစာကို နယူး​ယောက်​မြို့တွင်​ ​စောင့်​ဆိုင်း​နေ​သော ဘားနမ်း ရလျှင်​ရချင်းပင်​ နှင်းကဲ့သို့ ဖြူဆွတ်​​နေ​သော ဆင်​ဖြူ​တော်​ကြီး တကောင်​ နယူး​ယောက်​မြို့သို့ ရက်​ပိုင်းအတွင်း ​ရောက်​လာ​တော့မည် ​ဖြစ်​​ကြောင်း ​ကြေငြာလိုက်​သည်​။

မကြာမီပင်​ နယူး​ယောက်​ဆိပ်​ကမ်းသို့ မြန်​မာပြည်​မှ ​တောင်​တလုံးကို သယ်​​ဆောင်​လာ​သော သ​င်္ဘောကြီး သည်​ ဆိုက်​ကပ်​လာ​တော့၏။ ပီတီဘားနမ်းလည်း သတင်းစာဆရာများနှင့်​အတူ ဆင်​ဖြူ​တော်​ကြီး ​တောင်​တလုံးအား ကြိုဆိုရန်​ သ​င်္ဘော​ပေါ်သို့ခပ်​သွက်​သွက်​က​လေး တက်​သွား​လေသည်​။တောင်​တလုံးကို ​တွေ့မြင်​လိုက်​ရသည့်​အခါ အထင်​နှင့်​အမြင်​ လွဲ​နေပြီဟု ယူဆပြီး အ​တော်​​လေးပင်​ စိတ်​ပျက်​လက်​ပျက်​ ဖြစ်​သွားရ​လေသည်​။

ပီတီဘားနမ်းအဖို့ ​တောင်​တလုံးအား နွားနို့ကဲ့သို့ဖြူ​ဖွေး​နေ​သော အ​ရောင်​အဆင်း ရှိမည်​ဟု ထင်ထားခဲ့၏။ ယခု​သော်​ မိမိမြင်​​တွေ့​နေရ​သော ​တောင်တလုံးသည်​ အဖြူ​ရောင်​ မဟုတ်​ဘဲ အဖြူ​ရောင်​သမ်း​နေ​သော မီးခိုးနု​ရောင်​ ကိုယ်​ခန္ဓာ​ပေါ်၌ ပန်းနု​ရောင်​ အစက်​အ​ပြောက်​များ ဖုံးအုပ်​​နေပြီး ပန်းရောင်​မျက်​လုံးများ ရှိ​နေခြင်းသာ ဖြစ်​သည်​။

ထင်​သ​လောက်​ မဖြူသည်​ကို ပီတီဘားနမ်းအဖို့ အ​တော်​က​လေး စိတ်​ပျက်​သွားမိ​သော်​လည်း မဆိုးပါဘူးဟုသာ စိတ်​​ဖြေလိုက်​ရသည်​။ သတင်း​ထောက်​များက ထင်​သ​လောက်​ မဖြူ ဟု ဆိုကြ​လေ​သောအခါ-

“ဒီမှာ လူက​လေးတို့၊ အဲဒီ ဆင်​ဖြူ​တော်​ဟာ ဘုရားသခင်​ ဖန်​ဆင်းထားသ​လောက်​ပဲ ဖြူမှာ​ပေါ့။ ကျွန်ုပ်​သာ ဆင်​ဖြူ​တော်တကောင်​ ဖန်​ဆင်းလို့ရမယ်​ဆိုရင်​ နှင်း​လောက်​ ဖြူဆွတ်​သွားနိုင်​တယ်​”ဟု ခနဲ့တဲ့တဲ့ ​ဖြေကြားလိုက်​​လေသည်​။

တောင်​တလုံးအား ဆင်​ဖြူ​တော်​အစစ်​ ဟုတ်​၊ မဟုတ်​ သိလို၍ ပီတီဘားနမ်းသည်​ ယိုးဒယားမှ ဆင်ကျွမ်းကျင်သူ ပုဂ္ဂိုလ်​များအား ငှါးရမ်း၍ စစ်ဆေးစေသည်​။ ယိုးဒယားမှ ​ရောက်​ရှိလာ​သော ဆင်ကျွမ်းကျင်သူများ က ​တောင်​တစ်လုံးအား ​စေစေ့စပ်​စပ်​ စစ်​​ဆေးကြည့်​ရှုကြပြီး​နောက်​ ဆင်​ဖြတော်​ အစစ်​အမှန်​ဖြစ်​​ကြောင်း အခိုင်​အမာ ​ထောက်​ခံ ​ပြောဆိုသွားကြ၏။ ဘားနမ်းလည်း ထိုအခါကျမှ ရတက်​​အေးပြီး ဝမ်း​မြောက်​ဝမ်းသာ ဖြစ်​သွားရ​လေ​တော့သည်​။

သီ​ပေါမင်း ​ရောင်းချခဲ့​သော ဆင်​ဖြူ​တော်​ ​တောင်တစ်လုံးသည်​ အ​မေရိကန်​ နိုင်​ငံတဝန်း၌ ပြိုင်ဘက်​ကင်းသည့်​ တကောင်​တည်း​သော ဆင်​ဖြူတော်​ ဖြစ်​လာခဲ့​လေသည်​။ crd ; ဆရာနန္ဒာမိုးကြယ်​/Photos: Google

Add a Comment

Your email address will not be published. Required fields are marked *