အထူးကြပ်မတ်ကုသဆောင်အတွင်း အောက်ဆီဂျင် ပြတ်တောက်မှုကြောင့် ကိုဗစ်လူနာ အားလုံးသေဆုံးခဲ့ရ

အထူးကြပ်မတ်ကုသဆောင်အတွင်း အောက်ဆီဂျင် ပြတ်တောက်မှုကြောင့် ကိုဗစ်လူနာ အားလုံးသေဆုံးခဲ့ရ

အီဂျစ်နိုင်ငံက ဆေးရုံတစ်ခုမှာ အထူးကြပ်မတ် ကုသဆောင်အတွင်း ရောက်ရှိနေတဲ့ ကိုဗစ်လူနာအားလုံးဟာ အောက်ဆီဂျင် ထောက်ပံ့ပေးမှု ပြတ်တောက်ခဲ့ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။El Husseineya Central ဆေးရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်ဆီဂျင် လယ်ဗယ်ဟာ၂ % အထိ ကျဆင်းသွားခဲ့ပြီးနောက် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးခဲ့သူ လူနာတစ်ဦးရဲ့ ဆွေမျိုးသား ချင်းတစ်ဦးက စိတ်ထိခိုက်ကြေကွဲဖွယ်ရာဖြစ်ရပ်ကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါဗီဒီယို မှတ်တမ်းထဲမှာတော့ ” အားလုံးသေကုန်ပါပြီ၊ ICU ထဲမှာ ရှိသူတိုင်း သေဆုံးခဲ့ကြပါတယ်၊ သူနာပြုတွေပဲ ကျန်နေရစ်ခဲ့ပါတယ်၊ ICU ထဲမှာ ရှိသူတိုင်း သေဆုံးခဲ့ကြပါတယ်၊ ကျွန်တော်တို့ အတွက် ဒီလောက်နဲ့ပဲ လုံလောက်ပါပြီ ဘုရားသခင် ” လို့ နာကျင်စွာပြောဆိုခဲ့မှုလည်း ပါဝင်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ ရေးကြီးသုတ်ပျာနဲ့ လှုပ်ရှားနေတဲ့ သူနာပြုတွေကို မြင်တွေ့ ခဲ့ရပြီး လူနာတွေကတော့ အိပ်ယာထက်မှာမလှုပ်မယှက်နဲ့သာ ရှိနေခဲ့ပါတယ် ။ ဒီဖြစ်စဉ်ကို ရိုက်ကူးခဲ့သူကတော့ ကိုဗစ်ဖြစ်ပွားပြီး ဆေးရုံတက်ရောက် ကုသနေရတဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးရဲ့ တူဖြစ်သူလို့ သိရပြီး လက်ရှိမှာတော့ ဒီအဖြစ်အပျက်ကို ရိုက်ကူးခဲ့မှုနဲ့ ထိန်းသိမ်း ခံထားရတယ်လို့ သိရပါတယ်။

ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံ မှတ်တမ်းတွေမှာလည်း သူနာပြုတစ်ဦးဟာ ICU အ ခန်းထောင့်ကြမ်းပြင်ပေါ်မှာ ကုပ်ကုပ်လေးထိုင်နေခဲ့ပြီး ဒီအဖြစ်အပျက်တွေ သွေးပျက်နေခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မီဒီယာတချို့ရဲ့ ဖော်ပြချက်အရဆိုရင်တော့ အဆိုပါ သူနာပြုဟာလည်း အရေးပေါ် အခြေအနေမှာ အလုပ်မလုပ်ခဲ့တဲ့အတွက် ဒဏ်ရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါဟာGharbia စီရင်စုအတွင်းက Zefta အထွေထွေ ဆေးရုံကြီးမှာ လူနာတွေ အာက်ဆီဂျင် ပြတ်ပြီးနောက် ထပ်မံဖြစ်ပွား ခဲ့မှုဖြစ်ပါတယ်။ အစိုး ရ တာဝန်ရှိသူတွေအနေနဲ့ လာဘ်စားမှုတွေကို အကြီးအကျယ်ပြုလုပ်နေပြီး ပေါ့ဆခဲ့ကြတယ်လို့ စွပ်စွဲမှုတွေရှိခဲ့ကာ El Husseineya ဆေးရုံရဲ့ ညွှန်ကြားရေးမှူးကတော့ ဒါဟာ ဖြစ်တတ်တဲ့ အလေ့အထ အရဖြစ်ပွားခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။

ဒေါက်တာ Muhammad Sami Al-Najjar ကတော့ အောက်ဆီဂျင် ပြတ်တောက်မှုကြောင့် သေဆုံးခဲ့တယ် ဆိုတာကို ငြင်းဆိုခဲ့ပြီး သက်ကြီး ရွယ်အိုတွေဖြစ်မှု၊ ရောဂါအခံရှိမှု တွေကြောင့် သေဆုံးခဲ့ရတာလို့ ဖြေရှင်းခဲ့ပါတယ်။အီဂျစ်ကျန်းမာရေးဝန်ကြီး Hala Zayedကလည်း သွေးရိုးသားရိုး သေဆုံးမှုသာ ဖြစ်တယ်လို့ပြောဆို ခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *