ဘိုးဘွားမိဘတွေရဲ့ အမွေအနှစ်ဆိုတာ ရထိုက် ခံစား ထိုက်သောသူမှသာ ရရှိခံစား စံစားရတဲ့အကြောင်း သက်သေပြလိုက်တဲ့ ဖြစ်ရပ်မှန်လေးတစ်ခု

ဘိုးဘွားမိဘတွေရဲ့အမွေအနှစ် ဆိုတာ ရထိုက် ခံစား ထိုက်သော သူမှသာ ရရှိခံစား စံစားရတဲ့အကြောင်း သက်သေပြလိုက်တဲ့ ဖြစ်ရပ်မှန်လေး တစ်ခု

လွန်ခဲ့သော ၂၀၀၇ ခုက Loren Krytzer အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ကားမတော်တဆမှုကြောင့် ခြေထောက်တဖက် ဆုံးရှုံးခဲ့ရပြီး မသန်မစွမ်းဘဝဖြစ်ကာ ဒီအကြောင်းကြောင့်ပဲ လက်ရှိအလုပ် ကပြုတ်ခဲ့ရ ပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရသလို သူ့ရဲ့ ဆေးရုံ စရိတ်တွေကြောင့် သူ့မိသားစုအနေနဲ့ ထိုအချိန်က ငွေကြေးအလွန် ခက်ခဲနေခဲ့ရပါတယ်။

” ကျွန်တော့်မှာ ကလေးတွေကိုဂရုစိုက်ဖို့ ပိုက်ဆံလဲ မရှိဘူး ။ အရင်ကလဲဘာမှ မစုဆောင်းနိုင်ခဲ့သလိုအခု ကျ ဘာမှမရှိတော့ဘူး ” လို့ Loren မှ ထိုအချိန်က အဖြစ် ကို ပြန်ပြောပြခဲ့ပါတယ်။

သူဒီလိုဖြစ်ပျက်နေတဲ့ တချိန်တည်းမှာပဲ သူ့အဖွားက သေဆုံးသွားတဲ့ အတွက် အဖွားကို သူကတိပေးထားတဲ့အတိုင်း အဖွားရဲ့စာအုပ်များကို စုဆောင်းပြီးသိမ်းဆည်း ရန်အတွက် သူ့အိမ်သို့ သွားခဲ့သည်။ သူအိမ်ကိုရောက် တဲ့အချိန်မှာတော့အစ်မနှင့်အမေက အဖွားရဲ့ကျန်ရစ်တဲ့ ပစ္စည်းတွေထဲမှ ကောင်းသောအရာ တိုင်းကို အစောထဲက လုယူပြီးသားဖြစ်လို့ နေခဲ့လေသည်။

သူ့အတွက်အနေနဲ့ အဘိုးနဲ့အဖွားတို့ လက်ထက်ထဲက အသုံးပြု လာကြသည့် စောင်လေးနှစ်ထည်ကို အိတ်ထဲထည့်ပြီး သူ့ရှေ့ကို အစ်မဖြစ်သူက ပစ်ချပေးလေသည်။ စောင်နှစ်ထည်မှာ တစ်ထည်က နူးညံ့ပျော့ပျောင်းသော Hudson’s Bay အမှတ်တံဆိပ်စောင်တစ်ထည်နဲ့ နောက်တစ်ထည်က သူ့အဖွား မွေးထားသောကြောင် ပေါက်စလေးတွေ အိပ်ရန် အိပ်ယာအဖြစ်အသုံးပြုခဲ့တဲ့ စောင်ဟောင်း တစ်ထည်တို့ပဲ ဖြစ်ပါတယ်။

အဖွားရဲ့အမွေအနေနဲ့ သူ့ရဲ့မောင်နှမ မိသားစုဝင်ထဲ က ဘယ်သူတစ်ဦးတစ်ယောက်ကမှ မလိုချင်ကြတဲ့ စောင် အဟောင်းနှစ်ထည်ကို အမွေအဖြစ်နဲ့ သူ ဆက်ခံရရှိခဲ့ ပါတယ်။ “ဒီလောက် ညစ်ပတ်ပေရေပြီး ဟောင်းနွမ်းနေတဲ့စောင် ကို ငါတော့မလိုချင်ဘူး” လို့ အစ်မနဲ့မိခင်ဖြစ်သူတို့ရဲ့ ပြောခဲ့တဲ့စကားကို သူ သတိရပြီး ပြောပြပါတယ်။

ဒီလိုပဲ အဆင်မပြေတဲ့ ကာလတွေကို ဖြတ်သန်းလာ ရင်း သူ့ရဲ့ခလေးတွေကိုလည်း Louisiana ပြည်နယ်ရှိ အဘိုး အဘွားများနှင့်အတူ နေထိုင်ရန် စေလွှတ်ခဲ့သည်။ မသန်မစွမ်းဖြစ်ပြီး နောက်ဆုံးတွင် ဇနီးဖြစ်သူ Lisa နဲ့အတူ ကာလီဖိုးနီးယားပြည်နယ်၊ Palmdale အနီးရှိ မိတ်ဆွေတစ်ဦးရဲ့ အိမ်ငယ်လေးတစ်လုံးသို့ သူတို့ ပြောင်းရွှေ့နေထိုင်ကြရန် ဆုံးဖြတ်ခဲ့ပြီး ငှါးရမ်းခကိုလဲ ဒေါ်လာ ၇၀၀ အထိ လျှော့ချပေးခဲ့လို့ သူတို့လင်မယား အတွက် ဒေါ်လာ ၂၀၀ ခန့် လက်ကျန်ရှိ ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ Loren ဟာ Antiques Roadshow လို့ အမည်ရတဲ့ ရုပ်သံအစီအစဉ် ပြပွဲတစ်ခု ရဲ့ အပိုင်းတွဲကို ကြည့်ရှုနေခဲ့ပါတယ် ။ ဒီအစီအစဉ်မှာ အမျိုးမျိုးသော ရှေးဟောင်းပစ္စည်းတွေကို အများအပြားပြသသွားတာကို စိတ်ဝင်စားမှုသိပ်မပါပဲ သူထိုင်ကြည့်နေခဲ့ပေမယ့် အာ့ဒီပစ္စည်းတွေအများကြီးထဲမှ တစ်ခုသောအရာက သူ့ကို လုံးဝရှော့ရသွားစေတဲ့ အထိ ဆွဲဆောင် လိုက်ပါတော့တယ်။

ထိုအရာဝတ္ထုတစ်ခုကတော့… သူ့အဖွားဖြစ်သူရဲ့အမွေ အဖြစ်ရရှိခဲ့တဲ့…ဘယ်သူမှ မလိုချင်ကြတဲ့ ညစ်ပက်နေတဲ့ စောင်တစ်ထည်ဟာ ရက်အင်ဒီယန်း လူမျိုး တွေရဲ့ မူလ ပထမ လက်ရာ Navajo လို့ခေါ်တဲ့ ရှားပါး စောင်တစ်ထည်ဖြစ်ပြီး ဒီစောင်တစ်ထည်ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၅ သိန်းခန့်တန်ဖိုးရှိကြောင်း ဖော်ပြသွားတာကို မြင်တွေ့လိုက်ရတဲ့အတွက် သူအရမ်းတုန်လှုပ်သွားခဲ့ရပါတယ်။ ထိုအစီအစဉ်မှာ အကဲဖြတ်သူရဲ့အဆိုအရ ဒီလိုအထည် အလိပ်တွေဟာ ထိုခေတ်ထိုအချိန်ကာလမှာထဲက အလွန် ကို တန်ဖိုးကြီးခဲ့တဲ့ အနေအထားမှာ ရှိကြောင်း ပြောဆိုခဲ့ပါသေးတယ်။

အာ့ဒါနဲ့ သူလည်း “ငါ TV အစီအစဉ်ကြည့်တာ ခဏရပ်လိုက်တယ်။ ပြီးတော့ စောင်ကိုသွားယူပြီး သေချာကြည့်တယ်။ တီဗွီ ထဲက စောင်မှာပါတဲ့အစင်းကြောင်းတွေနဲ့ ငါ့ စောင်မှာပါ တဲ့အစင်းတွေနဲ့ တူနေတာ သေချာလားဆိုပြီးစစ်ဆေးခဲ့တယ်။ အစင်းတွေ ကိုက်ညီမှုရှိ မရှိကြည့်တယ်” လို့ Loren ပြန်ပြော ပြသည်။

ဒီလိုစစ်ဆေးပြီးတာနဲ့ TV မှာပါတဲ့စောင်နဲ့ သူ့စောင်ဟာ အကုန်လုံးနီးပါး တူညီနေကြောင်း သူ သေချာသဘော ပေါက်လိုက်ပါတော့တယ်။ Krytzer သည် မိခင်ဖြစ်သူရဲ့ အိမ်ကိုသွားရောက်ခဲ့ပြီး သူ့အမေအား ထိုဗီဒီယို ကို ပြသခဲ့ပါသေးသည်။ထိုအခါ မိခင်ဖြစ်သူက “အင်း ဟုတ်ပါတယ်… ကောင်းတယ်။ ဒါပေမယ့် ဘယ်သူမှ မင်းကို ဒီဟာအတွက်နဲ့ ၁၀ ဒေါ်လာတောင် ပေးမှာမဟုတ်ဘူး”လို့ ပြန်ပြောခဲ့ပါတယ်တဲ့။

ပထမဆုံးရှေးဟောင်းပစ္စည်း ရောင်းဝယ်ဖေါက်ကားသူ ကုန်သည်များကို ဆက်သွယ်ရန် Krytzer အနေနဲ့က အလှမ်းဝေးခဲ့သည်။ ဒါနဲ့ Onlineမှာ ရှာဖွေရင်းနဲ့ စိတ် ပျက်စရာလူတွေနဲ့လည်း ကြုံတွေ့ခဲ့လာရပြီး သူ့ရဲ့နောက်ဆုံး ကြိုးစားတဲ့အနေနဲ့ ဌာနေ အမေရိကန် တိုင်းရင်းသားများရဲ့ ရှေးဟောင်းပစ္စည်းများကို ရောင်းဝယ်ရာတွင် နာမည်ကြီးသော ဒေသခံ မိသားစုပိုင် လေလံကုမ္ပဏီဖြစ်သည့် John Moran Auctioneers သို့ ဆက်သွယ်ခဲ့သည်။

အဆက်သွယ်ရပြီးနောက် Krytzer သည် မိနစ် ၃၀ကြာ ကားမောင်းပြီး လေလံတင်ရောင်းချခဲ့သည့် အကြီးဆုံး ဈေးတစ်ခု ဖြစ်သည့် Moran ကုမ္ပဏီ၏ပိုင်ရှင်ဖြစ်သူ Jeff Moran ရှေ့တွင်သူ့စောင်ကိုချထားလိုက်သည်။ စောင်နဲ့ပတ်သတ်တဲ့ ပိုင်ဆိုင်သူသမိုင်းကြောင်းကို မေးရာတွင် Krytzer ကဒီစောင်ဟာ သူ့အဖိုးရဲ့အဘိုးဖြစ်သူ (great-great grandfather )Dakota မှ ကုန်သည်ကြီး John Chantland,ဆိုသူ လက်ထက် ၁၈၀၀ ခုနှစ်ခန့်မှ ပိုင်ဆိုင်လာခဲ့သော စောင်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

Moran သည် စောင်ကို အထပ်ထပ် စစ်ဆေးစမ်းသပ် ခဲ့သလို လေ့လာအကဲဖြတ်သူ တစ်ဦးဖြစ်ပြီး အထူးကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်သော Joshua Baer ကဒီစောင်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် အရှားပါးဆုံးဖြစ်သော နယ်ဗာဟိုဒေသ အကြီးအကဲ၏ စောင်များထဲမှ တစ်ခုဖြစ်သည်ဟု အတည်ပြုပြောကြား ခဲ့သည်။

လေလံတင်မှုကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ အင်္ဂါနေ့ တွင်ပြုလုပ်ခဲ့သည် ။ Moran သည် Krytzer ၏မျှော်လင့် ချက်ကို Krytzer ရဲ့ဇနီးဖြစ်သော Lisa နှင့်အတူ လေလံခန်းမသို့ လာရောက်နားထောင်သည်။

လေလံပွဲသည် ၇၇ စက္ကန့်သာကြာမြင့်ခဲ့လေသည်။Krytzer ၏စောင်ကို တင်ဒါဈေးနှုန်းဒေါ်လာ ၁၅၀,၀၀၀ ဖြင့် စတင်ခဲ့ပြီး ထိုမှတဆင့် ဒေါ်လာ ၅၀၀,၀၀၀။ ထို့နောက်မှာ ၁ သန်းအထိမြင့်တက်ကာ နောက်ဆုံး လေလံအတွက် ဒေါ်လာ ၁.၅ သန်းဖြင့် လေလံ အောင်မြင် ခဲ့ပါတော့သည်။ အခွန်အခကြေးငွေများရှင်းအပြီးတွင် Krytzer ဟာ စောင်တစ်ထည်အတွက် ဒေါ်လာ ၁.၃ သန်းရရှိခဲ့ပါ သည်။

ဒီနောက်မှာတော့ ခြေထောက်ကျိုးပြီး အလုပ်မရှိ အလုပ် လက်မဲ့ဖြစ်ခဲ့ရသလို သူ့ခလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အတွက်အပါအဝင် ငွေကြေး လိုအပ် နေမှုတွေကြောင့် စိတ်ဓါတ်တွေ ကျနေတဲ့ Loren Krytzer ဟာ ကယ်လီဖိုးနီးယားရှိ လေလံပွဲခန်းမထဲကို သန်းကြွယ်သူဌေး တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။

ညစ်ပက်ပေရေနေလို့ သူ့မိသားစုက ဘယ်သူတစ်ဦး တစ်ယောက်ကမှ မလိုချင်ခဲ့ကြတဲ့Navajo Blanket လို့ခေါ်သော ၁၈၀၀ ပြည့်နှစ်များကာလတုန်းက ရက်လုပ်ထားခဲ့သော စောင်လေးတစ်ထည်က Loren တို့မိသားစုရဲ့ ဒုက္ခအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒေါ်လာ ၁ . ၅ သန်း အထိ ရရှိစေခဲ့ပါတော့တယ်။

Krytzer သည် စတော့ရှယ်ယာများနှင့် အချို့ကို ငွေချေးစာချုပ်များအပါ အဝင် အိမ်နှစ်လုံး ဝယ်ယူ ရင်းနှီးမြှုပ်နှံ ခဲ့သည် ။ ဇနီးဖြစ်သူ Lisa နှင့် အတူ နေထိုင်ကြသော အိမ်တစ်အိမ်အပြင် ရေကန်နှင့်ရှုခင်းများ ပါဝင်သော ဒုတိယ အိမ်တစ်လုံးကိုလည်း ပိုင်ဆိုင်ခဲ့လေသည်။ ထို့နောက် Krytzer သည် ဇနီးနှင့် သမီးသုံးယောက်တို့ နှင့်အတူ ပျားရည်ဆမ်းခရီး မတိုင်မီ မက္ကဆီကိုသို့ အပျော်စီး သင်္ဘောဖြင့် လည်ပတ်သွားရောက်ခဲ့ကြလေ တော့သည်။

ဒီတော့ ဘိုးဘွားမိဘတွေရဲ့ အမွေအနှစ် ဆိုတာ… “ရထိုက် ခံစား ထိုက်သော သူ” မှသာ ခံစား စံစားရ တယ် ဆိုပေမယ့်လည်း အဓိကအရေးကြီးတာက မိမိကိုယ်တိုင် စိတ်ထားကောင်းဖို့ဟာလည်း ပိုပြီး အရေးကြီးတယ်လို့လည်း ပြောချင်ပါတယ်။ Crd to Oraginal

Add a Comment

Your email address will not be published. Required fields are marked *