အန္တာတိကတိုက်ရှိ ရေခဲများ အရည်ပျော်ပြီးနောက် ဂူဂဲလ်မြေပုံတွင်ထူးဆန်းသော အရိုးစုပေါ်လာသည်ကို တွေ့ရ

အန္တာတိကတိုက်ရှိ ရေခဲများ အရည်ပျော်ပြီးနောက် ဂူဂဲလ်မြေပုံတွင် ထူးဆန်း သော အရိုးစုပေါ်လာသည်ကို တွေ့ရ

ပူးပေါင်းကြံစည်မှု သဘောတရားရေးရာ စိတ်ဝင်စားသူတစ်ဦးက Google Earth တွင် ” လျှို့ဝှက်ဆန်းကြယ်သော ” သတ္တဝါ၏ အရိုးစုကို တွေ့ပြီဟု ဆိုသည်။

ယခုအပတ် ယူကျုတွင် တင်ထားသော ထူးထူး ဆန်းဆန်း ဗီဒီယို တစ်ခုတွင် YouTuber MrMBB333 က အန္တာတိကတိုက်တွင် တွေ့ရသည့် ရုပ်ကြွင်းသည် သမိုင်းမတင်မီ ခေတ်က သားရဲတိရစ္ဆာန်နှင့် သက်ဆိုင်နိုင်သည်ဟု ပြောကြားခဲ့သည်။

အန္တာတိက ကမ်းရိုးတန်းမှ မိုင် ၅၀ ခန့် အကွာတွင် ရှိနေသည့် အရိုးစုရှာ ဖွေတွေ့ရှိမှုကို MrMBB333 က အင်္ဂါနေ့ ကတည်းက ဗီဒီယိုဖိုင် အဖြစ် တင်ဆက်ခဲ့ရာ ကြည့်ရှုသူ ၄၀,၀၀၀ ကျော် ရှိလာခဲ့သည်။ ကြီးမားသော အ ရိုးစုသည် အကြွင်းအကျန်သည် ၁၂ မှ ပေ ၂၀ရှိမည်ဟု ခန့်မှန်းထားသည် ။

” ဒါဟာ နဂို အတိုင်းပါပဲ။ မကြာသေးမီက ရေခဲတွေ အရည်ပျော် သွားပြီး နောက် ပေါ်လာပါ။ နှစ်ထောင်နဲ့ချီ အေးခဲနေခဲ့တဲ့ အရိုးလာ ဒါမှမဟုတ် အခုခေတ်ရောက်မှ သေဆုံးသွား အကောင်တစ်ကောင်ကောင်လား ဆိုတာတော့ ငါမသိဘူး။ ဆန်းတော့ ဆန်းတယ်’ဟု ဆိုခဲ့သည်။

မှတ်ချက်ပေးသူ အများစုက အရိုးပုံစံက ပင်လယ်ဖျံ ဖြစ်နိုင်ကြောင်း၊ ဂူဂဲလ်တွင် တွေ့ရသည့် အခြား ဖျံအရိုးစုများနှင့် တူနေကြောာင်း ဆိုသည်။ သို့သော် တစ်ဦးကမူ ” ဖျံမှာ ခြေထောက် မရှိကြပါဘူး ” ဟုရေးခဲ့သလို ကျန်တစ်ဦးကလည်း “ ဒါဟာ မိကျောင်းအရိုးစုနဲ့ တူတယ်” ဟု ဆိုသည်။ မည်သို့ပင် ဖြစ်စေ ယခုအချိန်အထိ တိတိကျကျ ပြောနိုင်သူ မပေါ်သေးသည့် ထူးဆန်းသော အရိုးစု ဖြစ်နေသည်။ Ref; The Sun

Add a Comment

Your email address will not be published. Required fields are marked *