ပ်က္က်သြားသည့္ အင္ဒိုနီးရွားေလယာဥ္မွ အေလာင္းအစအနမ်ားႏွင့္ အပ်က္အစီး အစိတ္အပိုင္းမ်ားကို ဆယ္ယူေန

ပ်က္က်သြားသည့္ အင္ဒိုနီးရွားေလယာဥ္မွ အေလာင္းအစအနမ်ားႏွင့္ အပ်က္အစီး အစိတ္အပိုင္းမ်ားကို ဆယ္ယူေန

လူ ၆၂ ဦး လိုက္ပါသြားၿပီး အင္ဒိုနီးရွားနိုင္ငံ ၊ ဂ်ကာတာၿမိဳ့မွ ပ်ံသန္းထြက္ခြာသြားသည့္ Sriwijaya Air ေလယာဥ္ ပ်က္က်သြားခဲ့ရာ ဂ်ာဗားပင္ လယ္ျပင္မွ အေလာင္း အစအနမ်ား၊ အဝတ္အစားမ်ားႏွင့္ အပ်က္အစီးအစိတ္ အပိုင္းမ်ားကို ယေန႔ ဇန္နဝါရီလ ၁၀ နံနက္အေစာပိုင္းတြင္ ရွာေဖြေတြ႕ရွိကာ ဆယ္ယူေနၾကၿပီျဖစ္ေၾကာင္း အင္ဒိုနီးရွား အာဏာပိုင္မ်ားက ဆိုသည္။

အသံလွိုင္းေျခရာခံ ရွာေဖြေရးကိရိယာက ေလယာဥ္နစ္ျမဳပ္ေနသည့္ ေနရာဟု ယူဆရသည့္ တည္ေနရာကို ရွာေတြ႕ထားၿပီး ကယ္ဆယ္ရွာေဖြမွု မ်ားျဖန႔္ၾကက္ေနၾကၿပီဟု သယ္ယူပို့ေဆာင္ေရးဝန္ႀကီး ဘူဒီကာယာဆူမာဒီက ေျပာၾကားခဲ့သည္။ လန္ကန္ကၽြန္းႏွင့္ လာကီကၽြန္းၾကားတြင္ အဆိုပါ အစိတ္အပိုင္းမ်ားကို ေတြ႕ရွိဆယ္ယူေန ၾကျခင္းျဖစ္ေၾကာင္း အမ်ိဳးသား ကယ္ဆယ္ ရွာေဖြေရးအဖြဲ႕က ဆိုသည္။

အင္ဒိုနီးရွားေရတပ္ သေဘၤာက ေရငုပ္တပ္ဖြဲ႕ဝင္မ်ားကလည္း ေလယာဥ္ရွိရာ ဟု ယူဆရသည့္ ေနရာမ်ားတြင္ ရွာေဖြဆယ္ယူေရးအတြက္ ႀကိဳးပမ္းေနၾကေၾကာင္း အင္ဒိုနီးရွား ေလတပ္အႀကီးအကဲ ဟာဒီဂ်ာဂ်န္တိုက ဆိုသည္။

ေလယာဥ္ႏွင့္ အဆက္အသြယ္ ျပတ္သြားခ်ိန္က စတင္ကာ ၁၂ နာရီ ေက်ာ္ၾကာျမင့္ေနခဲ့ၿပီျဖစ္ၿပီး ပ်က္က်ရသည့္ အေၾကာင္းရင္းကို မသိရွိၾကေသးေပ။ ဂ်ကာတာ ကမ္းရိုးတန္းေျမာက္ပိုင္း ကၽြန္းေဒသခံ ငါးဖမ္းသမားမ်ားကမူ မေန႔ က ေန႔လယ္ ၂ နာရီခြဲ အခ်ိန္တြင္ ေပါက္ကြဲသံႀကီး တစ္ခု ႀကားလိုက္ရေၾကာင္း ေျပာေနၾကသည္။

ေပါက္ကြဲသံႀကီး ႀကားလိုက္ရၿပီး ေရျပင္ကေန ႐ုတ္တရက္ လွိုင္းႀကီးထလာသည္ကို ၿမင္ေတြ႕လိုက္ရသျဖင့္ ဗုံး သို့မဟုတ္ ဆူနာမီ ဟု ထင္ခဲ့ၾကေသးေၾကာင္း ငါးဖမ္းသမား ဆိုလီဟင္က ဆိုသည္။

မိုးမ်ားသည္းထန္ေနၿပီး ရာသီဥတုကလည္း ဆိုးေနသျဖင့္ ပတ္ဝန္းက်င္ကိုရွင္းရွင္းလင္းလင္း မျမင္ရေသာ္လည္း အသံက်ယ္ႀကီး ႀကားလိုက္ၿပီးေနာက္ ေရပြက္ထသြားကာ ေရလွိုင္းပုတ္လာခဲ့ေၾကာင္း၊ အလြန္ထိတ္ လန႔္သြားခဲ့ၾကၿပီး လွမ္းေမၽွာ္ၾကည့္လိုက္ရာ ေလယာဥ္ အစိတ္အပိုင္းကို ေတြ႕ရသည့္အျပင္ ငါးဖမ္း ေလွပတ္လည္တြင္လည္း ဆီမ်ားလာေဝ့ေနသည္ကို ေတြ႕ခဲ့ၾကေၾကာင္း ဆိုလီဟင္က ဆိုသည္။

ေလယာဥ္ေပၚတြင္ ကေလး ၁၀ ဦးအပါအဝင္ ခရီးသည္ ၅၆ ဦး၊ ေလယဥ္ မွူး ႏွစ္ဦးႏွင့္ ေလယာဥ္အမွုထမ္း ေလးဦးတို့ လိုက္ပါသြားခဲ့ျခင္းျဖစ္ၿပီး အားလုံးမွာ အင္ဒိုနီးရွား နိုင္ငံသားမ်ား ျဖစ္ၾကသည္။ ေလယာဥ္ပ်က္က်မွု အတြက္ အာဏာပိုင္မ်ားက ေလဆိပ္ႏွင့္ ဆိပ္ကမ္းတြင္ ကပ္ေဘးစင္တာ ႏွစ္ခုဖြင့္ ေပးထားၿပီး ေလယာဥ္ေပၚပါသြားသူမ်ား၏ မိသားစုဝင္မ်ား စု႐ုံးေရာက္ရွိေနကာ သတင္းနားစြင့္ ေနၾကေၾကာင္း သိရသည္။ Source ; Pyi Myanmar

Unicode …ပျက်ကျသွားသည့် အင်ဒိုနီးရှားလေယာဉ်မှ အလောင်းအစအနများနှင့် အပျက်အစီး အစိတ်အပိုင်းများကို ဆယ်ယူနေ

လူ ၆၂ ဦး လိုက်ပါသွားပြီး အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာမြို့မှ ပျံသန်းထွက်ခွာသွားသည့် Sriwijaya Air လေယာဉ် ပျက်ကျသွားခဲ့ရာ ဂျာဗားပင် လယ်ပြင်မှ အလောင်း အစအနများ၊ အဝတ်အစားများနှင့် အပျက်အစီးအစိတ် အပိုင်းများကို ယနေ့ ဇန်နဝါရီလ ၁၀ နံနက်အစောပိုင်းတွင် ရှာဖွေတွေ့ရှိကာ ဆယ်ယူနေကြပြီဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ဆိုသည်။

အသံလှိုင်းခြေရာခံ ရှာဖွေရေးကိရိယာက လေယာဉ်နစ်မြုပ်နေသည့် နေရာဟု ယူဆရသည့် တည်နေရာကို ရှာတွေ့ထားပြီး ကယ်ဆယ်ရှာဖွေမှု များဖြန့်ကြက်နေကြပြီဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ဘူဒီကာယာဆူမာဒီက ပြောကြားခဲ့သည်။ လန်ကန်ကျွန်းနှင့် လာကီကျွန်းကြားတွင် အဆိုပါ အစိတ်အပိုင်းများကို တွေ့ရှိဆယ်ယူနေ ကြခြင်းဖြစ်ကြောင်း အမျိုးသား ကယ်ဆယ် ရှာဖွေရေးအဖွဲ့က ဆိုသည်။

အင်ဒိုနီးရှားရေတပ် သင်္ဘောက ရေငုပ်တပ်ဖွဲ့ဝင်များကလည်း လေယာဉ်ရှိရာ ဟု ယူဆရသည့် နေရာများတွင် ရှာဖွေဆယ်ယူရေးအတွက် ကြိုးပမ်းနေကြကြောင်း အင်ဒိုနီးရှား လေတပ်အကြီးအကဲ ဟာဒီဂျာဂျန်တိုက ဆိုသည်။

လေယာဉ်နှင့် အဆက်အသွယ် ပြတ်သွားချိန်က စတင်ကာ ၁၂ နာရီ ကျော်ကြာမြင့်နေခဲ့ပြီဖြစ်ပြီး ပျက်ကျရသည့် အကြောင်းရင်းကို မသိရှိကြသေးပေ။ ဂျကာတာ ကမ်းရိုးတန်းမြောက်ပိုင်း ကျွန်းဒေသခံ ငါးဖမ်းသမားများကမူ မနေ့ က နေ့လယ် ၂ နာရီခွဲ အချိန်တွင် ပေါက်ကွဲသံကြီး တစ်ခု ကြားလိုက်ရကြောင်း ပြောနေကြသည်။

ပေါက်ကွဲသံကြီး ကြားလိုက်ရပြီး ရေပြင်ကနေ ရုတ်တရက် လှိုင်းကြီးထလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ဗုံး သို့မဟုတ် ဆူနာမီ ဟု ထင်ခဲ့ကြသေးကြောင်း ငါးဖမ်းသမား ဆိုလီဟင်က ဆိုသည်။

မိုးများသည်းထန်နေပြီး ရာသီဥတုကလည်း ဆိုးနေသဖြင့် ပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အသံကျယ်ကြီး ကြားလိုက်ပြီးနောက် ရေပွက်ထသွားကာ ရေလှိုင်းပုတ်လာခဲ့ကြောင်း၊ အလွန်ထိတ် လန့်သွားခဲ့ကြပြီး လှမ်းမျှော်ကြည့်လိုက်ရာ လေယာဉ် အစိတ်အပိုင်းကို တွေ့ရသည့်အပြင် ငါးဖမ်း လှေပတ်လည်တွင်လည်း ဆီများလာဝေ့နေသည်ကို တွေ့ခဲ့ကြကြောင်း ဆိုလီဟင်က ဆိုသည်။

လေယာဉ်ပေါ်တွင် ကလေး ၁၀ ဦးအပါအဝင် ခရီးသည် ၅၆ ဦး၊ လေယဉ် မှူး နှစ်ဦးနှင့် လေယာဉ်အမှုထမ်း လေးဦးတို့ လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး အားလုံးမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ကြသည်။ လေယာဉ်ပျက်ကျမှု အတွက် အာဏာပိုင်များက လေဆိပ်နှင့် ဆိပ်ကမ်းတွင် ကပ်ဘေးစင်တာ နှစ်ခုဖွင့် ပေးထားပြီး လေယာဉ်ပေါ်ပါသွားသူများ၏ မိသားစုဝင်များ စုရုံးရောက်ရှိနေကာ သတင်းနားစွင့် နေကြကြောင်း သိရသည်။ Source ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *