နှစ်စဉ်ကျင်းပနေကြဖြစ်သော ဂျပန်ရိုးရာရေခဲရေချိုးပွဲတွင် ကူးစက်ရောဂါ ပပျောက်ရေးအတွက် ဆုတောင်းပဌနာပြုခဲ့ကြ
|နှစ်စဉ်ကျင်းပနေကြဖြစ်သော ဂျပန်ရိုးရာ ရေခဲရေချိုးပွဲတွင် ကူးစက်ရောဂါ ပပျောက်ရေးအတွက် ဆုတောင်းပဌနာပြုခဲ့ကြ
ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ရှင်တို ဘုရေးကျောင်းတွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးများနှင့် အမျိုးသားများသည် စိတ်ဝိညာဉ် သန့်ရှင်းစေရန် အတွက် ရိုးရာဓလေ့ ထုံးတမ်းအတိုင်း ရေခဲရေချိုးကန်ထဲ ရေဝင် မချိုးမီ ကပ်ရောဂါ အဆုံးသတ်စေရန် ဆုတောင်းခဲ့ကြသည်ဟု သိရသည်။
၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက လူ ၁၀၀ ကျော် တက်ရောက် ရေချိုးခဲ့ပြီး ယခုနှစ်တွင် ကျန်းမာရေး အကျပ် အတည်းကြောင့် လူတစ်ဒါဇင်ခန့်သာ တက်ရောက် ခဲ့ကြသည်။
အမျိုးသား ၉ ဦး နှင့်အမျိုးသမီး သုံးဦးသည် သွေးပူ လေ့ကျင့်ခန်းများ ပြုလုပ်ပြီနောက် ကြည်လင်သော ကောင်းကင်းကို မော့ကာ ဆုတောင်းခဲ့ကြသည်။ ထို့နောက် အပူချိန် ၅.၁ ဒီဂရီဆဲလ်စီယပ်စ် (၄၁.၁၈ ဖာရင်ဟိုက်) ရှိနေသော ရေအေးများနှင့် ရေခဲတုံးများ ပြည့်နှက်နေသော ရေချိုးကန်ထဲသို့ ဆင်းသွား ခဲ့ကြသည်။
ဘာသာရေး ထုံးတမ် အစဉ်အရ ရေခဲရေချိုးခြင်း ပြီးစီးချိန်တွင် ဘုန်းတော်ကြီးကျောင်း၏ ‘ယာယိုအိခိုင်း’ အသင်းတော်ကို ဦးဆောင်နေသည့် အသက် ၆၅ နှစ်အရွယ် ပါဝင်သူ ရှင်ကျအိုအူအိက ကိုရိုနာဗိုင်းရပ်စ် အမြန်ဆုံးအ ဆုံးသတ်နိုင်ရန် ဆုတောင်းခဲ့သည်ဟု ဆိုသည်။
ဂျပန်နိုင်ငံတွင် ကူးစက်မှုများ မြင့်တက်လာ၍ အရေးတကြီး ထိန်းချုပ်ရန် ရုန်းကန် နေရသည်။ ကြာသပတေးနေ့က တိုကျိုနှင့် အိမ်နီးချင်း စီရင်စု သုံးခု အတွက် အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ ရှင်တို ရိုးရာ ဓလေ့တွင် ပါဝင်သူ နည်းပါးသောကြောင့် ရေသည် အအေးလွန် ကဲစေသည်ဟု ရေချိုးခဲ့သူများအနက်မှ နာအိုအာကိယာမာဂူချီက အသက် ၄၇ နှစ်က ဆိုသည်။
” ပုံမှန်အားဖြင့် ပါဝင်ရေချိုးသူတွေ များတတ်လို့ ရေကို နည်းနည်း ပိုပူစေတာပေါ့။ ဒါပေမယ့် ဒီမှာ လူ ၁၂ ယောက်ပဲ ရှိတယ်။ ဒါကြောင့် အေးချက် က ရူးလောက်အောင်ပဲ ”ဟု သူက ပြောကြားခဲ့သည်။ Crd ; မင်းသုတဟန် / Ref ; Reuters