ပူပူေႏြးေႏြးအစားအေသာက္မ်ားကို ေရကူးရင္းစားသုံးနိုင္မည့္ ဟန္က်ိဳးၿမိဳ့မွ ေဟာ့ေပါ့ေရကူးကန္
|ပူပူေႏြးေႏြး အစားအေသာက္မ်ားကို ေရကူးရင္းစားသုံးနိုင္မည့္ ဟန္က်ိဳးၿမိဳ့မွ ေဟာ့ေပါ့ေရကူးကန္
ႏွစ္သစ္ကူးပြဲေတာ္ (Lunar New Year) အႀကိဳအျဖစ္ တ႐ုတ္နိုင္ငံ ၊ ဟန္က်ိဳးၿမိဳ့ရွိ ေဟာ္တယ္တစ္ခုတြင္ အစားအေသာက္မ်ားထဲ ေရကူးနိုင္မည့္အျပင္ အဆိုပါ အစားအေသာက္မ်ားကို စားသုံးနိုင္မည့္ (Spicy Hot – Pot Spring – ပူပူစပ္စပ္ ေဟာ့ေပါ့ေရပူစမ္း) ကို မိတ္ဆက္ခဲ့သည္။
အဆိုပါ ေရပူစမ္း ( ေရကူးကန္) သည္ အကန႔္ကိုးကန႔္ ပါဝင္ၿပီး အကန႔္တစ္ခုခ်င္းစီတြင္ မတူညီေသာ အစား အေသာက္မ်ား ( ဥပမာ – အသား ၊ အသီ အရြက္) တို့ကို ေရေႏြးေႏြးတြင္ စိမ္ထားသည္။ ကန္၏ေဘးဘက္တြင္ ေဟာ့ေပါ့အိုးမ်ားကို ခ်ေပးထားၿပီး မတူညီေသာ အရသာရည္မ်ားကိုအိုးထဲတြင္ ထည့္သြင္း ေပးထားသည္။ ဧည့္သည္မ်ားအေနျဖင့္ အစားအေသာက္မ်ားေမ်ာေနေသာ ကန္ထဲတြင္ ဝင္စိမ္ၿပီး စားလိုရာ အစားအေသာက္တို့ကို ေဟာ့ေပါ့အိုးထဲ ထည့္လိုက္႐ုံသာ ျဖစ္သည္။
ထို့ျပင္ အသားငါး မစားလိုသူမ်ားအတြက္ ႏွင့္ အခ်ိဳတည္း လိုသူမ်ားအတြက္လည္း Fresh Fruit Pool မ်ားကိုလည္း စီစဥ္ထားသည္။ ေဟာ့ ေပါ့ကန္ႏွင့္ မတူသည္မွာ အဆိုပါကန္ မ်ားထဲတြင္ လတ္ဆတ္ေသာ အသီးအႏွံမ်ားကို စိမ္ထားျခင္း ျဖစ္သည္။
ေရေႏြးေႏြးျဖင့္ အစားအေသာက္မ်ားကို စိမ္ရသည့္အတြက္ အဆိုပါ ေရမ်ားမွာ အေႏြးဓာတ္ တစ္ခုေတာ့ လိုအပ္မည္ျဖစ္သည္။ ေကာင္းမြန္ေသာ ေရသြင္းေရလွယ္ စနစ္တစ္ခုရွိဖို့ေတာ့ ေမၽွာ္လင့္ရမည္ျဖစ္သည္။ source ; CNN
Unicode … ပူပူနွေးနွေး အစားအသောက်များကို ရေကူးရင်းစားသုံးနိုင်မည့် ဟန်ကျိုးမြို့မှ ဟော့ပေါ့ရေကူးကန်
နှစ်သစ်ကူးပွဲတော် (Lunar New Year) အကြိုအဖြစ် တရုတ်နိုင်ငံ ၊ ဟန်ကျိုးမြို့ရှိ ဟော်တယ်တစ်ခုတွင် အစားအသောက်များထဲ ရေကူးနိုင်မည့်အပြင် အဆိုပါ အစားအသောက်များကို စားသုံးနိုင်မည့် (Spicy Hot – Pot Spring – ပူပူစပ်စပ် ဟော့ပေါ့ရေပူစမ်း) ကို မိတ်ဆက်ခဲ့သည်။
အဆိုပါ ရေပူစမ်း ( ရေကူးကန်) သည် အကန့်ကိုးကန့် ပါဝင်ပြီး အကန့်တစ်ခုချင်းစီတွင် မတူညီသော အစား အသောက်များ ( ဥပမာ – အသား ၊ အသီ အရွက်) တို့ကို ရေနွေးနွေးတွင် စိမ်ထားသည်။ ကန်၏ဘေးဘက်တွင် ဟော့ပေါ့အိုးများကို ချပေးထားပြီး မတူညီသော အရသာရည်များကိုအိုးထဲတွင် ထည့်သွင်း ပေးထားသည်။ ဧည့်သည်များအနေဖြင့် အစားအသောက်များမျောနေသော ကန်ထဲတွင် ဝင်စိမ်ပြီး စားလိုရာ အစားအသောက်တို့ကို ဟော့ပေါ့အိုးထဲ ထည့်လိုက်ရုံသာ ဖြစ်သည်။
ထို့ပြင် အသားငါး မစားလိုသူများအတွက် နှင့် အချိုတည်း လိုသူများအတွက်လည်း Fresh Fruit Pool များကိုလည်း စီစဉ်ထားသည်။ ဟော့ ပေါ့ကန်နှင့် မတူသည်မှာ အဆိုပါကန် များထဲတွင် လတ်ဆတ်သော အသီးအနှံများကို စိမ်ထားခြင်း ဖြစ်သည်။
ရေနွေးနွေးဖြင့် အစားအသောက်များကို စိမ်ရသည့်အတွက် အဆိုပါ ရေများမှာ အနွေးဓာတ် တစ်ခုတော့ လိုအပ်မည်ဖြစ်သည်။ ကောင်းမွန်သော ရေသွင်းရေလှယ် စနစ်တစ်ခုရှိဖို့တော့ မျှော်လင့်ရမည်ဖြစ်သည်။ source ; CNN