ရန်ကုန်ရှိကိုဗစ်ကုသရေး စင်တာခုနစ်ခုကို ပိတ်သိမ်းလိုက်ပြီ … ကိုဗစ်တတိယလှိုင်းမဖြစ်ရေးသည် တိုင်းပြည်အတွက်အသက်တမျှ အရေးကြီးဟု ဒေါက်တာဇော်ဝေစိုးပြော
|ရန်ကုန်ရှိကိုဗစ်ကုသရေး စင်တာခုနစ်ခုကို ပိတ်သိမ်းလိုက်ပြီ … ကိုဗစ်တတိယလှိုင်းမဖြစ်ရေးသည် တိုင်းပြည်အတွက်အသက်တမျှအရေးကြီးဟု ဒေါက်တာဇော်ဝေစိုးပြော
ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ ၁၅ခုအနက် ခုနစ်ခုအထိလျှော့ချလိုက်ကြောင်း ရန်ကုန်တိုင်း COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုဥက္ကဋ္ဌပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ယမန်နေ့တွင် ပြောသည်။
လက်ရှိကျန်ရှိနေသော ကုသရေးစင်တာများအနက် ဖောင်ကြီး၊ ရိုးမ၊ အောင်မြင့်မိုရ်၊ ဧရာဝတီ၊ Fortune ပလာဇာနှင့်သံဃာတော်များ ကုသရေးစင်တာများတွင် လူနာ ၁,၇၃၀ ဦးရှိကာအစိုးရနှင့် ပုဂ္ဂလိကဆေးရုံများ၌ လူနာ ၅၁၀ ဦးရှိသည်ဟုဆိုသည်။
” ဒီကနေ့ (ဇန်နဝါရီ ၁၂ ရက်) Positive ထွက်တာဆိုရင် ၁၈၇ ယောက်ဖြစ်ပါတယ်။ မနေ့ က ၁၆၈ဖြစ်တဲ့အတွက် ၂၀၀ အောက်ကို ရောက်နေတာဖြစ်ပါ တယ်။ ရန်ကုန်ဟာ ၂၀၀အောက် ကိုရောက်နေတာ တစ်ပတ် လောက်ရှိပါပြီ။ ဆေးရုံတွေမှာ တော့ Positive လူနာ ၅၁၀ ရှိပါ တယ်။ တပ်မတော်မှာအရပ်ဘက် က ကုသနေတာ ၁၁ ဦးပဲရှိပါ တော့တယ်။ ပုဂ္ဂလိကဆေးရုံ ပန်း လှိုင်မှာ ၆၀ ရှိပါတယ်။ဒါကြောင့် ဒီကနေ့ထိဆိုရင် Positive ဖြစ်တဲ့ လူနာပေါင်း ၂,၃၁၁ ဦးရန်ကုန်မှာ ကုသနေတာဖြစ်ပါတယ်။ ဆို တော့ကုသရေးအနေနဲ့ ပြောရရင် အခုချိန်မှာ ကူးစက်မှုတွေလည်း လျော့လာတယ်။ ကုသမှုတွေ လည်း နိုင်နိုင်နင်းနင်းရှိတယ်’’ ဟု ပါမောက္ခချုပ် ဒေါက်တာဇော်ဝေ စိုးကပြောသည်။
အလားတူ ရန်ကုန်၌ ကိုဗစ်-၁၉ နှင့်ဆက်စပ်၍ ယခင်က သေဆုံးသူ တစ်ရက်လျှင် ဆယ်ဂဏန်း အထက်ရှိခဲ့ရာမှ လက်ရှိလေးရက် ခန့်အတွင်း ခုဂဏန်းသာရှိခြင်းသည် အခြေအနေတိုးတက် ကောင်းမွန်လာခြင်း ဖြစ်သည်ဟု အသိပေးသည်။
လက်ရှိကိုဗစ်ကူးစက်နေသော နိုင်ငံတကာ အခြေအနေ အရ ကာကွယ်စတင်အသုံးပြုခဲ့သော နိုင်ငံများတွင် ဆိုးရွားစွာမြင့်တက်နေသည်မှာလည်း ကာကွယ် ဆေးအပေါ် မှီခိုအားထားမှု မလွန်ကဲရန် ပါမောက္ခချုပ်က နမူနာပေးသည်။
“ဥရောပ၊ ကိုရီးယား၊ ဂျပန် တို့မှာလည်း ယခင်ထက် ပိုမိုများ ပြားနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးလို့ ကာကွယ်ဆေးစပြီးထိုးနိုင်လို့ ပေါ့ ပြီး လျော့လို့လျှော့လို့မရပါဘူး။ ကာကွယ်ဆေးကို မှီခိုပြီး အားကိုး ပြီး စိတ်ကလျှော့လိုက်လို့မရပါ ဘူး။ ဒါကြောင့် ကိုဗစ်-၁၉ ရဲ့ သတ်မှတ်ချက်တွေဖြစ်တဲ့ နှာ ခေါင်းစည်းတပ်ပါ၊ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။တစ်ဦးကိုတစ်ဦး အသိပေးပါ သတိပေးပါဆိုတာ အရေးကြီးပါတယ်’’ဟု ၎င်းက ပြောသည်။
နိုဝင်ဘာကစ၍ ရန်ကုန်၌ Mask Campaign ( နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု ) လုပ် ပြီးစဉ်ကတည်းက အတည်ပြုလူ နာတွေ့ရှိ နှုန်းကျဆင်းလာကာ ယခုတစ်ကြိမ်တွင် နှာခေါင်းစည်း တပ်ခြင်း၊ လက်ဆေးခြင်း ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းကို အသိပေးသတိပေးရန် လူထုလှုပ် ရှားမှုအသွင်ဖြင့် လူတိုင်းလူတိုင်းပါဝင်ရန် လိုသည့် Yellow Campaign စတင်နေပြီဟုလည်း ကြေညာသည်။
New Normal ၊ New Living နဲ့ New Yangon ဆိုတဲ့ အနေ အထားမျိုးရောက်အောင် ကျွန် တော်တို့ ဆောင်ရွက်ကြရမှာဖြစ် ပါတယ်’’ဟု ရန်ကုန်တိုင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသ ရေးပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုဥက္ကဋ္ဌက ပြောသည်။
ဒါ့အပြင် ဇန်နဝါရီ တတိယပတ်နှင့် ဖေဖော်ဝါရီတတိယပတ် တွင် ဆေးတက္ကသိုလ်ကျောင်းများ ကို New Normal Life ( နေထိုင် မှုပုံစံသစ်) ဖြင့် စတင်ဖွင့်လှစ် မည်ဖြစ်ကာ အခြားတက္ကသိုလ်၊ ကျောင်းနှင့်ရုံးလုပ်ငန်းများကိုလည်း New Normal ပုံစံဖြင့်သွား ရမည်ဟုဆိုသည်။
ကိုဗစ်နဲ့ကိုက်ညီတဲ့ ရုံးတွေ၊ စက်ရုံတွေ၊ အလုပ်ရုံတွေဖွင့်နိုင်မှ ကျွန်တော်တို့ နိုင်ငံရဲ့ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး၊ ကျန်းမာရေးတွေဟာ new normal ပုံစံနဲ့အသက်ဝင်ပြီး ကိုဗစ်ဧရိယာထဲမှာ တိုးတက်တဲ့ပုံစံနဲ့ ပြန်ပြီးခေါင် ထောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် New Normal, New Living နဲ့ New Yangon ဆိုတဲ့ အတိုင်းပဲ ပြန်လည်ပြီးတော့ကမ္ဘာ့အလယ်မှာ ပြန်ပြီးဝင့်ကြွားနိုင်မှာဖြစ် ပါတယ်’’ဟု ဒေါက်တာဇော်ဝေစိုး က ရှင်းပြသည်။
ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ပါက တစ်ဖက်တွင်လည်း တင်းကျပ်မှုနှင့် စည်းကမ်းလိုက်နာမှုသည် အရေးကြီးကာ ထိုမှတစ်ဆင့် ကိုဗစ်ပြန်လည် ထကြွ လာမှုကို တားဆီးနိုင်လိမ့်မည်ဟု ၎င်းက ပြောသည်။
” နိုင်ငံတကာမှာ တွေ့နေတဲ့ တတိယလှိုင်းမျိုး မြန်မာနိုင်ငံမှာ မဖြစ်ဖို့အတွက် အရေးကြီးဆုံးက ကျွန်တော်တို့ တံခါးတွေလုံအောင် ပိတ်ဖို့လိုပါတယ်။ မိမိဆီရောဂါ ပိုးဝင်မလာအောင် တားဆီးခြင်းနဲ့ မိမိဆီမှာရောဂါပိုးရှိရင် တခြားသူဆီ မရောက်အောင်တားဆီးဖို့ အရေးကြီးပါတယ်။ တစ်ဦးတစ် ယောက်ချင်းမှ တစ်အိမ်ချင်းဆီကနေ ရောဂါပိုးမဝင်လာနိုင်အောင် ရပ်ကွက်အလိုက်၊မြို့ အလိုက် ရောဂါပိုးဝင်လာနိုင်တဲ့ လမ်းကြောင်းနေရာတွေကို သတိ နဲ့ စောင့်ကြပ်ကြည့်ရှုနေရမယ်။တတိယလှိုင်းမဖြစ်အောင်ကာကွယ်ရေးဟာ ကျွန်တော်တို့ တိုင်း ပြည်အတွက် အသက်တမျှအရေး ကြီးပါတယ်’’ ၎င်းကဆက်လက် ပြောသည်။
ဒီအတွက် ဆင်းရဲချမ်းသာ မရွေး၊ လူမျိုး ဘာသာ မရွေးတစ်ဦး တစ်ယောက်ချင်းဆီမှ မိမိထံ ရောဂါပိုးမကူးစက်ရန်နှင့် မိမိမှတစ်ဆင့် အခြားသူထံ ရောဂါ မပြန့်ပွားရေးနေထိုင်ခြင်းဖြင့် တိုင်းပြည်တိုးတက်ရေးနေထိုင်မှု ပုံစံသစ် (new normal Life) ကိုသွားရန် ပါမောက္ခချုပ်က တိုက်တွန်း သည် ။ Source z; 7 Day