ကယ္လီဖိုးနီးယား ပင္လယ္နက္ယုန္လို့လူသိမ်ားတဲ့ ကမၻာ့အႀကီးဆုံး ပင္လယ္ပက္က်ိေကာင္

ကယ္လီဖိုးနီးယား ပင္လယ္နက္ယုန္လို့ လူသိမ်ားတဲ့ ကမၻာ့အႀကီးဆုံး ပင္လယ္ပက္က်ိေကာင္

အရွည္ ၉၉ စင္တီမီတာ ရွိၿပီး အေလးခ်ိန္ ၁၄ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့ Aplysia vaccaria ဆိုတာ အနက္ေရာင္ ပင္လယ္ယုန္ ဒါမွမဟုတ္ ကယ္လီဖိုးနီးယား ပင္လယ္နက္ယုန္လို့ လူသိမ်ားတဲ့ ကမၻာ့အႀကီးဆုံး ပင္လယ္ ပက္က်ိ တစ္ေကာင္ပါ။

ပတ္က်ိဆိုရင္ လူ႔လက္ေခ်ာင္းသာသာေလာက္ရွိတဲ့ အေကာင္ေတြကိုပဲ ျမင္ဖူးႀကသူေတြအဖို့ အလယ္ အလတ္စား ေခြးတစ္ေကာင္ေလာက္ နီးပါး ႀကီးမား ေလးလံတဲ့ ပက္က်ိ ရွိတယ္ဆိုတာကို တကယ္ အံ့ဩၾကမွာပါ။

အခု Aplysia vaccaria ကေတာ့ အလြန္ေတြ႕ရခဲပါတယ္။ကယ္ လီဖိုးနီးယား ကမ္းေျခနဲ႔ ကယ္လီဖိုးနီးယား ပင္လယ္ေကြ႕မွာ ေနထိုင္သူေတြ ဆိုရင္ေတာ့ ဥ,တင္ခ်ိန္မွာ ေရတိမ္ပိုင္းကို ဝင္လာတတ္တဲ့ ပင္လယ္ပက္က်ိေတြကို ေတြ႕ရတတ္ပါတယ္။ ဒီႀကီးမားတဲ့ ပင္လယ္ ပက္က်ိက အျခားပင္လယ္ ေမ်ာ့ေတြလို အပင္စား သတၱဝါေတြျဖစ္ၿပီး အညိဳေရာင္ေရညႇိေတြကို စားသုံးၾကပါတယ္။

Aplysia vaccaria က အစားအစာကေန ရရွိတဲ့ ျဒပ္ေပါင္းေတြကေန အဆိပ္ေတြကို ထုတ္လုပ္နိုင္ပါတယ္။ ပက္က်ိက အက္တတိုစီစီရိုင္နိုက္ဒိုင္ ဆိုတဲ့ အဆိပ္ကို ထုတ္နိုင္တာေၾကာင့္ သူတို့ကို လာစားမယ့္ ပင္လယ္ငါးေတြရဲ့ ရန္ကေန ကာကြယ္နိင္ ပါတယ္။

ကံေကာင္းတာကေတာ အဲဒီ အက္တတို စီစီရိုင္နိုက္ဒိုင္ အဆိပ္က လူသားေတြကို အႏၲရာယ္ မေပးပါဘူး။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က YouTuber နဲ႔ ႐ုပ္သံ စီစဥ္ တင္ဆက္သူ Coyote Peterson က အလယ္အလတ္အရြယ္အစား ပင္လယ္ ပက္က်ိ တစ္ေကာင္ကို ေကာက္ယူၿပီး မိနစ္အနည္းငယ္ ၾကာထဲ့အထိ သူ႔လက္နဲ႔ ကိုင္ျပခဲ့ ဖူးပါတယ္။ အဲဒီအခ်ိန္က သူကိုင္ခဲ့တဲ့ ပက္က်ိရဲ့ အေလးခ်ိန္က ေလးကီလိုဂရမ္ ဝန္းက်င္လို့ သိရပါတယ္။crd ; မင္းသုတဟန္ / Ref: OD

Unicode … ကယ်လီဖိုးနီးယား ပင်လယ်နက်ယုန်လို့ လူသိများတဲ့ ကမ္ဘာ့အကြီးဆုံး ပင်လယ်ပက်ကျိ

အရှည် ၉၉ စင်တီမီတာ ရှိပြီး အလေးချိန် ၁၄ ကီလိုဂရမ် အလေးချိန်ရှိတဲ့ Aplysia vaccaria ဆိုတာ အနက်ရောင် ပင်လယ်ယုန် ဒါမှမဟုတ် ကယ်လီဖိုးနီးယား ပင်လယ်နက်ယုန်လို့ လူသိများတဲ့ ကမ္ဘာ့အကြီးဆုံး ပင်လယ် ပက်ကျိ တစ်ကောင်ပါ။

ပတ်ကျိဆိုရင် လူ့လက်ချောင်းသာသာလောက်ရှိတဲ့ အကောင်တွေကိုပဲ မြင်ဖူးကြသူတွေအဖို့ အလယ် အလတ်စား ခွေးတစ်ကောင်လောက် နီးပါး ကြီးမား လေးလံတဲ့ ပက်ကျိ ရှိတယ်ဆိုတာကို တကယ် အံ့ဩကြမှာပါ။

အခု Aplysia vaccaria ကတော့ အလွန်တွေ့ရခဲပါတယ်။ကယ် လီဖိုးနီးယား ကမ်းခြေနဲ့ ကယ်လီဖိုးနီးယား ပင်လယ်ကွေ့မှာ နေထိုင်သူတွေ ဆိုရင်တော့ ဥ,တင်ချိန်မှာ ရေတိမ်ပိုင်းကို ဝင်လာတတ်တဲ့ ပင်လယ်ပက်ကျိတွေကို တွေ့ရတတ်ပါတယ်။ ဒီကြီးမားတဲ့ ပင်လယ် ပက်ကျိက အခြားပင်လယ် မျော့တွေလို အပင်စား သတ္တဝါတွေဖြစ်ပြီး အညိုရောင်ရေညှိတွေကို စားသုံးကြပါတယ်။

Aplysia vaccaria က အစားအစာကနေ ရရှိတဲ့ ဒြပ်ပေါင်းတွေကနေ အဆိပ်တွေကို ထုတ်လုပ်နိုင်ပါတယ်။ ပက်ကျိက အက်တတိုစီစီရိုင်နိုက်ဒိုင် ဆိုတဲ့ အဆိပ်ကို ထုတ်နိုင်တာကြောင့် သူတို့ကို လာစားမယ့် ပင်လယ်ငါးတွေရဲ့ ရန်ကနေ ကာကွယ်နိင် ပါတယ်။

ကံကောင်းတာကတော အဲဒီ အက်တတို စီစီရိုင်နိုက်ဒိုင် အဆိပ်က လူသားတွေကို အန္တရာယ် မပေးပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က YouTuber နဲ့ ရုပ်သံ စီစဉ် တင်ဆက်သူ Coyote Peterson က အလယ်အလတ်အရွယ်အစား ပင်လယ် ပက်ကျိ တစ်ကောင်ကို ကောက်ယူပြီး မိနစ်အနည်းငယ် ကြာထဲ့အထိ သူ့လက်နဲ့ ကိုင်ပြခဲ့ ဖူးပါတယ်။ အဲဒီအချိန်က သူကိုင်ခဲ့တဲ့ ပက်ကျိရဲ့ အလေးချိန်က လေးကီလိုဂရမ် ဝန်းကျင်လို့ သိရပါတယ်။crd ; မင်းသုတဟန် / Ref: OD

Add a Comment

Your email address will not be published. Required fields are marked *