အာကာသ ဘုရင်မတစ်ပါးပုံစံ ဖန်းတီးရိုက်ကူးထားတဲ့ အမိုက်စားပုံတွေကို ချပြလိုက်တဲ့ မင်းသမီးချောလေး ဖွေးဖွေး

အာကာသ ဘုရင်မတစ်ပါးပုံစံ ဖန်းတီးရိုက်ကူးထားတဲ့ အမိုက်စားပုံတွေကို ချပြလိုက်တဲ့ မင်းသမီးချောလေး ဖွေးဖွေး

အားလုံး ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတဲ့ POSH Magazine Myanmar “Volume 26” ရဲ့ Cover Star ကတော့ မြန်မာပြည်ရဲ့ ထိပ်တန်း မင်းသမီးတစ်ဦးဖြစ်သူ အားလုံးချစ်ရတဲ့ အကယ်ဒမီများရှင် Phway Phway ပဲ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ထိပ်တန်း Fashion Photographer တစ်ဦးဖြစ်တဲ့ JASON (SENSE PHOTOGRAPHY) က အကောင်းဆုံး ပုံဖော်ရိုက်ကူးပေးထားတာဖြစ်ပြီး Stylist: SWANNIE DEAN က ခေတ်လွန်ရသ ပြည့်ဝတဲ့အထိမိဆုံး Styling & Art Direction တွေနဲ့ Phway Phway ကို ကမ္ဘာခြားက “အာကာသ ဘုရင်မတစ်ပါး” အဖြစ် ဖန်တီးပေးထားတာပါ။

Hair & Makeup Artist: HELLO (MA CHO, MA KHAING) တို့က Concept, Direction တွေနဲ့ အလိုက်ဖက်ဆုံး၊ အပေါ်လွင်ဆုံးဖြစ်အောင် Hair & Makeup ပြင်ဆင်ခြယ်သပေးထားပြီး မြန်မာပြည်ရဲ့ နာမည်ကျော် Designers တွေဖြစ်ကြတဲ့ MIN KHANT, YADANAR NAING WIN (FOUR DEGREE STUDIOS) နဲ့ INZALI MOE တို့ရဲ့ ဆန်းသစ်ပြီး လက်ရာမြောက်လွန်းတဲ့ ၀တ်စုံတွေက ဒီ Cover Editorial Set ကို အပြည့်စုံဆုံး၊ အလှပဆုံး ဖြစ်စေခဲ့တာပါ။ Cover Editorial Set ရဲ့ Digital Graphic ပိုင်းနဲ့ High Fashion Video ကို JASON (SENSE PHOTOGRAPHY) ကပဲတာဝန်ယူ ရိုက်ကူး ဖန်တီးပေးထားပါတယ်။

2021 ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ထွက်ရှိလာတော့မယ့် POSH Magazine Myanmar “Volume 26” အတွင်းမှာ အံ့မခန်း Editorial Fashion Set တွေ၊ နိုင်ငံတကာက ဖက်ရှင်အလှအပ ခေတ်စားမှုဆိုင်ရာ အကြောင်းအရာတွေ၊သုတရသ ပေးစွမ်းနိုင်မယ့်ကဏ္ဍ တွေနဲ့ အခြားသော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေများစွာ ပါဝင်ထားတာမလို့ လက်မလွတ်တမ်း စောင့်မျှော်အားပေးကြပါအုံး။

POSH Magazine Myanmar “Volume 26” ရဲ့Cover Editorial Set အပါအ၀င် မဂ္ဂဇင်းအတွင်းမှာ ပါဝင်တဲ့ Fashion Editorial Set ရိုက်ကူးခြင်းများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရဌာနတို့မှ ထုတ်ပြန်ထားသော စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ် ။ crd

Add a Comment

Your email address will not be published. Required fields are marked *