ျမန္မာ့ပထမဆုံးပုဂၢလိက ေရွးေဟာင္းျပတိုက္ကို ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ဖြင့္လွစ္မည္

ျမန္မာ့ပထမဆုံးပုဂၢလိက ေရွးေဟာင္းျပတိုက္ကို ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ဖြင့္လွစ္မည္

အာရွအႀကီးဆုံး ၿပတိုက္အျဖစ္ ရည္မွန္းထားေသာ ျမန္မာနိုင္ငံ၏ ပထမဆုံး ပုဂၢလိက ေရွးေဟာင္းျပတိုက္ ေဇကမၻာ Museum ကို ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျပတိုက္ႀကီးကို ရန္ကုန္တိုင္း ေဒသႀကီး မဂၤလာဒုံ ျမိဳ့နယ္ မဂၤလာဒုံ ေဂါက္ကြင္းေရွ႕ ေျမ ၅ ဧကေပၚတြင္ စတုရန္းေပ ၁၆၀၀၀၀ က်ယ္ဝန္းသည့္ ေလးထပ္ အေဆာက္အအုံအျဖစ္ ေအမရိ ကန္ေဒၚလာ ၁၀ သန္းခန႔္ သုံးစြဲတည္ ေဆာက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ျပတိုက္အတြင္း ကုန္းေနေရေန သတၱဝါမ်ား၏ ေမးရိုး၊ ၾသား၊ ဦးေခါင္းခြံ၊ ေျခ ၊ လက္ ၊ အရိုး၊ မစင္ စသည့္ ေက်ာက္ ျဖစ္႐ုပ္ႂကြင္းပစၥည္းမ်ိဳးစုံ၊ ႏွစ္သန္း ၁၁၀ သက္တမ္းရွိ အင္းဆက္ မ်ိဳးႏြယ္စုပါဝင္ ေသာ ျမန္မာ့ပယင္းတြင္းထြက္မ်ား၊ Sivapithecus မ်ိဳးႏြယ္စုဝင္ ကမၻာ့ရွားပါး လူတူ ပရိုင္းမိတ္ ေမးရိုးႏွင့္ လက္ေမာင္း ရိုးမ်ား၊

ႏွစ္သန္း ၃၈၀ သက္တမ္းရွိ Trilobite ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းမ်ား၊ သံေခတ္က လူေသအေလာင္းကို ျမႇုပ္ႏွံမွုမ်ား၊ ေက်ာက္ေခတ္၊ သံေခတ္ ေရွး ေဟာင္းလက္နက္ ကိရိယာမ်ား ၊ ေၾကး ေခတ္၊ သုဝဏၰဘူမိေခတ္၊ ပ်ဴေခတ္၊ ဟန္လင္းေခတ္ စသည့္ ေခတ္အဆက္ ဆက္ပစၥည္းမ်ား၊ ယြန္းထည္ ပစၥည္း အမ်ိဳးမ်ိဳး စသည္တို့ကို ႀကည့္ရွုနိုင္မည္ျဖစ္ ေၾကာင္းသိရသည္။

ယင္းျပတိုက္တြင္ျပသမည့္ ေရွးေဟာင္းပစၥည္းမ်ားမွာ ကမၻာ့ရွားပါးပစၥည္း မ်ားပါဝင္ၿပီး အမ်ိဳးအမည္လည္း အလြန္မ်ားျပားေၾကာင္း၊ ယင္းေၾကာင့္ သာသနာ ေရးႏွင့္ ယဥ္ေက်းမွု ဝန္ႀကီးဌာနမွ စစ္ေဆး၍ မွတ္ပုံတင္ထားၿပီးလည္းျဖစ္ကာ သမိုင္းတန္ဖိုးႀကီးမားသည့္ ျပတိုက္ႀကီးျဖစ္ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမွုဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေျပာၾကားထားသည္။

ေဇကမၻာျပတိုက္တြင္ ေရွးဦးဆင္ (၅) မ်ိဳး၏ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားျပခန္း၊ ကမၻာဦး သတၱဝါမ်ား၏ ေက်ာက္ျဖစ္႐ုပ္ ႂကြင္းမ်ားျပခန္း၊ ယဥ္ေက်းမွု အေမြအႏွစ္ ျမန္မာမွုအႏုလက္ရာ ပစၥည္းမ်ားျပခန္း သံ ေခတ္ အေလာင္းျမႇုပ္ႏွံမွုျပခန္း၊ ပယင္းျပ ခန္း၊ ႏွစ္သန္းေပါင္းမ်ားစြာက လိပ္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းျပခန္း၊ ယြန္းထည္အ မ်ိဳးမ်ိဳးျပခန္း၊ ေရွးေဟာင္းေရႊေက်ာင္းျပ ခန္း၊ ပုဂံေခတ္အႏုပညာလက္ရာျပခန္း စသည္တို့ကို ကနဦး ဖြင့္လွစ္ျပသမည္ ျဖစ္ေၾကာင္း သိရသည္။

ျပတိုက္တြင္ သမိုင္းမတင္မီေခတ္မွ ေက်ာက္ ၊ ေၾကး ၊ သံ ၊ ပ်ဴ ၊ ပုဂံ ၊ ပင္းယ ၊ အင္းဝ စေသာ ေခတ္အဆက္ဆက္မွ ကိုလိုနီေခတ္အထိလူ႔အသုံးအေဆာင္မ်ား ျဖစ္သည့္ လက္နက္ ၊ အိုးခြက္ ပုတီး ကိုးကြယ္ယုံၾကည္မွုျပခန္းမ်ား၊ ျမန္မာမွု လက္ရာပန္းခ်ီ ပန္းပု ႐ုပ္လုံး ႐ုပ္ႂကြ ပန္း (၁၀) မ်ိဳးအတတ္ျပခန္းမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။ Crd

Unicode … မြန်မာ့ပထမဆုံးပုဂ္ဂလိက ရှေးဟောင်းပြတိုက်ကို ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်လှစ်မည်

အာရှအကြီးဆုံး ပြတိုက်အဖြစ် ရည်မှန်းထားသော မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက ရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum ကို ဖေဖော်ဝါရီလ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြတိုက်ကြီးကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ် မင်္ဂလာဒုံ ဂေါက်ကွင်းရှေ့ မြေ ၅ ဧကပေါ်တွင် စတုရန်းပေ ၁၆၀၀၀၀ ကျယ်ဝန်းသည့် လေးထပ် အဆောက်အအုံအဖြစ် အေမရိ ကန်ဒေါ်လာ ၁၀ သန်းခန့် သုံးစွဲတည် ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြတိုက်အတွင်း ကုန်းနေရေနေ သတ္တဝါများ၏ မေးရိုး၊ သြား၊ ဦးခေါင်းခွံ၊ ခြေ ၊ လက် ၊ အရိုး၊ မစင် စသည့် ကျောက် ဖြစ်ရုပ်ကြွင်းပစ္စည်းမျိုးစုံ၊ နှစ်သန်း ၁၁၀ သက်တမ်းရှိ အင်းဆက် မျိုးနွယ်စုပါဝင် သော မြန်မာ့ပယင်းတွင်းထွက်များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါး လူတူ ပရိုင်းမိတ် မေးရိုးနှင့် လက်မောင်း ရိုးများ၊

နှစ်သန်း ၃၈၀ သက်တမ်းရှိ Trilobite ကျောက်ဖြစ် ရုပ်ကြွင်းများ၊ သံခေတ်က လူသေအလောင်းကို မြှုပ်နှံမှုများ၊ ကျောက်ခေတ်၊ သံခေတ် ရှေး ဟောင်းလက်နက် ကိရိယာများ ၊ ကြေး ခေတ်၊ သုဝဏ္ဏဘူမိခေတ်၊ ပျူခေတ်၊ ဟန်လင်းခေတ် စသည့် ခေတ်အဆက် ဆက်ပစ္စည်းများ၊ ယွန်းထည် ပစ္စည်း အမျိုးမျိုး စသည်တို့ကို ကြည့်ရှုနိုင်မည်ဖြစ် ကြောင်းသိရသည်။

ယင်းပြတိုက်တွင်ပြသမည့် ရှေးဟောင်းပစ္စည်းများမှာ ကမ္ဘာ့ရှားပါးပစ္စည်း များပါဝင်ပြီး အမျိုးအမည်လည်း အလွန်များပြားကြောင်း၊ ယင်းကြောင့် သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စစ်ဆေး၍ မှတ်ပုံတင်ထားပြီးလည်းဖြစ်ကာ သမိုင်းတန်ဖိုးကြီးမားသည့် ပြတိုက်ကြီးဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားသည်။

ဇေကမ္ဘာပြတိုက်တွင် ရှေးဦးဆင် (၅) မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းများပြခန်း၊ ကမ္ဘာဦး သတ္တဝါများ၏ ကျောက်ဖြစ်ရုပ် ကြွင်းများပြခန်း၊ ယဉ်ကျေးမှု အမွေအနှစ် မြန်မာမှုအနုလက်ရာ ပစ္စည်းများပြခန်း သံ ခေတ် အလောင်းမြှုပ်နှံမှုပြခန်း၊ ပယင်းပြ ခန်း၊ နှစ်သန်းပေါင်းများစွာက လိပ် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ယွန်းထည်အ မျိုးမျိုးပြခန်း၊ ရှေးဟောင်းရွှေကျောင်းပြ ခန်း၊ ပုဂံခေတ်အနုပညာလက်ရာပြခန်း စသည်တို့ကို ကနဦး ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း သိရသည်။

ပြတိုက်တွင် သမိုင်းမတင်မီခေတ်မှ ကျောက် ၊ ကြေး ၊ သံ ၊ ပျူ ၊ ပုဂံ ၊ ပင်းယ ၊ အင်းဝ စသော ခေတ်အဆက်ဆက်မှ ကိုလိုနီခေတ်အထိလူ့အသုံးအဆောင်များ ဖြစ်သည့် လက်နက် ၊ အိုးခွက် ပုတီး ကိုးကွယ်ယုံကြည်မှုပြခန်းများ၊ မြန်မာမှု လက်ရာပန်းချီ ပန်းပု ရုပ်လုံး ရုပ်ကြွ ပန်း (၁၀) မျိုးအတတ်ပြခန်းများလည်း ပါဝင်ကြောင်း သိရသည်။ Crd

Tags:

Add a Comment

Your email address will not be published. Required fields are marked *