အဆိုးထဲက အကောင်းဆုံးတော့ လုပ်ပေးနိုင်ခဲ့တယ် တိုင်းတပါးရောက် မြန်မာပြည်သားအချင်းချင်း အခုလို အမြဲကူညီပေးနိုင်ကြပါစေ

အဆိုးထဲက အကောင်းဆုံးတော့ လုပ်ပေးနိုင်ခဲ့တယ် တိုင်းတပါးရောက် မြန်မာပြည်သားအချင်းချင်း အခုလို အမြဲကူညီပေးနိုင်ကြပါစေ

မြန်မာနိုင်ငံသား စူပါမစ်ကစ်ထဲမှာ ဆန်နဲ့ ကြက်ပေါင်းရေ ခိုးလို့ပါ ။ သူ့မှာ ဘာအထောက်ထားမှ မရှိ ။ သူများ သူ့ကို ဖမ်းနေတဲ့ အချိန် မဇင် တွေ့တော့ သူ့ကို သေချာမေးပါတယ် ။ အလုပ်မရှိဘူး စားစရာ မရှိပါဘူး ။ လူ လည်း ကျန်းမာရေးမကောင်းလို့ ပိန် လိန် နေတာ ဘဲ ။ သူ့ကို သနားလို့ ဝင်ဖြေရှင်း ပေးပါတယ် ။

မန်နေဂျာ နဲ့ အလုပ် သမားတွေကို တောင်းပန်ပေး ပါတယ် ။ သူအဲ့လို ဒုက္ခရောက် နေတာကို ကြားကနေ အကျိုးကြောင်း ရှင်းပြကြပါတယ် ။ သူခိုးထား တဲ့ ပစ္စည်းကျသင့် ငွေကို မဇင် အကုန်ဖြေရှင်းပေးပါမယ် ။ သူ့ကိုမ ဖမ်းပါနဲ့ လို့အနူးညွတ်တောင်း ပန်ပေးပါတယ် ။ ဒါဆို မန်နေဂျာ နဲ့ပြောကြ ပါတဲ့ ။

သူတို့ မန်နေဂျာ နဲ့ ဆွေးနွေးလို့ အဆင်ပြေ သွားပါတယ် ။ ကျသင့်ငွေက ၂၆၀ ဘတ် ပစ္စည်း ခ ၃ ဆ ရော် ခိုင်း ပါ တယ် ၁၄၉၀ ဘတ်ပါ ။ပတ်စပိုစ့်မေးတော့ မရှိဘူး ။ ပြဿနာ နည်းနည်း ခက်သွားပြန်တယ်။ ပလိတ် ခေါ်ပါတယ် ။ ပလိတ်နဲ့ ဖြေရှင်းပါတဲ့ Ok ဖြေရှင်း ပါမယ် ။

ပလိတ်လာတော့ မဇင်ကို မေးတယ် ။ ဘာတော်တာလည်း ဆွေမျိုးလားတဲ့ ဟုတ်ကဲ့ ဘာမှမတော် ပါဘူး ။ ဆွေမျိုး လည်းမဟုတ် ပါဘူး။ မြန်မာပြည် သားအချင်းချင်း သနားလို့ပါ ။ သူ့ကို့ မဖမ်းပါနဲ့နော် ကျသင့်ငွေကို ရော်ပေးပါမယ် ကူညီပေးပါဆိုပီ မြန်မာပြည်သား အားလုံးစုပေါင်း တောင်းပန်ပေး ကြပါတယ်။

ဒါဆို ပလိတ်က ပြောတယ် သူ့မှာ အထောက်ထား မရှိတဲ့ အတွက် မဇင် ပတ်စပိုစ့် သုံးပီး အာမခံပေး ပါ ဆိုလို့ အာမခံပေးလိုက် ပါတယ် ။ ပီးရင်ကျသင့်ငွေ အကုန်ရှင်းပေးလိုက် ပါတယ် ။ ပီးရင်သူ့ကို မခိုး ယူဖို့ မရှိရင် ဘန်ဘော်ဈေး ထဲမှာလာခဲ့ပါနော် လို့ပြော ပီးကိုယ့် မြန်မာအချင်းချင်း ဟိုလူ ၁၀၀ ဒီ လူ ၁၀၀ နဲ့ နိုင်သလောက် လေးပေးလိုက် ကြပါတယ် ။

သနားလွန်လို့ ပါသူ့ ခများအစာမစားရလို့ လမ်းတောင်မလျှောက်နိုင်ဘူး တော်သေးတာပေါ့ ပြဿနာ ဒီမှာတင် ပီးသွား လို့ ပလိတ်တွေ ကလည်း စိတ်ကောင်းလို့ ဘာဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ source ; Ma May Zin

Tags:

Add a Comment

Your email address will not be published. Required fields are marked *