Unicode … မိသားစုကို မုန့်ဖတ်ထုပ် ရောင်းပြီးတော့ လုပ်ကျွေးနေတဲ့ အသက်(၉) နှစ်အရွယ် သားငယ်လေး
မုန့်ဖတ်ထုပ် ရောင်းပြီးတော့ မိသားစုကို လုပ်ကျွေးနေတဲ့ အသက် (၉) နှစ် အရွယ် သားလေး ဖိုးလပြည့် အကြောင်းကို ပြောပြပေးချင် ပါတယ်နော် ။မြောက်ဒဂုံ မန္တလေးလမ်းဘက်မှာ စက်ဘီးအသေးလေးနဲ့ ဦးထုတ်လေးဆောင်းပြီးတော့
မုန့်ဖက်ထုတ် ရောင်းနေတဲ့ သားလေး အောင်သူဟိန်းကျော် (ခ) ဖိုးလပြည့် ကိုတွေ့ရင် အားပေးကြပါ အုံးနော် ။ သားလေးဟာ အသက် (၉) နှစ်ပဲ ရှိပါသေးတာပါ။ အမေ နဲ့ အဖေကလည်း မုန့်ဖတ်ထုတ် ရောင်းပါတယ်တဲ့။
အမက အိမ်မှုကိစ္စ ကိစ္စလေးတွေ လုပ်ပြီးတော့ ညီမလေးက အမနဲ့အိမ်မှာ ကျန်ခဲ့ ပါတယ်တဲ့နော် ။ မြောက်ဒဂုံ (၃၃) ရပ်ကွက် သန္တာလမ်းမှာ နေပါတယ်တဲ့ သားလေးက စကားပြောတာ ချစ်ဖို့ကောင်းတယ်ဗျာ။
အရွယ်နဲ့ မလိုက်အောင် စက်ဘီးလေး နင်းပြီးတော့ ရပ်ကွက်တွေ ပတ်ပြီးတော့ မုန့်ဖတ်ထုတ် ရောင်းတာပါ ။ ကျွန်တော်လည်း မုန့်ဖတ်ထုတ်တွေအားပေးလိုက်ပြီး မုန့်ဖိုးပေးလိုက် ပါသေးတယ်နော်။ ကျွန်တော့်ကိုပြန်ခါနီး သူ့ညီမလေးမွေးနေ့က ဖေဖော်ဝါရီ (၁၄) ရက်နေ့တဲ့။
အဲဒီနေ့ကျရင် သားရဲ့အိမ်ကို လာခဲ့ပါတဲ့ဗျာ။ ညီမလေးအတွက် မွေးနေ့ပွဲလေး လုပ်ပေးမလို့တဲ့ဗျာ ။ ဒီအရွယ်လေးနဲ့ မိသားစု အတွက်လည်း အားကိုးရတဲ့အပြင်ကို ညီမလေးကိုလည်း ချစ်တတ်တဲ့ သားလေးရေ လိုအင် ဆန္ဒတွေ အားလုံး ပြည့်စုံပါစေလို့ ဆုတောင်းပေး ပါတယ်နော် ။ crd
Tags:
Add a Comment
Your email address will not be published. Required fields are marked *