၁၁ နာရီကြာ ပျံသန်းရသည့် ၅၆၃၉ မိုင်ခရီးကို လေယာဉ်၏ ဘီးအုံတွင် ခိုးလိုက်ခဲ့သည့်အမျိုးသား အင်္ဂလန်၌ ခိုလှုံခွင့်ရသွား
|၁၁ နာရီကြာ ပျံသန်းရသည့် ၅၆၃၉ မိုင်ခရီးကို လေယာဉ်၏ ဘီးအုံတွင် ခိုးလိုက်ခဲ့သည့်အမျိုးသား အင်္ဂလန်၌ ခိုလှုံခွင့်ရသွား
တောင်အာဖရိကမှ လန်ဒန် သို့ ၅၆၃၉ မိုင် ခရီးနှင်ခဲ့သည့် လေယာဉ်ကြီး၏ ဘီးအုံတွင် ခိုးလိုက်ခဲ့သည့် အမျိုးသားက ကြောက်မက်ဖွယ် အဆိုပါ ခရီးစဉ်အကြောင်း ပထမဦးဆုံး အကြိမ် ပြန်ပြောင်းပြောပြလိုက်သည်။ လပေါင်းများစွာ မေ့မြောနေပြီး ပြန်လည် သတိရလာသည့်အချိန်တွင် သမ်ဘာက ဘီကာ ပထမဦးဆုံး သိလိုက်ရသည့်အရာမှာ ၎င်းင်းနှင့်အတူ ခိုးလိုက်လာသည့် သူငယ်ချင်း ကာလီတိုဗေးသည် ၁၁ နာရီကြာ ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး သွားပြီဆိုသည့် သတင်းဖြစ်သည်။
ဟိသရိုးလေ ဆိပ်မြေပြင်ပေါ်တွင် သတိမေ့မြောနေသည့် သမ်ဘာကဘီကကို တာဝန်ရှိသူများက တွေ့သွားပြီး ဆေးရုံတင်ပေးလိုက်ရသည် ။ ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်တွင် တောင်အာဖရိကရှိ ဂျိုဟန်းနပ်စ်မြို့မှ ထွက်ခွာလာသည့် လေယာဉ်တွင် ခိုးစီးလာသည့် သမ်ဘာကဘီကာသည် အောက်ဆီဂျင်လည်းပြတ်လပ် သွားခဲ့သည်။
ဆင်းရဲတွင်းမှအတူ အသက်စွန့် ရုန်းထွက်လာသည့် သူငယ်ချင်းဖြစ်သူ ကာလီတိုဗေးသည် အဆိုပါလေယာဉ် မဆင်းသက်မီ မိနစ်ပိုင်းအလိုတွင်ပင် လေယာဉ်ဘီးအုံမှ ပြုတ်ကျသေဆုံး သွားတော့သည်။ဟိသရိုးလေဆိပ်မှ ခြောက်မိုင်အကွာ အဆောက်အအုံ တစ်ခုပေါ်တွင် ကာလီတို ဗေး၏အလောင်းကို တွေ့ ရှိရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
“ လေယာဉ်လည်း ပျံရော မြေပြင်ကြီးကို မြင်ရတယ်၊ ကားတွေ မြင်ရတယ် ၊ လူတွေကို သေးသေး လေးမြင်ရတယ်။ နောက်မကြာဘူး အောက်ဆီဂျင်မရလို့ သတိမေ့သွားတော့တာ။ လေယာဉ်ပျံတက်အပြီး နောက်ဆုံး မှတ်မိလိုက်တဲ့ အရာကတော့ “ သူငယ်ချင်းရေ ငါတို့ လုပ်နိုင်ခဲ့ပြီကွ ” ဆိုတဲ့ဗေးရဲ့စ ကားပဲ ” ဟု သမ်ဘာကဘီကာ က ပြောပြသည်။ ယခုအခါ ၎င်းသည်အင်္ဂလန်တွင် ခိုလှုံခွင့်ရသွားပြီဖြစ်ပြီး လစ်ဗာပူးတွင် နေထိုင်နေသည်။
ကမ္ဘာတစ်လွှားတွင် လေယာဉ်ခိုးစီးသည့် ကြိုးပမ်းမှုပေါင်း ၁၀၉ ခု ရှိသည်ဟု မှတ်တမ်းများက ဆိုသည်။ လန်ဒန်သည် လေယာဉ်ခိုးစီးသူများ အကြိုက် ပန်းတိုင် ဖြစ်နေတတ်သည်။ သို့ဗသာ် ထိုသို့ လေယာဉ်ဘီးအုံတွင် အသက်ကိုရင်းပြီး ခိုးစီးသူများအနက် အသက်ရှင်သူ ၂၄ ဦးသာ ရှိသည်။ ဗြိတိန်သို့ လေယာဉ်ခိုးစီးပြီး အောင်အောင်မြင်မြင် ရောက်လာသူပေါင်း သမ်ဘာကဘီကာ အပါအဝင်နှင့်မှ နှစ်ဦးသာ ရှိသေးသည်။
ဗြိတိန်သို့ လေယာဉ်ခိုးစီးပြီး အောင်မြင်စွာရောက်လာသူ နောက်တစ်ဦးမှာ ပါဒိဆိုင်းနီဖြစ်ပြီး ၎င်းသည် ၁၉၉၆ ခုနှစ်တွင် ဒေလီမှလန်ဒန်သို့ ပျံသန်းသည့် ၁၀ နာရီကြာ လေယာဉ်ခရီးစဉ်တွင် ခိုးစီးခဲ့ခြင်းဖြစ်သည်။ ၎င်းင်းနှင့် အတူလိုက်လာသည့် ၄င်း၏ညီသည် အေးခဲကာ သေဆုံးသွားသည်။ ထိုအတွေ့အကြုံက သူ့ကိုယခုထက်ထိတိုင် မကြာမကြာ ခြောက်လှန့်နေဆဲဖြစ် ကြောင်း ဆိုင်းနီက ဆိုသည်။ Source ; Pyi Myanmar