ဒေါ်လာ၂၇၃သန်း တန်ကြေးရှိတဲ့ Hard Drive ကို မတော်တဆလွှင့်ပစ်မိခဲ့တဲ့ ရယ်ရခက်ငိုရခက်ဖြစ်နေရတဲ့  ဗြိတိန်နိုင်ငံသားရဲ့အဖြစ်

ဒေါ်လာ ၂၇၃ သန်း တန်ကြေးရှိတဲ့ Hard Drive ကို မတော်တဆ လွှင့်ပစ်မိခဲ့တဲ့ ရယ်ရခက် ငိုရခက်ဖြစ်နေရတဲ့  ဗြိတိန်နိုင်ငံသားရဲ့အဖြစ်

ဗြိတိန် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ Bitcoin တွေ သိမ်းဆည်း ထားတဲ့ Hard Drive တစ်ခုကို မတော်မဆ လွှင့်ပစ်ခဲ့ပြီးနောက်မှာ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးမယ့် အရေးနဲ့ ရင်ဆိုင် နေရပါတယ်။ ကမ္ဘာတလွှားမှာ Bitcoin တစ်ခုရဲ့ ဈေးနှုန်းက ဒေါ်လာ ၃၇၀၀၀ အထိ တန်ကြေးမြင့်တက်လာခဲ့တဲ့နောက် သူလွှင့်ပစ်ခဲ့တဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၂၇၃ သန်းအထိ တန်ကြေးရှိနေလို့ပဲ ဖြစ်ပါတယ်။

အိုင်တီ သမားတစ်ဦးဖြစ်တဲ့ James Howells ဟာ သူ့ရဲ့ Dirve အတွင်း Bitcoins ပေါင်း ၇၅၀၀ ကို သိမ်းဆည်းထားခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၃ ခုနှစ်အတွင်းက မတော်မတ လွှင့်ပစ်ခဲ့မိတာ ဖြစ်ပါတယ်။Bitcoin ကတော့ ဒစ်ဂျစ်တယ် ငွေကြေးတစ်ခုဖြစ်ပြီး အွန်လိုင်းပေါ်မှာ ငွေကြေးပေးချေမှုတွေ ပြုလုပ်ရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

သူလွှင့်ပစ်ခဲ့စဉ်အချိန်က Bitcoin တစ်ခုရဲ့ တန်ဖိုးဟာ တော်တော်လေးနည်းပါးနေသေးပြီး အခုအခါမှာ တန်ဖိုးက အဆမတန်မြင့်တက်ခဲ့လို့James တစ်ယောက် သွေးပျက်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် သူ လွှင့်ပစ်ခဲ့တဲ့ အမှိုက်ပုံကို ပြန်လည်တူးဖော်ခွင့်ရဖို့ ကြိုးပမ်းနေရပြီး တူးဖော်ခွင့်ပေးပြီး တွေ့ရှိခဲ့မယ်ဆိုပါက ဒေါ်လာသန်း ၇၀ အထိ ပေးသွားမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

ဝေးလ်ပြည်နယ်မှာနေထိုင်တဲ့ James ဟာ နယူးပို့တ်စီးတီးကောင်စီကို ချဉ်းကပ်နေပြီး တူးဖော်ခွင့်ပါမစ်ရဖို့ အားထုတ်နေတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒစ်ဂျစ်တယ် ငွေပေးချေ မှုတွေမှာတော့ Bitcoins တွေက အရေးပါလာခဲ့ပြီး ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်သဖွယ် အသုံးပြုနေခဲ့ကြပါတယ်။ ငွေပေးချေမှုတွေကို တရားဝင်ပြုလုပ်နိုင်ပြီး ဈေးနှုန်းအတက် အကျလည်းရှိနေတာကြောင့် စုဆောင်းထား သူတွေအတွက် စီးပွားရေးတစ်ခုသဖွယ်လည်း ဖြစ်နေခဲ့ပါတယ်။

” တကယ်လို့သာ ကျွန်တော်ရှာတွေ့ခဲ့မယ်ဆိုရင် မြို့တော်ကောင်စီကို ၂၅% လှူဒါန်းမယ်လို့ ကမ်းလှမ်းထားပါတယ်၊ ဒါကို ကျွန်တော်ပြန်လည် ရှာဖွေပြီး ရယူ သင့်ပါတယ်၊ ဒီလှူဒါန်းငွေက နယူးပို့တ်မှာနေထိုင်တဲ့ ဒေသခံအားလုံးကို မျှဝေပေးမယ်ဆိုရင် တစ်ဦးကို ၁၇၅ ဒေါ်လာစီ ရရှိမှာပါ၊ ကံမကောင်းစွာနဲ့ပဲ သူတို့က ကမ်းလှမ်းမှုကို ငြင်းဆန်ထားပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဆွေးနွေးသွားဖို့ ကြိုးစားနေပါတယ်” လို့ James က CNN ကို ပြောဆိုခဲ့ပါတယ်။

မြို့တော်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကတော့ “ကျွန်မတို့ရဲ့ လိုင်စင် သတ်မှတ်ချက်တွေအောက်မှာ တူးဖော်လို့မရဘူးလို့ သူ့ကို အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ပြီးပါပြီ၊ ဒီလိုတူးဖော်မှုက ပတ်ဝန်းကျင်ကိုလည်းသက်ရောက် မှုအများကြီး ရှိနေစေမှာပါ၊ ပြီးတော့ အမှိုက်တွေကို တူးတာ၊ ပြန်သိမ်းဆည်းတာတွေ အတွက်လည်း ကုန်ကျမှာက ပေါင် သန်းနဲ့ချီမှာပါ၊ ရှာတွေ့မယ်ဆိုတာရော၊ အလုပ်လည်ပတ်ဖို့ အတွက်ရော ဘာအာမခံချက်မှ မရှိပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ Source ; therivernews

Tags:

Add a Comment

Your email address will not be published. Required fields are marked *