ဧကပေါင်း၂သိန်း၎သောင်းကျော်နဲ့ အမေရိကန်မှာ လယ်ယာမြေအများဆုံး ပိုင်ဆိုင်သူဖြစ်လာပြန်တဲ့ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်

ဧကပေါင်း ၂ သိန်း ၄ သောင်းကျော်နဲ့ အမေရိကန်မှာ လယ်ယာမြေအများဆုံး ပိုင်ဆိုင်သူဖြစ်လာပြန်တဲ့ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်

ကမ္ဘာ့အချမ်းသာဆုံးလို့ လူသိများထင်ရှားတဲ့ မိုက်ခရိုဆော့ဖ်သူဌေးကြီး ဘီဂိတ်လ်ဟာ ၂၀၀၀ ပြည့်နှစ်လွန် ကာလတွေက စတင်ကာ သူ့ရဲ့ငွေကြေးတွေကို လယ်ယာမြေတွေမှာ ရင်းနှီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လယ်ယာစိုက်ပျိုးရေးကို စိတ်ဝင်စားခဲ့တဲ့ ဘီလ်ဂိတ်ဟာ မြေဧကပေါင်း အများ အပြားမှာ ရင်းနှီးမြုပ်နှံ ခဲ့တယ်လို့သိရပြီး အခုအခါမှာတော့ အမေရိကန်မှာ လယ်ယာမြေအများဆုံး ပိုင်ဆိုင်သူဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်းက ပြည်နယ် ၁၂ ခုထက်မနည်းမှာ ဘီလ်ဂိတ်ပိုင်ဆိုင်တဲ့ မြေဧကပေါင်းက နှစ်သိန်းလေးသောင်း ကျော်အထိ ရှိတယ်လို့ သိရပြီး တော်တော်လေးကို များပြားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ဒါဟာ ဘီလ်ဂိတ်ရဲ့ နောက်ထပ်ပိုင်ဆိုင်မှု အသစ်တွေအဖြစ် ရှိလာခဲ့ပြီး မိုက်ခရိုဆော့ဖ်ကနေ အနားယူခဲ့တဲ့ ဘီလျံနာသူဌေးအတွက်ကတော့ အစွန်အဖျားသာသာလောက်သာ ရှိနေဖွယ်လည်းရှိပါတယ်။

The Land ရဲ့ ဖော်ပြခဲ့တဲ့ အစီရင်ခံစာတွေအရဆိုရင် ဘီလ်ဂိတ်ဟာ လူဝီစီးယားနား ပြည်နယ်မှာ မြေဧကပေါင်း ၆၉၀၇၁ ဧက အာကန်ဆက်ပြည်နယ်မှာ မြေဧကပေါင်း ၄၇၉၂၇ ဧက နီဘရာစကာပြည်နယ်မှာ မြေဧကပေါင်း ၂၀၅၈၈ ဧက အရီဇိုးနားပြည်နယ်မှာ မြေဧကပေါင်း ၂၅၇၅၀ ဧက ၀ါရှင်တန်စတိတ်မှာ မြေဧကပေါင်း ၁၆၀၉၇ ဧက အထိ ပိုင်ဆိုင်ထားခဲ့ပြီလို့ သိရပါတယ်။

ဒီပိုင်ဆိုင်မှုတွေကို ဖော်ပြခဲ့တဲ့ The Land မဂ္ဂဇင်းဟာ ဘီလ်ဂိတ်မိသား စုက ငှားရမ်းခဲ့တဲ့ ဘဏ္ဍာရေးမန်နေဂျာ Michael Larson က Wall Street ဂျာနယ်ကို ထုတ်ဖော်ပြောဆိုမှုတွေကို ကိုးကားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ပြောဆိုမှုအရဆိုရင် ဘီလ်ဂိတ်တို့ ဇနီးမောင်နှံဟာ အမေရိကန်နိုင်ငံတဝှမ်းမှာ ဧကပေါင်း တစ်သိန်းကျော်အထိကို ရင်းနှီးမြုပ်နှံခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကိန်းဂဏန်းရဲ့ ၂ ဆအထိတောင် ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

ပရဟိတ အလုပ်တွေကိုလည်း စိတ်ပါဝင်စားစွာ လုပ်ကိုင်ခဲ့တဲ့ ဘီလ်ဂိတ်တို့ဇနီးမောင်နှံဟာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလကစပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေက လယ်သမားတွေကို ကူညီပေးဖို့ ကြိုးပမ်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ခန့် အတွင်းကလည်း ဘီလ်ဂိတ်ဟာ Gates Ag One ဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး အကျိုးအမြတ် နည်းပါးစွာရရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် စိုက်ပျိုးရေးကို ပိုမိုတိုးမြှင့်အောင် ဆောင်ရွက်ခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *