Unicode … ရာနဲ့ချီသောခရီးသွားများကို ဆွဲဆောင်လျှက်ရှိတဲ့ အမေရိကန် New Hampshire မှာရှိတဲ့ ရေခဲ ရဲတိုက်များ
အမေရိကန် ပြည်ထောင်စု New Hampshire မြောက်ပိုင်း Woodstock တွင် တည်ဆောက်ထားသော ‘ ရေခဲရဲတိုက် အပန်းဖြေစခန်း’ ဟာ ယခု အပါတ်တွင် ရာနှင့်ချီသော ခရီးသွား ဧည့်သည် များကို ဆွဲဆောင်လျက် ရှိကြောင်း သိရပါတယ်။
ပူနွေးသော ရာသီဥတုနှင့် မိုးကြောင့် အပန်းဖြေ စခန်းဖွင့်ပွဲကို ရက် သတ္တပါတ်ကြာ နှောင့်နှေးခဲ့ရ ပါတယ်။ ရေခဲပြင် ရဲတိုက်များကို ရေခဲငယ်များဖြင့် စတင်ပြီး အနုပညာရှင်များစွာက ပုံဖော်တည်ဆောက် ခဲ့ကြတာ ဖြစ်ပါတယ်။
ရေခဲ ရဲတိုက်ကို ရက်သတ္တပါတ်များစွာအတွက် တာရှည်အောင် ရေဖျန်းခြင်းနှင့် အေးခဲသော အပူချိန်ကို အသုံးပြု၍ တည်ဆောက်ခဲ့တာ ဖြစ်ပြီး တစ်ချို့ရေခဲ ရဲတိုက်များဟာ ပေ ၂၀ အထိ မြင့်ကြောင်း သိရှိရပါတယ်။Source ; MRTV
Add a Comment
Your email address will not be published. Required fields are marked *