ရဟန်းဝတ်ခဲ့တဲ့ ဘုန်းကြီးကျောင်းလေးမှာ သိန်း ၁၀၀ မတည်ပြီး သိမ်ကျောင်းဆောင်လုပ်ပေးသွားမယ့် ပိုင်တံခွန်
|ရဟန်းဝတ်ခဲ့တဲ့ ဘုန်းကြီးကျောင်းလေးမှာ သိန်း (၁၀၀) မတည်ပြီး သိမ်ကျောင်း ဆောင်လုပ်ပေးသွားမယ့် ပိုင်တံခွန်
“ကျနော်က ဒီဘုန်းကြီးကျောင်းလေးမှာ ဆံချပြီး ရဟန်းဘဝ ရခဲ့တာပါအဓိကက ကျောင်းလေးက ဆင်းရဲတဲ့အတွက် ဒီနေရာမှာ သာသနာ လုပ်ငန်းတွေ လုပ်ပေးချင်တဲ့ ဆန္ဒကြောင့် တခြားကျောင်းမှာမဝတ်ပဲ ကျနော်ဒီမှာ ရဟန်းဝတ်ခဲ့တာပါ။
ဒီဘုန်ကြီးကျောင်းလေးက အလှူရှင် အရမ်းနည်းပါးတဲ့အပြင် ရဟန်းနေဖို့အဆောင် ၊ ထမင်းစားဆောင် ၊ တရားချတဲ့အဆောင်၊ စာသင်ဆောင်၊ ရဟန်းတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ သိမ်ကျောင်းဆောင်ရယ်လို့ ကျောင်းဝင်းထဲမှာ မရှိပါဘူး။ သိမ်မရှိတော့ တခြားဘုန်းကြီးကျောင်းမှာ ကျနော်သိမ်ဝင်ရပါတယ်။ ဆရာတော်ကလည်း မေတ္တာကြီးမားသလို ဘယ်သူ့ဆီမှာမှ အလှူလည်းမခံခဲ့ပါဘူး ။
ကျနော်ကရဟန်းအဖြစ်နဲ့ ဒီကျောင်းလေးမှာ တစ်ရက်ပဲ ကုသိုလ်ရေးတွေ လုပ်ဖြစ်ခဲ့တယ်။ ပြီးတော့မှ တယောက်တည်း တရားအားထုတ်ချင်လို့ မြဝတီမြို့ကို ထွက်သွားပြီး သစ်တံခါးဆရာတော် ဘုရားကြီးဆီမှာ ရဟန်းဘဝနဲ့ ကုသိုလ်ရေးတွေလုပ်ပြီး တရားအားထုတ်ခဲ့ပါတယ်။
မြဝတီမသွားခင်မှာလည်း ဆရာတော်ကို ပြောခဲ့ပါတယ် တပည့်တော်လူထွက်လာရင် ဒီကျောင်းကို အစစအရာရာ ပြည့်စုံအောင် မတည်ပြီး လှူဒါန်းပေးမယ်လို့ တယောက်တည်းမနိုင်ရင်လည်း ပရိတ်သတ်တွေကိုလည်း နိဗ္ဗာန်ဆော်ပေးမယ်လို့ ပြောခဲ့ပါတယ်။
အခု ဒီဘုန်းကြီးကျောင်းလေးအတွက် ပထမအနေနဲ့ သိမ်ကျောင်းတိုက်ကို အရင်ဆုံး ဆောက်လုပ်လှူဒါန်းပေးခြင်တဲ့အတွက် ကျနော်ကစပြီး အလှူငွေကျပ် သိန်းတစ်ရာ မတည်လိုပါတယ်။ ပရိတ်သတ်တွေကိုလည်း သံသရာမှာ ကျနော်နဲ့ ရေစက်အတူတူ ပါအောင် ငွေ ၁၀၀၀ / ၁၀၀၀၀ ကစ ပါဝင်လှူဒါန်းပေးပါလို့ နိဗ္ဗာန်ဆော်ပါရစေ” လို့ သူနဲ့အတူ ပါဝင်ကုသိုလ်ယူကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ Source ; PaingTakhon