ကာကွယ်ဆေးဝယ်ယူရေး မိတ္ထီလာမြို့၌ အလှူငွေကောက်ခံရာ သုံးရက်အတွင်း ကျပ်သိန်း ၁,၅၀၀ ခန့်ရရှိ

ကာကွယ်ဆေးဝယ်ယူရေး မိတ္ထီလာမြို့၌ အလှူငွေကောက်ခံရာ သုံးရက်အတွင်း ကျပ်သိန်း ၁,၅၀၀ ခန့်ရရှိ

နိုင်ငံတော်၏ COVID-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရေး လုပ်ငန်းသို့ လှူဒါန်းရန် မိတ္ထီလာမြို့၌ အလှူငွေ ကောက်ခံရာ သုံးရက်အတွင်း ကျပ်သိန်း ၁,၅၀၀ ခန့်ရရှိကြောင်း မိတ္ထီလာမြို့ ဦးဆောင်စေတနာ ရှင်များအဖွဲ့မှ ဦးညီညီမောင်က ပြောကြားသည်။

အလှူငွေကောက်ခံရေးကို မိတ္ထီလာရှိ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းတိုင်ပင်လုပ်ဆောင် ခြင်းဖြစ်ပြီး မြို့ပေါ်ရှိ သာသနာ့ဗိမာန်တွင် အလှူခံဌာနကို ဇန်န ဝါရီ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ အလှူခံဌာနမဖွင့်လှစ်မီ မြို့ပေါ်မှ အလှူရှင်များအား ဖိတ်ကြားပြီး ဦးစွာရှင်းပြခဲ့ကြောင်း ဦးညီညီမောင်က ပြောသည်။

COVID-19 ကာကွယ်ဆေး နိုင်ငံတော်ကဝယ်လိမ့်မယ်။ အဲဒီဝယ်တဲ့အထဲကို ကျွန်တော် တို့မြို့အနေနဲ့ ပူးပေါင်းပါဝင်လှူ ဒါန်းရအောင်ပေါ့။ အလှူရှင်ကြီး တွေကိုဖိတ်တယ်’’ဟု ၎င်းကဆို သည်။

ထို့နောက် ဇန်နဝါရီ ၁၃ ရက်တွင် မြို့ပေါ်ရှိ ပရဟိတအသင်း အဖွဲ့များကို ဖိတ်ကြားပြီး အလှူခံမှုကို ခုနစ်ရက်ကြာပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း၊ အသင်းအဖွဲ့များ အဖွဲ့ခွဲ့ပြီး အလှူခံခဲ့ရာ ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီထိ ကျပ် သိန်းပေါင်း ၁,၄၅၀ ကျော်ရရှိပြီး ဖြစ်ကြောင်း ဦးညီညီမောင်က ရှင်းပြသည် ။ ခုနစ်ရက်ပြည့်ပါက ရရှိသည့် အလှူငွေများကို မြန်မာ့ စီးပွားရေးဘဏ်မှတစ်ဆင့် လှူဒါန်းသွားမည်ဟု ၎င်းကဆိုသည်။

” ဒီကမ္ဘာကြီးတစ်ခုလုံး ဖြစ်ပေါ်နေတဲ့ ရောဂါကပ်ဆိုးကြီးဆိုတော့ ဦးတို့ကတက်တက်ကြွကြွ ထက်ထက်သန်သန်နဲ့လည်း လုပ်ကြတယ်။ အလှူရှင်တွေအနေနဲ့လည်း အရင့်အရင် လှူတဲ့ပုံစံ မဟုတ်ဘဲနဲ့ အရင်တုန်းက တစ် သိန်းလောက်ဆို အခုဆယ်ချီလှူပေးနေတာကို ဦးတို့အနေနဲ့ဝမ်းသာမိတယ်။ လောလောဆယ် တစ်ထောင်လောက်ကနေလှူနေကြတာ အများဆုံးသိန်းတစ်ရာအထိ လှူတယ်။ အခုလက်ရှိ သိန်းတစ်ရာအထိ နှစ်ဦးပေါ့’’ဟု ဦးညီညီမောင်က ပြောသည်။

မိတ္ထီလာမြို့၏ ကိုဗစ်ကာ ကွယ်ဆေးအတွက် အလှူငွေ ကောက်ခံမှုကို ပျော်ဘွယ်မြို့မှ လာရောက်လေ့လာ၍ လုပ်ထုံး လုပ်နည်းပုံစံများကို ရှင်းပြခဲ့ ကြောင်း ၎င်းက ဆိုသည်။

” သူတို့လည်း အလှူခံဖွင့် နေပြီလို့ ကြားပါတယ်။ ဦးတို့က လည်း တစ်နိုင်ငံလုံးက မြို့တွေအကုန်လုံးက ပူးပေါင်းပါဝင်ဖို့ ဦးတို့ လှူဒါန်းမှုတွေ သာဓုခေါ်မယ်၊ အ တုယူပြီးတော့ လုပ်ပေးကြပါလို့ တိုက်တွန်းချင်တယ်’’ဟု ဦးညီညီမောင်က ပြောသည်။

မိတ္ထီလာမြို့မှ အသင်းအဖွဲ့များ စုပေါင်းပြီး ယခင်ကလည်း ရခိုင် ပဋိပက္ခဒဏ်ခံစားရသူများ၊ ကချင်စစ်ဘေးရှောင်များ၊ မကွေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း၊ ကရင်၊ မွန်ပြည်နယ်ရေကြီးမှုဖြစ် စဉ်များမှ ရေဘေးဒုက္ခသည်များသို့လည်း အကူအညီပေးခဲ့ ကြောင်း ၎င်းကပြောသည်။

နိုင်ငံတော်အနေဖြင့်လည်း COVID-19 ကာကွယ်ဆေး ဝယ် ယူရန် အမေရိကန်ဒေါ်လာ သန်း ၂၅၀နှင့် ကျပ်သန်းတစ်ထောင် မတည်၍ ရန်ပုံငွေထူထောင် ထားကြောင်း၊ ပြည်တွင်းပြည်ပမှ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာထားသကဲ့သို့ နိုင်ငံပိုင်သတင်းစာများ၌ လည်း ထည့်ဝင်လှူဒါန်းနိုင်သည့် ငွေစာရင်းအမှတ်များ၊ ဆက်သွယ်လှူဒါန်း နိုင်သည့် ဖုန်းနံပါတ်များကို ဖော်ပြထားသည်။ Source ; 7 Day

Add a Comment

Your email address will not be published. Required fields are marked *