ပိတ်မိနေတဲ့ တရုတ်ရွှေမိုင်းတွင်းလုပ်သားတွေရဲ့ ကယ်ဖို့တောင်းခံတဲ့ လက်ရေးစာက သူတို့အတွက် အကူအညီဖြစ်နိုင်ပါစေ

ပိတ်မိနေတဲ့ တရုတ်ရွှေမိုင်းတွင်းလုပ်သားတွေရဲ့ ကယ်ဖို့တောင်းခံတဲ့ လက်ရေးစာက သူတို့အတွက် အကူအညီဖြစ်နိုင်ပါစေ

မနေ့ကတော့ မိုင်းတွင်းပြိုကျမှုကြောင့် မြေအောက်ရောက်နေရသူတွေ ထံကနေ လက်ရေးစာ တစ်စောင်ကို ကယ်ဆယ်သူတွေ ရရှိခဲ့ကြပါတယ်။ သတင်းပေးပို့ ချက်အရ မီတာ(၆၀၀) မြေအောက်မှာ မိုင်းလုပ်သား (၁၂) ဦး ပိတ်မိ အသက်ရှင်နေဆဲ ဖြစ်ကြောင်းသိခဲ့ရပါတယ်။ မိုင်းလုပ်သားတွေအောက်မှာ ပိတ်မိနေတာ ဒီနေ့နဲ့ဆို (၉) ရက် ရှိပါပြီ။

သူတို့ဘေးပတ်လည်မှာ ရေတွေဝိုင်းနေပြီး ဒဏ်ရာတွေလည်း ရထားကြသလို ဆေးဝါး လိုအပ်ချက်တွေလည်း ရှိတယ်လို့ ပြောလာပါတယ်။ ဒီမိုင်းတွင်းက ရှန်ဒုံပြည်နယ် ချီးရှားမြို့ အနီးမှာရှိပြီး ပေါက်ကွဲမှု တစ်ခုကြောင့် မိုင်းတွင်းဝင်ပေါက် ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ (၁၂) ဦး အသက်ရှင် နေကြောင်း သိရပေမဲ့ ကျန် (၁၀) ဦးကတော့ သတင်းမရ သေးပါဘူး။

(၄) ဦး ဒဏ်ရာရနေပြီး ကယ်ဆယ်မှုတွေကို မရပ်ဘဲ ကယ်ပေးပါလို့ စာမှာ တောင်းဆို ထားပါတယ်။ ရုပ်သံ ရိုက်ကူးမှုတွေအရ ခေါက်သံတွေကြားရပြီး လက်ရှိမှာတော့ အစားအစာနဲ့ သောက်ရေတွေကို ဝိုင်ယာကြိုးနဲ့ချည်ပြီးအ ပေါက်ငယ်လေးက တစ်ဆင့် ပေးပို့နေနိုင် ပါတယ်။ တရုတ် လူမှုမီဒီယာမှာတော့ ရက်အတော်ကြာ အချိန်ယူပြီး ကယ်တင်ရမဲ့ အခြေအနေမို့ ကံဆိုးကံကောင်း မပြောနိုင်ဘူးလို့လည်း သုံးသပ်နေကြပါတယ်။

ဝီဘိုက တင်ထားတဲ့ gold mine incident ကို ဝင်ကြည့်သူပေါင်း သန်း (၁၃၀) လောက် ရှိနေပါတယ်။ “မနက်နိုးနိုးချင်း ဒီစာကိုဖတ်လိုက်ရတာ မျက်ရည်တွေတောင် ကျဆင်းလာပါတယ်။ အမြန်ဆုံးကယ်တင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ် ” လို့ ဝီဘို သုံးစွဲသူတစ်ဦးက ပြောပါတယ်။ မစ်ရှင်မှာ ပါဝင်နေရသူ တစ်ဦးကတော့ “ အချိန်နဲ့အမျှ တိုက်ပွဲဝင် နေရပါတယ် ။ ဒီပြိုင်ပွဲမှာ နိုင်မှဖြစ်မယ်” လို့ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ဆက်သွယ်ရေးစနစ်တွေနဲ့ မိုင်းတွင်းဝင်ပေါက် ပျက်စီးပိတ်ဆို့သွားပြီး ပိုင်ဆိုင်တာကတော့ ရှန်ဒုံဝူကိုင်လောင် ရင်းနှီးမြှုပ်နှံမှုက ဖြစ်ပါတယ် ။ တာဝန်ရှိသူ (၂) ဦးကိုတော့ ဒီမတော်တဆမှုအတွက် ဖမ်းဆီးထားပြီဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။

မိုင်းတွင်း မတော်တဆမှုတွေဟာ တရုတ်နိုင်ငံမှာ ဖြစ်လေ့ရှိပြီး စီမံဆောင်ရွက်ချက် အားနည်းမှုတွေကြောင့်ဖြစ်ပါတယ်။ မိုင်းတွင်းလုပ်သား အားလုံးကို အသက်ရှင်လျက် ရရှိဖို့ ကူညီကယ်ဆယ်မှုတွေကိုတော့ ဆက်လုပ်နေကြောင်း သိရပါတယ်။ Source ; AFP

Tags:

Add a Comment

Your email address will not be published. Required fields are marked *