မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး ယနေ့ စရောက်တော့မည်
|မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး ယနေ့ စရောက်တော့မည်
မြန်မာ အပါအဝင် ၆ နိုင်ငံသို့ ကိုဗစ် ကာကွယ်ဆေးများ ပေးပို့ခြင်း အစီအစဉ်ကို ယနေ့ စတင်မည်ဖြစ်ကြောင်း အိန္ဒိယက သတင်းထုတ်ပြန် လိုက်ပါသည် ။ India နိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဌာန၏ မနေ့က သတင်းထုတ်ပြန်ချက်အရ မြန်မာ၊ ဘူတန်၊ နီပေါ၊ မောလ်ဒိုက်၊ Bangladesh နှင့် Seychelles သို့ India နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးများကို ၂၀.၁.၂၀၂၁ ရက်မှ စ၍ ပေးပို့သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် အာဖဂန်နစ္စတန်၊ Sri Lanka နှင့် Mauritius နိုင်ငံများ သို့လည်း ဆက်လက်ပေးပို့ရန် အစီအစဉ်ရှိကြောင်း၊ ကမ္ဘာအနှံ့ ဖြန့်ဝေပေးပို့ သွားမည်ဖြစ်ရာ နိုင်ငံ ၉၀ ကျော်သို့ ဖြန့်ဝေမည့် COVAX အစီအစဉ် အပါအဝင် နိုင်ငံတကာ၏ လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
မြန်မာကIndia၏ Serum Institute မှ လူဦးရေ ၁၅ သန်း အတွက် Covishield အမည်ရှိ Oxford/ AstraZenica ကာကွယ်ဆေး အလုံး သန်း ၃၀ ဝယ်ယူရေး စာချုပ်ကို ၂၄.၁၂. ၂၀ ရက်က ချုပ်ဆို၍ ၅ . ၁ . ၂၀၂၁ ရက်တွင် ကုန်အမှာ ပို့ခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။ crd ; HanZinAung