ပန္းဘဲတန္းၿမိဳ့နယ္တြင္ အရွည္ေပ၆၅၀ခန႔္ရွိေသာ ေနာက္ေဖးလမ္းၾကားကို ဥယ်ာဥ္အျဖစ္ျပဳျပင္ေန

ပန္းဘဲတန္းၿမိဳ့နယ္တြင္ အရွည္ေပ ၆၅၀ ခန႔္ရွိေသာ ေနာက္ေဖးလမ္းၾကားကို ဥယ်ာဥ္အျဖစ္ ျပဳျပင္ေန

ေနာက္ေဖးလမ္းၾကား စိမ္းလမ္းစိုေျပေရးအတြက္ ပန္းဘဲတန္းၿမိဳ့နယ္ အလယ္ဘေလာက္ လမ္း ၃၀ ႏွင့္ ၂၉ လမ္းရွိ အရွည္ေပ ၆၅၀ ခန႔္ရွိေသာ ေနာက္ေဖးလမ္းၾကားကို “စိမ္းလမ္းစိုေျပ ဥယ်ာဥ္ေျမ” အျဖစ္ ဖန္တီးျပဳလုပ္ေနသည္။

အဆိုပါ စိမ္းလမ္းစိုေျပ ဥယ်ာဥ္ေျမ ေနာက္ေဖးလမ္းၾကားကို ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရး ေကာ္မတီ၊ ရပ္ကြက္ေန ျပည္သူမ်ားႏွင့္ ဒို့အိမ္အဖြဲ႕တို့က ပူးေပါင္း လုပ္ေဆာင္ျခင္းျဖစ္ၿပီး လာမည့္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔တြင္ ဖြင့္လွစ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းစိမ္းလမ္းစိုေျပ ဥယ်ာဥ္ေျမ ေနာက္ေဖးလမ္းၾကား အုတ္နံရံတြင္ ေဆးေရာင္ျခယ္ထားေသာ ပန္းခ်ီကားခ်ပ္မ်ားကို ပန္းဘဲတန္းၿမိဳ့နယ္ ပန္းခ်ီပန္းပု အစည္းအ႐ုံးက အခမဲ့ ပန္းခ်ီေရးဆြဲ ေပးျခင္းျဖစ္ၿပီး ကေလးကစားစရာကြင္း၊ ဖူဆယ္ ေဘာလုံးကြင္းႏွင့္ စာၾကည့္တိုက္တို့လည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ပန္းဘဲတန္းၿမိဳ့နယ္တြင္ အပန္းေျဖဥယ်ာဥ္အျဖစ္ အဆင့္ျမႇင့္တင္ထားေသာ ေနာက္ေဖးလမ္းၾကား ဥယ်ာဥ္ ေျခာက္ခုရွိၿပီး အပန္းေျဖ ဥယ်ာဥ္အျဖစ္ အဆင့္မျမႇင့္တင္ရေသာ ေနာက္ေဖးလမ္းၾကား ခုႏွစ္ခု က်န္ရွိေနေသးေၾကာင္းလည္း သိရသည္။ source ; မဇၩိမ

Unicode … ပန်းဘဲတန်းမြို့နယ်က အရှည်ပေ ၆၅၀ ခန့်ရှိသော နောက်ဖေးလမ်းကြားကို ဥယျာဉ်အဖြစ် ပြုပြင်နေ

နောက်ဖေးလမ်းကြား စိမ်းလမ်းစိုပြေရေးအတွက် ပန်းဘဲတန်းမြို့နယ် အလယ်ဘလောက် လမ်း ၃၀ နှင့် ၂၉ လမ်းရှိ အရှည်ပေ ၆၅၀ ခန့်ရှိသော နောက်ဖေးလမ်းကြားကို “စိမ်းလမ်းစိုပြေ ဥယျာဉ်မြေ” အဖြစ် ဖန်တီးပြုလုပ်နေသည်။

အဆိုပါ စိမ်းလမ်းစိုပြေ ဥယျာဉ်မြေ နောက်ဖေးလမ်းကြားကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရပ်ကွက်နေ ပြည်သူများနှင့် ဒို့အိမ်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစိမ်းလမ်းစိုပြေ ဥယျာဉ်မြေ နောက်ဖေးလမ်းကြား အုတ်နံရံတွင် ဆေးရောင်ခြယ်ထားသော ပန်းချီကားချပ်များကို ပန်းဘဲတန်းမြို့နယ် ပန်းချီပန်းပု အစည်းအရုံးက အခမဲ့ ပန်းချီရေးဆွဲ ပေးခြင်းဖြစ်ပြီး ကလေးကစားစရာကွင်း၊ ဖူဆယ် ဘောလုံးကွင်းနှင့် စာကြည့်တိုက်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် အပန်းဖြေဥယျာဉ်အဖြစ် အဆင့်မြှင့်တင်ထားသော နောက်ဖေးလမ်းကြား ဥယျာဉ် ခြောက်ခုရှိပြီး အပန်းဖြေ ဥယျာဉ်အဖြစ် အဆင့်မမြှင့်တင်ရသော နောက်ဖေးလမ်းကြား ခုနှစ်ခု ကျန်ရှိနေသေးကြောင်းလည်း သိရသည်။ source ; မဇ္ဈိမ

Add a Comment

Your email address will not be published. Required fields are marked *