Unicode … အစားပုတ်တဲ့ အင်ဒိုက ချစ်စရာ အော်ရန်အူတန်လေး
လက်ထဲမှာလည်း ဌက်ပျောသီးတွေကိုင် ပါးစပ်ထဲမှာလည်း ဆံ့သလောက် ထည့်ပြီး သစ်ပင်ပေါ်တက်နေတဲ့ အင်ဒိုနီးရှားက အစားပုတ် အော်ရန်အူတန်လေးကို ဓာတ်ပုံဆရာက ချစ်စရာကောင်းအောင် အမိအရ ရိုက်ယူ ထားတာပါ ။ ဌက်ပျောသီးက (၉) လုံးတောင်ပါ။
ဒီအော်ရန်အူတန်လေးကတော့ အင်ဒိုက တန်ဂျွန်ပူတင်း အမျိုးသားဥယျာဉ်အတွင်းကဖြစ်ပြီး ဒဏ်ရာရ (သို့) သားပေါက်အရွယ်မှာ အခြား အော်ရန်အူတန်များနည်းတူ ကယ်ဆယ်ခံရပြီး ခုကတော့ ပြန်လည် ထူထောင်ရေး ဧရိယာမှာ ကျက်စားနေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံဆရာ လိုက်တန်လွမ်းက ဒီပုံတွေကို ရိုက်ယူ ထားတာပဲ ဖြစ်ပါတယ်။ တောခေါင်းတွေဟာ အော်ရန်အူတန် လေးတွေအတွက် မနက်တိုင်းလာပြီး ဌက်ပျောသီးတွေ လာကျွေးတတ် ကြတယ်လို့လည်း သိရပါတယ်။ Source – CGTN / crd ; MRTV
Add a Comment
Your email address will not be published. Required fields are marked *