ျမန္မာအလုပ္သမားမ်ားအတြက္ EU မွ ယူရို ၅ သန္း ထပ္မံေထာက္ပံ့မည္
|ျမန္မာအလုပ္သမားမ်ားအတြက္ EU မွ ယူရို ၅ သန္း ထပ္မံေထာက္ပံ့မည္
ကိုဗစ္ကပ္ေရာဂါကာလ ျမန္မာနိုင္ငံမွာ အခက္အခဲ ႀကဳံေနရတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြက အလုပ္သမားေတြကို ဒီႏွစ္မွာ ယူရိုေငြ (၅) သန္း ဆက္လက္ ေထာက္ပံ့မယ္လို့ ဥေရာပသမဂၢ EU က ထုတ္ျပန္ လိုက္ပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္ကလည္း ယူရိုေငြ (၅) သန္းကို EU ရဲ့ “ ျမန္ကူ ” လို့ အမည္ေပးထားတဲ့ အကူ အညီေပးေရး အစီအစဥ္ကေန ေထာက္ပံ့ေပးခဲ့ပါတယ္။
အဲဒီေထာက္ပံ့ေငြကို ၿပီးခဲ့တဲ့ႏွစ္ ေမလကစၿပီး အထည္ခ်ဳပ္၊ အထည္ အလိပ္၊ အိပ္နဲ႔ ဖိနပ္ ထုတ္လုပ္ေရး က႑ေတြက ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး ၉၀၀ ေလာက္ အပါအဝင္ အလုပ္အကိုင္ အခက္အခဲ ႀကဳံေနရတဲ့ အလုပ္သမား ၆၀,၀၀၀ ေက်ာ္အတြက္ သုံးစြဲခဲ့တာပါ။
ဒီႏွစ္မွာလည္း လူမွုဖူလုံေရး အဖြဲ႕အစည္းေတြနဲ႔ ထပ္မံပူးေပါင္းၿပီး ေထာက္ပံ့သြားဖို့ စီစဥ္ေနတယ္လို့ ဆိုပါတယ္။ အခုေထာက္ပံ့ေငြကို ျမန္ကူ အဖြဲ႕ဆီမွာ တိုက္ရိုက္ ေလၽွာက္ထားနိုင္သလို မိတ္ဖက္ အလုပ္သမား အဖြဲ႕အစည္းေတြကေန တဆင့္လည္း ေလၽွာက္ထားနိုင္ပါတယ္။
ကိုဗစ္ကပ္ေရာဂါကာလမွာ အထည္ခ်ဳပ္လုပ္သား အမ်ားစုအပါအဝင္ စက္မွုဇုန္ေတြက လုပ္သား တစ္သိန္း ေက်ာ္ အလုပ္ကေန ယာယီ ရပ္နားခံထားရတဲ့အေၾကာင္း အစိုးရရဲ့ တရားဝင္ စာရင္းေတြက ေဖာ္ျပထားေပမယ့္ အလုပ္သမား အဖြဲ႕အစည္း ေတြကေတာ့ ဒီထက္ပိုမ်ားမယ္လို့ ခန္းမွန္းထားပါတယ္။ Source ; One News Myanmar
Unicode … အလုပ်သမားများအတွက် EU က ယူရို ၅ သန်း ထပ်မံထောက်ပံ့မည်
ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ အခက်အခဲ ကြုံနေရတဲ့ အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမားတွေကို ဒီနှစ်မှာ ယူရိုငွေ (၅) သန်း ဆက်လက် ထောက်ပံ့မယ်လို့ ဥရောပသမဂ္ဂ EU က ထုတ်ပြန် လိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း ယူရိုငွေ (၅) သန်းကို EU ရဲ့ “ မြန်ကူ ” လို့ အမည်ပေးထားတဲ့ အကူ အညီပေးရေး အစီအစဉ်ကနေ ထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီထောက်ပံ့ငွေကို ပြီးခဲ့တဲ့နှစ် မေလကစပြီး အထည်ချုပ်၊ အထည် အလိပ်၊ အိပ်နဲ့ ဖိနပ် ထုတ်လုပ်ရေး ကဏ္ဍတွေက ကိုယ်ဝန်ဆောင် အမျိုးသမီး ၉၀၀ လောက် အပါအဝင် အလုပ်အကိုင် အခက်အခဲ ကြုံနေရတဲ့ အလုပ်သမား ၆၀,၀၀၀ ကျော်အတွက် သုံးစွဲခဲ့တာပါ။
ဒီနှစ်မှာလည်း လူမှုဖူလုံရေး အဖွဲ့အစည်းတွေနဲ့ ထပ်မံပူးပေါင်းပြီး ထောက်ပံ့သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အခုထောက်ပံ့ငွေကို မြန်ကူ အဖွဲ့ဆီမှာ တိုက်ရိုက် လျှောက်ထားနိုင်သလို မိတ်ဖက် အလုပ်သမား အဖွဲ့အစည်းတွေကနေ တဆင့်လည်း လျှောက်ထားနိုင်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလမှာ အထည်ချုပ်လုပ်သား အများစုအပါအဝင် စက်မှုဇုန်တွေက လုပ်သား တစ်သိန်း ကျော် အလုပ်ကနေ ယာယီ ရပ်နားခံထားရတဲ့အကြောင်း အစိုးရရဲ့ တရားဝင် စာရင်းတွေက ဖော်ပြထားပေမယ့် အလုပ်သမား အဖွဲ့အစည်း တွေကတော့ ဒီထက်ပိုများမယ်လို့ ခန်းမှန်းထားပါတယ်။ Source ; One News Myanmar