ငွားရမ္းလာသည့္ရည္းစာအား ဝန္ေဆာက္မႈေပးတာထက္ပိုၿပီး အခြင့္အေရးယူခဲ့လို႕ ေထာင္ဒဏ္ခ်မွတ္ခံလိုက္ရတဲ့ ထိုင္ဝမ္ေက်ာင္းသား

ငွားရမ္းလာသည့္ရည္းစာအား ဝန္ေဆာက္မႈေပးတာထက္ပိုၿပီး အခြင့္အေရးယူခဲ့လို႕ ေထာင္ဒဏ္ခ်မွတ္ခံလိုက္ရတဲ့ ထိုင္ဝမ္ေက်ာင္းသား

ထိုင္ဝမ္မွာ တကၠသိုလ္ေက်ာင္းသား တစ္ဦးဟာ နာရီနဲ႕ငွားလာတဲ့ ရည္းစားျဖစ္သူကို အရမ္း နီးနီး ကပ္ကပ္ ေနလြန္းတဲ့အတြက္ ေထာင္ဒဏ္ ခ်မွတ္ခံခဲ့ရတယ္လို႔ သိ ရပါတယ္။

၂၀၁၉ ခုႏွစ္မွာ ခ်န္းလို႔သာသိရတဲ့ ေက်ာင္းသားေလးဟာ ေဒၚလာ ၂၆၀ အ ကုန္ခံၿပီး ဟန္ေဆာင္ ရည္စားကို သုံးနာရီစာ ငွားရမ္းခဲ့ပါတယ္။ “Love Acting-Extra” ကုမၸဏီနဲ႕ စာခ်ဳပ္ခ်ဳပ္တဲ့အခါ ခြင့္ျပဳတာနဲ႕ ခြင့္မျပဳတာေတြကိုပါ ထည့္သြင္း ေရးသားခဲ့ပါတယ္။

ဆံပင္ သပ္တင္ေပးခြင့္၊ ဖက္ခြင့္တို႔အထိ ခြင့္ျပဳထားေပမယ့္ နမ္းခြင့္၊ မသင့္ေတာ္တဲ့ ေနရာေတြကိုေတာ့ ထိပိုင္ခြင့္ မရွိပါဘူး။ ခ်ိန္းေတြ႕တဲ့ေန႕မွာ ခ်န္းဟာ အေစာပိုင္းမွာ ပုံမွန္သာျဖစ္ေပမယ့္ ျဖည္းျဖည္းခ်င္း ခြင့္မျပဳ တာေတြကို ေဖာက္ဖ်က္ လာခဲ့ပါတယ္။

မိန္းကေလးရဲ႕ ေပါင္ကို ထိျခင္း၊ ၾကယ္သီးျဖဳတ္ၿပီး ရင္ဘတ္ကို ၾကည့္ျခင္း တင္ပါးကိုင္ျခင္း တို႔အထိ လုပ္ေဆာင္ခဲ့ပါတယ္။ အငွားရည္းစား မိန္းကေလးက သုံးနာရီလုံး သည္းခံေနခဲ့ေပမယ့္ အခ်ိန္ျပည့္တာနဲ႕ အနီးဆုံးရဲစခန္း မွာ သြားေရာက္ တိုင္ၾကားခဲ့ပါတယ္။

ခ်န္းက ကတိအတိုင္း သုံးနာရီျပည့္တာနဲ႕ မိန္းကေလးကို ျပန္ခြင့္ေပးခဲ့သလို ရဲစခန္းမွာလည္း ျပစ္မႈေတြကို ဝန္ခံခဲ့တာေၾကာင့္ ေထာင္ဒဏ္ ေျခာက္လနဲ႕ေငြဒဏ္ ေဒၚလာ ၆၄၂၀သာ ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါ တယ္။ Source ; Pyi Myanmar

Unicode … ငှားရမ်းလာသည့်ရည်းစာအား ဝန်ဆောက်မှုပေးတာထက်ပိုပြီး အခွင့်အရေးယူခဲ့လို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ထိုင်ဝမ်ကျောင်းသား

ထိုင်ဝမ်မှာ တက္ကသိုလ်ကျောင်းသား တစ်ဦးဟာ နာရီနဲ့ငှားလာတဲ့ ရည်းစားဖြစ်သူကို အရမ်း နီးနီး ကပ်ကပ် နေလွန်းတဲ့အတွက် ထောင်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ သိ ရပါတယ်။

၂၀၁၉ ခုနှစ်မှာ ချန်းလို့သာသိရတဲ့ ကျောင်းသားလေးဟာ ဒေါ်လာ ၂၆၀ အ ကုန်ခံပြီး ဟန်ဆောင် ရည်စားကို သုံးနာရီစာ ငှားရမ်းခဲ့ပါတယ်။ “Love Acting-Extra” ကုမ္ပဏီနဲ့ စာချုပ်ချုပ်တဲ့အခါ ခွင့်ပြုတာနဲ့ ခွင့်မပြုတာတွေကိုပါ ထည့်သွင်း ရေးသားခဲ့ပါတယ်။

ဆံပင် သပ်တင်ပေးခွင့်၊ ဖက်ခွင့်တို့အထိ ခွင့်ပြုထားပေမယ့် နမ်းခွင့်၊ မသင့်တော်တဲ့ နေရာတွေကိုတော့ ထိပိုင်ခွင့် မရှိပါဘူး။ ချိန်းတွေ့တဲ့နေ့မှာ ချန်းဟာ အစောပိုင်းမှာ ပုံမှန်သာဖြစ်ပေမယ့် ဖြည်းဖြည်းချင်း ခွင့်မပြု တာတွေကို ဖောက်ဖျက် လာခဲ့ပါတယ်။

မိန်းကလေးရဲ့ ပေါင်ကို ထိခြင်း၊ ကြယ်သီးဖြုတ်ပြီး ရင်ဘတ်ကို ကြည့်ခြင်း တင်ပါးကိုင်ခြင်း တို့အထိ လုပ်ဆောင်ခဲ့ပါတယ်။ အငှားရည်းစား မိန်းကလေးက သုံးနာရီလုံး သည်းခံနေခဲ့ပေမယ့် အချိန်ပြည့်တာနဲ့ အနီးဆုံးရဲစခန်း မှာ သွားရောက် တိုင်ကြားခဲ့ပါတယ်။

ချန်းက ကတိအတိုင်း သုံးနာရီပြည့်တာနဲ့ မိန်းကလေးကို ပြန်ခွင့်ပေးခဲ့သလို ရဲစခန်းမှာလည်း ပြစ်မှုတွေကို ဝန်ခံခဲ့တာကြောင့် ထောင်ဒဏ် ခြောက်လနဲ့ငွေဒဏ် ဒေါ်လာ ၆၄၂၀သာ ချမှတ်ခံခဲ့ရတယ်လို့ သိရပါ တယ်။ Source ; Pyi Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *