စပ်စ္သီးေတြကို ေျခာက္လႀကာတဲ့အထိ လတ္ဆတ္ေနေအာင္ သိုေလွာင္ထားနိုင္တဲ့ အာဖဂန္ ရိုးရာနည္းလမ္း

စပ်စ္သီးေတြကို ေျခာက္လႀကာတဲ့အထိ လတ္ဆတ္ေနေအာင္ သိုေလွာင္ထားနိုင္တဲ့ အာဖဂန္ရိုးရာနည္းလမ္း

Gangina ဆိုသည့္ စပ်စ္သီးႏွင့္ အျခား သစ္သီးမ်ားကို လေပါင္းမ်ားစြာ လတ္ဆတ္ေနေစရန္ သိုေလွာင္သည့္ ရိုးရာနည္းလမ္း တစ္ခုမွာ စိုစြတ္ေသာ ေျမဆီလႊာကို မံ၍ ေလလုံေသာ ထည့္စရာခြက္တစ္ခု ျဖစ္လာရန္ ျပဳလုပ္သည့္နည္း ျဖစ္သည္။ ေျမသားကိုသာ အဓိကသုံးထားသျဖင့္ အေအးဓာတ္ရွိေနၿပီး အခ်ိန္ၾကာျမင့္စြာ ထားသည့္တိုင္ လတ္ဆတ္ေသာ သစ္သီးကို ရရွိေစသည္။

အာဖဂန္လူမ်ိဳးမ်ားသည္ ေရွးေခတ္က သစ္သီးမ်ားကို ထိုသို့ လတ္ဆတ္ေနေစရန္ gangina ေခၚသည္ နည္းကိုသုံးရာတြင္ ရြံေျမျဖင့္ ဇလုံပုံစံ ျပဳလုပ္ၿပီး ေနလွမ္းကာ အသီးမ်ားကို ထည့္သည္။ ေျမဇလုံႏွစ္ခုကို အေပၚေအာက္ ေယာက္သြားခြံကဲ့သို့ ႏွုတ္ခမ္းခ်င္းအပ္ကာ ေမွာက္ထပ္ လိုက္ၿပီးေနာက္ အေပါက္မ်ားကိုလည္း ေျမသားႏွင့္ ထပ္, မံလိုက္ကာ ေလလုံေအာင္ လုပ္လိုက္ၾကသည္။

အတန္ငယ္ ေျခာက္ခံၿပီးသည့္အခါ ေနေရာင္ျခည္ႏွင့္ တိုက္ရိုက္ေသာ ေျခာက္ ေသြ႕ေအးျမေသာ ေနရာတြင္ ထားရမည္။ ယင္းသို့စနစ္တက် သိုေလွာင္ထားပါက စပ်စ္သီမ်ားကို ေျခာက္လအထိ ထားနိုင္ေၾကာင္း သိရသည္။ “ က်ိဳးပဲ့ ရိရြဲေနတဲ့ စပ်စ္သီးေတြကို အရင္ဖယ္ထုတ္ၿပီး gangina ထဲထည့္။ အပုပ္တစ္လုံး ပါသြာတာနဲ႔ က်န္တဲ့ စပ်စ္သီးေတြလည္း ပ်က္စီးလိမ့္မယ္”ဟု လယ္သမားတစ္ဦး ျဖစ္သူ အဘူလ္မန္နန္က ေျပာၾကားခဲ့သည္။ သူတို့မိသားစုသည္ စပ်စ္သီးရွားပါးသည့္ အခ်ိန္တြင္ gangina ထဲမွ ထုတ္ယူကာ အျမတ္ အစြန္းအတြက္ ေရာင္းခ်ေနၾကသည္။ crd ; မင္းသုတဟန္ / Ref ; OD

Unicode … စပျစ်သီးတွေကို ခြောက်လအထိ လတ်ဆတ်နေအောင် သိုလှောင်ထားနိုင်တဲ့ အာဖဂန်ရိုးရာနည်းလမ်း

Gangina ဆိုသည့် စပျစ်သီးနှင့် အခြား သစ်သီးများကို လပေါင်းများစွာ လတ်ဆတ်နေစေရန် သိုလှောင်သည့် ရိုးရာနည်းလမ်း တစ်ခုမှာ စိုစွတ်သော မြေဆီလွှာကို မံ၍ လေလုံသော ထည့်စရာခွက်တစ်ခု ဖြစ်လာရန် ပြုလုပ်သည့်နည်း ဖြစ်သည်။ မြေသားကိုသာ အဓိကသုံးထားသဖြင့် အအေးဓာတ်ရှိနေပြီး အချိန်ကြာမြင့်စွာ ထားသည့်တိုင် လတ်ဆတ်သော သစ်သီးကို ရရှိစေသည်။

အာဖဂန်လူမျိုးများသည် ရှေးခေတ်က သစ်သီးများကို ထိုသို့ လတ်ဆတ်နေစေရန် gangina ခေါ်သည် နည်းကိုသုံးရာတွင် ရွံမြေဖြင့် ဇလုံပုံစံ ပြုလုပ်ပြီး နေလှမ်းကာ အသီးများကို ထည့်သည်။ မြေဇလုံနှစ်ခုကို အပေါ်အောက် ယောက်သွားခွံကဲ့သို့ နှုတ်ခမ်းချင်းအပ်ကာ မှောက်ထပ် လိုက်ပြီးနောက် အပေါက်များကိုလည်း မြေသားနှင့် ထပ်, မံလိုက်ကာ လေလုံအောင် လုပ်လိုက်ကြသည်။

အတန်ငယ် ခြောက်ခံပြီးသည့်အခါ နေရောင်ခြည်နှင့် တိုက်ရိုက်သော ခြောက် သွေ့အေးမြသော နေရာတွင် ထားရမည်။ ယင်းသို့စနစ်တကျ သိုလှောင်ထားပါက စပျစ်သီများကို ခြောက်လအထိ ထားနိုင်ကြောင်း သိရသည်။ “ ကျိုးပဲ့ ရိရွဲနေတဲ့ စပျစ်သီးတွေကို အရင်ဖယ်ထုတ်ပြီး gangina ထဲထည့်။ အပုပ်တစ်လုံး ပါသွာတာနဲ့ ကျန်တဲ့ စပျစ်သီးတွေလည်း ပျက်စီးလိမ့်မယ်”ဟု လယ်သမားတစ်ဦး ဖြစ်သူ အဘူလ်မန်နန်က ပြောကြားခဲ့သည်။ သူတို့မိသားစုသည် စပျစ်သီးရှားပါးသည့် အချိန်တွင် gangina ထဲမှ ထုတ်ယူကာ အမြတ် အစွန်းအတွက် ရောင်းချနေကြသည်။ crd ; မင်းသုတဟန် / Ref ; OD

Add a Comment

Your email address will not be published. Required fields are marked *