ႏွစ္ေပါင္း၅၀အတြင္း ေဆာ္ဒီအာေရဗ်ာမွာ ပထမဆုံးအႀကိမ္အျဖစ္ ဆီးႏွင္းမ်ားက်ခဲ့

ႏွစ္ေပါင္း ၅၀ အတြင္း ေဆာ္ဒီအာေရဗ်ာမွာ ပထမဆုံးအႀကိမ္အျဖစ္ ဆီးႏွင္းမ်ားက်ခဲ့

ေဆာ္ဒီအာေရဗ် နိုင္ငံရွိ ဆာဟာရ သဲကႏၲရမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ႏွင္းက်တာကို ေတြ႕ျမင္ခဲ့ရတယ္လို့ သိရပါတယ္။ ဒီဇင္ဘာ ၂၀ ရက္ေန႔ညက ေဆာ္ဒီအာေရဗ် နိုင္ငံတဝွမ္း အပူခ်ိန္ အႏုတ္ ၂ ဒီဂရီစင္တီဂရိတ္ အထိ က်ဆင္းခဲ့ၿပီးေနာက္ ႏွင္းေတြ က်ခဲ့တာပါ။

ဆာဟာရ သဲကႏၲရာမွာ ပုံမွန္ အပူခ်ိန္ ၅၀ ဒီဂရီ အထိ ျမင့္တက္နိုင္မယ့္ ယခုႏွစ္ ဇန္နဝါရီလအတြင္း ထူးထူးျခားျခား အပူခ်ိန္ က်ဆင္းခဲ့တာလည္း ျဖစ္ပါတယ္။ ဒီလိုပုံမွန္ မဟုတ္တဲ့ ရာသီဥတုေၾကာင့္ လူအမ်ားအျပားကို ဆြဲေဆာင္နိုင္ခဲ့ၿပီး ပထမဆုံးအႀကိမ္ ႏွင္းက်တာခံစားၾကဖို့ ေနအိမ္ေတြကထြက္ကာ ဓါတ္ပုံေတြ ရိုက္ခဲ့ၾကတယ္လို့ သိရပါတယ္။

နိုင္ငံတစ္ဝွမ္းႏွင္းက်တာရွိခဲ့ၿပီး အႀကီးမားဆုံး ႏွင္းက်တဲ့ေနရာကေတာ့ ပင္လယ္နီ ကမ္းရိုးတန္းတစ္ေလၽွာက္ မကၠာၿမိဳ့ ေတာင္ဘက္ရွိ အက္ဆီယာေဒသမွာ ျဖစ္တယ္လို့ဆိုပါတယ္။ ခုလို ႏွင္းက်တာဟာ ေဆာ္ဒီအာေရဗ်မွာ ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ပထမဆုံး ျမင္ေတြ႕ခဲ့ရတာ ျဖစ္သလို ႏွစ္ ၁၀၀ အတြင္း စံခ်ိန္တင္ အနိမ့္ဆုံးအပူခ်ိန္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ေဒသတြင္း အယ္လ္ဂ်ီးရီးယား၊ လက္ဘႏြန္၊ အီရန္နဲ႔ ဆီးရီးယား တို့မွာလည္း ႏွင္းေတြ ႀကီးႀကီးမားမားက်ဆင္းခဲ့တာေတြ႕ခဲ့ရပါတယ္။ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ဟာ အပူဆုံးႏွစ္အျဖစ္ စံခ်ိန္တင္ခံရၿပီးေနာက္ ခုလို မယုံနိုင္ေအာင္ အပူခ်ိန္ နိမ့္က်မွု ၾကဳံေတြ႕ခဲ့ရတာလည္း ျဖစ္ပါတယ္။ Source ; MyanmaPlatform

Unicode … နှစ်ပေါင်း ၅၀ အတွင်း ဆော်ဒီအာရေဗျာမှာ ပထမဆုံးအကြိမ် ဆီးနှင်းကျ

ဆော်ဒီအာရေဗျ နိုင်ငံရှိ ဆာဟာရ သဲကန္တရမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် နှင်းကျတာကို တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့ညက ဆော်ဒီအာရေဗျ နိုင်ငံတဝှမ်း အပူချိန် အနုတ် ၂ ဒီဂရီစင်တီဂရိတ် အထိ ကျဆင်းခဲ့ပြီးနောက် နှင်းတွေ ကျခဲ့တာပါ။

ဆာဟာရ သဲကန္တရာမှာ ပုံမှန် အပူချိန် ၅၀ ဒီဂရီ အထိ မြင့်တက်နိုင်မယ့် ယခုနှစ် ဇန်နဝါရီလအတွင်း ထူးထူးခြားခြား အပူချိန် ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုပုံမှန် မဟုတ်တဲ့ ရာသီဥတုကြောင့် လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး ပထမဆုံးအကြိမ် နှင်းကျတာခံစားကြဖို့ နေအိမ်တွေကထွက်ကာ ဓါတ်ပုံတွေ ရိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝှမ်းနှင်းကျတာရှိခဲ့ပြီး အကြီးမားဆုံး နှင်းကျတဲ့နေရာကတော့ ပင်လယ်နီ ကမ်းရိုးတန်းတစ်လျှောက် မက္ကာမြို့ တောင်ဘက်ရှိ အက်ဆီယာဒေသမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ခုလို နှင်းကျတာဟာ ဆော်ဒီအာရေဗျမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး မြင်တွေ့ခဲ့ရတာ ဖြစ်သလို နှစ် ၁၀၀ အတွင်း စံချိန်တင် အနိမ့်ဆုံးအပူချိန် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒေသတွင်း အယ်လ်ဂျီးရီးယား၊ လက်ဘနွန်၊ အီရန်နဲ့ ဆီးရီးယား တို့မှာလည်း နှင်းတွေ ကြီးကြီးမားမားကျဆင်းခဲ့တာတွေ့ခဲ့ရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ဟာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခံရပြီးနောက် ခုလို မယုံနိုင်အောင် အပူချိန် နိမ့်ကျမှု ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ Source ; MyanmaPlatform

Add a Comment

Your email address will not be published. Required fields are marked *