Mobile Legends M2 ပြိုင်ပွဲမှာ မြန်မာအသင်း Burmese Ghouls ဗိုလ်လုပွဲတက်

Mobile Legends M2 ပြိုင်ပွဲမှာ မြန်မာအသင်း Burmese Ghouls ဗိုလ်လုပွဲတက်




Unicode … Mobile Legends M2 ပြိုင်ပွဲ မြန်မာအသင်း Burmese Ghouls ဗိုလ်လုပွဲတက်

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Mobile Legends World Championship M2 esport ပြိုင်ပွဲမှာ မြန်မာအသင်း (Burmese Ghouls) က နာမည်ကြီး အင်ဒိုနီးရှား အသင်း RRQ အသင်းကို အကြိတ်အနယ် အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားပါပြီ။

Burmese Ghouls အသင်းဟာဆိုရင် အုပ်စုအဆင့် ပွဲတွေမှာ ရရှားအသင်းနဲ့ အိမ်ရှင် စင်ကာပူ အသင်းတို့ကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။အခု ဆိုလည်း Upper Bracket ပွဲစဉ်တွေမှာ နာမည်ကြီး ဖိလစ်ပိုင်အသင်း Bren Esport နဲ့ အင်ဒိုနီးရှား အသင်း RRQ ကို အနိုင်ယူပြီး Grand final ကို တက်ရောက် သွားပါပြီ။

အခု ယှဉ်ပြိုင် တဲ့ Mobile Legends esport ဟာဆိုရင် အင်တာနက်ကိုအသုံးပြုပြီး လူ (၅) ယောက် နဲ့ ကစား ရတဲ့ မိုဘိုင်းဂိမ်းတစ်ခုပါ။ Mobile Legend World championship2020 ပြိုင်ပွဲကို နိုင်ငံပေါင်း (၉) ခု က အသင်း (၁၂) သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ပါ။ ဓာတ်ပုံ – Burmese Ghouls၊ Mobile Legends bang bang၊

Add a Comment

Your email address will not be published. Required fields are marked *