ကနီမြို့နယ်ရှိ ကျေးရွာတစ်ချို့ သောက်သုံးရေ ပြတ်လပ်မှုနှင့်ကြုံတွေ့နေရ

ကနီမြို့နယ်ရှိ ကျေးရွာတစ်ချို့ သောက်သုံးရေ ပြတ်လပ်မှုနှင့်ကြုံတွေ့နေရ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ချို့မှာ ပြီးခဲ့တဲ့ လတွေကစပြီး သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ကနီမြို့နယ် အမှတ်(၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ကပြောပါတယ်။

ကနီမြို့နယ်ရဲ့ တောင်ဘက်၊ အနောက်ဘက်ခြမ်း ဒေသတွေဖြစ်တဲ့ ချောင်းမ၊ ယင်းသွင် စတဲ့ ကျေးရွာတွေ သမင်ခြံ အုပ်စုအတွင်းက တောတိုက် တွေနဲ့ မုဌော အနောက် တောတိုက်၊ ပေါက်အင်းတောင် တောတိုက် စတဲ့နေရာတွေမှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြတာပါ။

” ဒီဒေသတွေက ရေတွင်း၊ ရေကန်တွေမှာ ခမ်းခြောက်လာအတွက် လောလောဆယ် အခက်အခဲ ဖြစ်နေကြပြီး နွားရေ ၊ ချိုးရေအတွက်ပါ တော်တော်ဝေးတဲ့ ချောင်းကို သွားခပ်နေကြရတယ် ” လို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ် ။ လက်ရှိမှာ မကြုံစဖူး သောက်သုံးရေ ပြတ်လပ်တာဟာ (၂) နှစ် (၃) နှစ်စ်ဆက်တိုက် မိုးခေါင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ရေပြတ်လပ်နေတဲ့ ကျေးရွာတွေ၊ တောတိုက်တွေမှာ နေထိုင်ကြတဲ့ လူဦးရေ ထောင်ဂဏန်းဝန်းကျင်ရှိပြီး သောက်သုံးရေအပြင် လူစာအတွက်ရော နွားစာ အတွက်ပါ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံပြည်သူ တွေကပြောပါတယ်။

” ရေအခက်အခဲ ဖြစ်နေတာ (၃)လ ၀န်းကျင်ရှိပြီဖြစ်ပြီး လက်ယက်တွင်း လေးတွေကနေ သောက်သုံးရေ ရယူ နေရတာဖြစ်တဲ့အပြင် မိုးခေါင်ခဲ့တာကြောင့် လူစာ၊ ကျွဲ နွားစာပါ အခက်အခဲ ဖြစ်နေကြတာလို့” ကနီမြို့နယ် ယင်းသွင် ကျေးရွာမှာနေတဲ့ ဒေါ်ကြည်ဝင်း ကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာတုန်းက ကနီမြို့နယ်အတွင်းက ကျေးရွာ (၃)ရွာ ၀န်းကျင်သာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အခုနှစ်မှာ ကျေးရွာတော်တော် များများမှာ ကြုံတွေ့လာရတာ ဖြစ်တယ်လို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ လက်ရှိမှာတော့ ရေပြတ်လပ်နေတဲ့ ကျေးရွာ၊ တောတိုက် တစ်ချို့ကို ကနီမြို့နယ် မီးသတ်ဌာနနဲ့ ဘေး ၊ စီ ၊ မံ ဦးစီးဌာနက ရေလှူဒါန်းမှု တွေ ပြုလုပ်နေပါတယ်။ ဓာတ်ပုံ-ဦးထွန်းထွန်းဝင်း(တိုင်းလွှတ်တော်ကိုယ်စားလှယ်)

Tags:

Add a Comment

Your email address will not be published. Required fields are marked *