အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးကျော်ကျော်း ရေးထားတဲ့ ရေချိုးခန်းထဲက လူသတ်သမား

အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးကျော်ကျော်း ရေးထားတဲ့ ရေချိုးခန်းထဲက လူသတ်သမား

ဆပ်ပြာ … ခေါင်းလျှော်ရည် …  သွားတိုက်ဆေး … စတာတွေမှာ SLS ( Sodium Lauryl Sulphate) ဆိုတဲ့ ဓါတုပစ္စည်း ပါလေ့ရှိပါတယ် ။ SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ တစီစီထွက် စေတဲ့အပြင် အဆီတွေကို သန့်စင်ပေးနိုင်တာပါဘဲ ။

SLS ဟာ အဆီ ကြေးညှော်တွေ သန့်စင်ရုံမက အရေပြားထဲက အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့ တကယ်တမ်းကျတော့ အမြှုပ်ထွက်တိုင်းမကောင်းပါဘူး ။ သိပ် အန္တရာယ်ကြီးလှပါတယ် ။ ဒါ့ပြင် အခန့်မသင့်ရင် အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ် ။

ဒီထက်ဆိုးတာက အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသားဆိုရင်တော့ မျိုးမအောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ် ။ ဒီ SLS က ခန္ဓာကိုယ်ထဲ ၀င်သွားပြီးရင် ပြန်မထွက်တော့ပါဘူး ။ ဒါ့ကြောင့် SLS ကို ရေချိုးခန်းထဲက လူသတ်သမား ( Killer in Bathroom) လို့ ခေါ်ကြပါတယ် ။

ဒ့ါကြောင့် အခုနောက်ပိုင်း ဆပ်ပြာ သွားတိုက်ဆေး ခေါင်းလျှော်ရည် အလှပြင်ပစ္စည်း စတာတွေမှာ SLS Free ဆိုတဲ့ အာမခံစာတမ်းကို သုံးစွဲသူတွေ အန္တရာယ် ကင်းကင်းနဲ့ စိတ်ချစွာ အသုံးပြု ၀ယ်ယူနိုင်စေဖို့ ရေးထည့်ထား ပေးကြပါတယ် ။

မိမိသုံးမယ့် အသုံးအဆောင်ထဲက SLS ဟာမိမိအတွက် ဘယ်ရွေ့ဘယ်မျှ အန္တရာယ် ရှိနေတယ်ဆိုတာ သိထားပြီးတဲ့နောက် ၀ယ်သုံးရတော့မယ် ဆိုရင် SLS Free ဆိုတဲ့ စာတမ်းလေးများ တွေ့လိုတွေ့ငြား သတိထားကြပါ ။ Crd

Add a Comment

Your email address will not be published. Required fields are marked *