ကမ္ဘာ့ပထမဦးဆုံးအကြိမ် လက်နှစ်ချောင်းနှင့် ပခုံးအစားထိုးကုသမှုအောင်မြင်

ကမ္ဘာ့ပထမဦးဆုံးအကြိမ် လက်နှစ်ချောင်းနှင့် ပခုံးအစားထိုး ကုသမှုအောင်မြင်

အိုက်စလန် လူမျိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ ၊ လီယွန်၌ ခွဲစိတ်ကုသမှု တစ်ခုတွင် သူ၏ လက်များနှင့် ပခုံးများကို အစားထိုးခဲ့သည့် ကမ္ဘာ ပထမဆုံးလူသား ဖြစ်လာသည်။ ဖလစ်ဇ် ဂရက်တာဆန် (၄၈ နှစ်) သည် ခွဲစိတ်ကုသပေးခဲ့သည့် ဆရာဝန်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

” ကျွန်တော်ရဲ့ မျှော်လင့်ချက်ထက် အများကြီးပို စိတ်အားထက်သန်တဲ့ ပြန်လည်ထူထောင်ရေး ၀န်ထမ်းတွေရဲ့ ကြိုးစားမှုကို ကျွန်တော်အရမ်းသဘောကျတယ်။ လူသားမျိုးနွယ် အပေါ်မှာ သူတို့ရဲ့ ကျွမ်းကျင်မှုကို ပြသခဲ့တယ်။ သူတို့ကို သိပ်ကျေးဇူးတင်တယ်။ ”

ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Edouard Herriot ဆေးရုံတွင် ၁၅ နာရီကြာ ခွဲစိတ်ကုသမှုခံယူရန် ဒေသတွင်းရှိ ဆေးရုံ ၄ ခုမှ ခွဲစိတ်ပညာရှင်များကို ခေါ်ယူခဲ့ရသည်။ ခွဲစိတ် ကုသမှုမှာ အန္တရယ် များသော်လည်း ဆရာဝန်များနှင့် မိသားစု ၀င်များအနေဖြင့် အောင်မြင်မှု ရလဒ်ကို တွေ့ရှိခဲ့ကြသည်။

Edouard Herriot ဆေးရုံမှ အရိုးအထူးကု ခွဲစိတ်ဆရာဝန် အေရန်ဂါဇာရီယန်က“ ခွဲစိတ်ကုသမှုရဲ့ အရေးကြီးတဲ့ ခြေလှမ်းကို ကျေနပ်အားရစွာနဲ့ အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့အရမ်း ဝမ်းသာပါတယ်။ ဒါက သိပ်ဆိုးရွား သွားနိုင်တာ။ လူတောင်သေနိုင်တယ်။ ဒါမှမဟုတ် အအောင်မြင်တာလည်း ဖြစ်နိုင်သေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာအစားထိုးကုသမှု အောင်မြင်ခဲ့တာကြောင့် ကိုယ်တိုင်လည်း ကျေနပ်မှုရရှိခဲ့တယ်” ဟု ဝမ်းသာစကား ဆိုသည်။

ဂရက်တာဆန် ၏ဇနီး ဆွိုင်ဝီယာကလည်း“ ကျွန်မတို့ နောက်ဆုံးမှာ လုပ်နိုင်ခဲ့ပြီ။ ကျွန်မခင်ပွန်းက အရမ်းတော်တယ်။ သူ အရမ်းပျော်တယ်။ ဒါကြောင့် ကျွန်မက သူ့ပျော်ရွှင်မှုကို၊ ၊ စိတ်အားထက်သန်မှုကို မျှဝေလိုက်တယ်။ ကျွန်မ သူ့ကို ထောက်ခံတယ်”ဟု ဆိုသည်။ သူမ ခင်ပွန်းသည် အပြည့်အဝ နာလန်ထူနိုင်ရန် အချိန်စောင့်ရဦးမည် ဖြစ်သည်။

ဆေးရုံ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦး၏ ပြောကြားချက် အရ ဂရက်တာဆန် သည် တည်ငြိမ်သော အခြေအနေတွင် ရှိနေပြီး လီယွန်မှ s Edouard Herriot ဆေးရုံနှင့် အနီးရှိ HCL Henry-Gabrielleဆေး ရုံတွင် ပြန်လည် နာလန် ထူလာမည်ဟု ပြောကြားခဲ့သည်။ crd ; မင်းသုတဟန် / Ref ; AFP

Add a Comment

Your email address will not be published. Required fields are marked *