ေဆး႐ုံတက္ေနတဲ့သခင္ကို အေပါက္ဝကေန ေျခာက္ရက္တိုင္ေအာင္ သြားေစာင့္ေနခဲ့တဲ့ေခြးမေလး
|ေဆး႐ုံတက္ေနတဲ့သခင္ကို အေပါက္ဝကေန ေျခာက္ရက္တိုင္ေအာင္ သြားေစာင့္ေနခဲ့တဲ့ေခြးမေလး
ေခြးဟာ သခင္အေပၚ သစၥာရွိလွၿပီး အေကာင္းဆုံး မိတ္ေဆြျဖစ္တယ္ ဆိုတဲ့ စကားကို အခုျဖစ္ရပ္က သာဓက ျပေနပါတယ္။ တူရကီနိုင္ငံ အေရွ႕ေျမာက္ပိုင္းက ေဆး႐ုံတစ္ခုမွာ ေနမေကာင္းလို့ ေဆး႐ုံတက္ရတဲ့ လူတစ္ေယာက္ကို သူ႔ရဲ့ေခြးက သခင္ျဖစ္သူ ေဆး႐ုံက မဆင္းမခ်င္း ေဆး႐ုံအေပါက္ဝကေန ေျခာက္ရက္တိုက္ေအာင္ လာေစာင့္ေနခဲ့ပါတယ္။
Cemal Senturk လို့ ေခၚတဲ့ အမ်ိဳးသားတစ္ဦးဟာ Trabzon ၿမိဳ့ရွိ Medical Park ေဆး႐ုံမွာ အခုလ (၁၄) ရက္ေန႔က ေဆး႐ုံတင္ ခဲ့ရပါတယ္။ ေဆး႐ုံဟာ သူေနတဲ့ တိုက္ခန္းအနီးမွာရွိေတာ့ သူ႔ရဲေခြးမ ေလး Boncuk ဟာလည္း သူ႔သခင္ ထြက္သြားတာနဲ႔ အေနာက္က လိုက္လာၿပီး၊ ေဆး႐ုံဝင္ေပါက္ကေန စိတ္ရွည္စြာနဲ႔ ေစာင့္ေနခဲ့ပါတယ္။
ေဆး႐ုံဝန္ထမ္းေတြက ဒီျဖစ္ရပ္ကို Senturk ရဲ့ မိသားစုဝင္ေတြကို ေျပာျပ လိုက္တာေၾကာင့္ မိသားစုဝင္ေတြက ေခြးမေလးကို အိမ္ျပန္ေခၚသြားၾကေပမဲ့ ၊ သူမဟာ အခန္းကေန ထပ္မံထြက္ေျပးလာၿပီး၊ သခင္ကို ေဆး႐ုံအေပါက္ဝကေန လာေစာင့္ေနျပန္ပါတယ္။
Senturk ရဲ့ မိသားစုဝင္ေတြက ေခြးမေလး Boncuk ကို ျပန္ျပန္ေခၚသြားေပမဲ့၊ အိမ္က ျပန္ထြက္လာၿပီး ေနတိုင္းလိုလို လာေစာင့္ေနျပန္တယ္လို့ ေဆး႐ုံ ညႊန္ၾကားေရးမွူး Murat Ercan က CNN သတင္းဌာနကို ေျပာပါတယ္။ ဒီလိုလာေစာင့္ေနတဲ့ ရက္ေတြမွာ ေဆး႐ုံဝန္ထမ္းေတြဟာ ေခြးမေလးကို ခ်စ္ခင္လာၾကၿပီး၊ အစာေႂကြးတာေတြ ေစာင့္ေရွာက္ေပးတာေတြျပဳလုပ္လာၾကပါတယ္။
အဲဒီေနာက္ ေျခာက္ရက္ၾကာလို့ သူ႔သခင္ေဆး႐ုံက ဆင္းတဲ့အခါ ေခြးမေလးBoncukဟာ ေဆး႐ုံအေပါက္ဝမွာ သူ႔သခင္နဲ႔ေတြ႕ဆုံ ခြင့္ရသြားခဲ့ၿပီး၊ ေဆး႐ုံဝန္ထမ္းေတြအၾကား ေျပာစမွတ္ျဖစ္က်န္ခဲ့ပါတယ္ ။ source :CNN
Unicode … ဆေးရုံတက်နေတဲ့သခင်ကို အပေါက်ဝကနေ ခြောက်ရက်တိုင်အောင် သွားစောင့်နေခဲ့တဲ့ခွေးမလေး
ခွေးဟာ သခင်အပေါ် သစ္စာရှိလှပြီး အကောင်းဆုံး မိတ်ဆွေဖြစ်တယ် ဆိုတဲ့ စကားကို အခုဖြစ်ရပ်က သာဓက ပြနေပါတယ်။ တူရကီနိုင်ငံ အရှေ့မြောက်ပိုင်းက ဆေးရုံတစ်ခုမှာ နေမကောင်းလို့ ဆေးရုံတက်ရတဲ့ လူတစ်ယောက်ကို သူ့ရဲ့ခွေးက သခင်ဖြစ်သူ ဆေးရုံက မဆင်းမချင်း ဆေးရုံအပေါက်ဝကနေ ခြောက်ရက်တိုက်အောင် လာစောင့်နေခဲ့ပါတယ်။
Cemal Senturk လို့ ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ Trabzon မြို့ရှိ Medical Park ဆေးရုံမှာ အခုလ (၁၄) ရက်နေ့က ဆေးရုံတင် ခဲ့ရပါတယ်။ ဆေးရုံဟာ သူနေတဲ့ တိုက်ခန်းအနီးမှာရှိတော့ သူ့ရဲခွေးမ လေး Boncuk ဟာလည်း သူ့သခင် ထွက်သွားတာနဲ့ အနောက်က လိုက်လာပြီး၊ ဆေးရုံဝင်ပေါက်ကနေ စိတ်ရှည်စွာနဲ့ စောင့်နေခဲ့ပါတယ်။
ဆေးရုံဝန်ထမ်းတွေက ဒီဖြစ်ရပ်ကို Senturk ရဲ့ မိသားစုဝင်တွေကို ပြောပြ လိုက်တာကြောင့် မိသားစုဝင်တွေက ခွေးမလေးကို အိမ်ပြန်ခေါ်သွားကြပေမဲ့ ၊ သူမဟာ အခန်းကနေ ထပ်မံထွက်ပြေးလာပြီး၊ သခင်ကို ဆေးရုံအပေါက်ဝကနေ လာစောင့်နေပြန်ပါတယ်။
Senturk ရဲ့ မိသားစုဝင်တွေက ခွေးမလေး Boncuk ကို ပြန်ပြန်ခေါ်သွားပေမဲ့၊ အိမ်က ပြန်ထွက်လာပြီး နေတိုင်းလိုလို လာစောင့်နေပြန်တယ်လို့ ဆေးရုံ ညွှန်ကြားရေးမှူး Murat Ercan က CNN သတင်းဌာနကို ပြောပါတယ်။ ဒီလိုလာစောင့်နေတဲ့ ရက်တွေမှာ ဆေးရုံဝန်ထမ်းတွေဟာ ခွေးမလေးကို ချစ်ခင်လာကြပြီး၊ အစာကြွေးတာတွေ စောင့်ရှောက်ပေးတာတွေပြုလုပ်လာကြပါတယ်။ အဲဒီနောက် ခြောက်ရက်ကြာလို့ သူ့သခင်ဆေးရုံက ဆင်းတဲ့အခါ ခွေးမလေးBoncukဟာ ဆေးရုံအပေါက်ဝမှာ သူ့သခင်နဲ့တွေ့ဆုံ ခွင့်ရသွားခဲ့ပြီး၊ ဆေးရုံဝန်ထမ်းတွေအကြား ပြောစမှတ်ဖြစ်ကျန်ခဲ့ပါတယ် ။ source :CNN