ဩစေၾတးလ်တြင္ အပူလွိုင္းက်ေရာက္မွုေၾကာင့္ ၿမိဳ့ႀကီးမ်ားအားလုံး မီးေဘးအႏၲရာယ္ သတိေပးခ်က္ထုတ္ျပန္ထားရ

ဩစေၾတးလ်တြင္ အပူလွိုင္းက်ေရာက္မွုေၾကာင့္ ၿမိဳ့ႀကီးမ်ားအားလုံး မီးေဘးအႏၲရာယ္ သတိေပးခ်က္ထုတ္ျပန္ထားရ

ဩစေၾတးလ် နိုင္ငံတစ္ဝန္း အပူလွိုင္းက်ေရာက္လ်က္ရွိၿပီး ေန႔အပူခ်ိန္မွာ ၃၀ ဒီဂရီ စင္တီဂရိတ္မွ ၄၀ ဒီဂရီစင္တီဂရိတ္ၾကားတြင္ ရွိေနျခင္းေၾကာင့္ ေတာမီးေလာင္ကၽြမ္းမွုမ်ား ျဖစ္ေပၚလ်က္ရွိကာ နိုင္ငံတစ္ဝန္းရွိ ၿမိဳ့ႀကီးမ်ားအားလုံးတြင္ အေရးေပၚ မီးေဘးအႏၲရာယ္ သတိေပးခ်က္ ထုတ္ျပန္ထားရေၾကာင္း ဘီဘီစီ သတင္းဌာနက ေဖာ္ျပသည္။

ေတာင္ဩစၾတးလ်၊ တက္စ္ေမးနီးယား၊ ဗစ္တိုးရီးယား၊ နယူး ေဆာက္ေဝးလ္ ႏွင့္ ကြင္းစလန္း ျပည္နယ္မ်ားတြင္ အပူလွိုင္းက်ေရာက္ မည္ဟု မိုးေလဝသဌာနမွ တာဝန္ရွိသူမ်ားက ဇန္နဝါရီ ၂၂ ရက္ကတည္း က ေၾကညာထားခဲ့ၿပီးျဖစ္သည္။

ေတာင္ဩစေၾတးလ်ျပည္နယ္တြင္ အပူခ်ိန္ျမင့္မားမွုေၾကာင့္ ေတာမီးေလာင္ကၽြမ္းမွုမ်ားျဖစ္ေပၚခဲ့ကာ ျပည္နယ္ၿမိဳ့ေတာ္ အက္ဒလိတ္တြင္ မီးခိုးမ်ား ဖုံးလႊမ္းလ်က္ရွိၿပီး ကပ္လ်က္တည္ရွိသည့္ ဗစ္တိုးရီးယား ျပည္နယ္တြင္လည္း အေရး ေပၚ မီးေဘးသတိေပးခ်က္ ထုတ္ျပန္ထားရသည္။ ေတာင္ဩစေၾတးလ်ျပည္နယ္တြင္ ေတာမီးေၾကာင့္ ေျမဧရိယာ ၂၅၀၀ဟက္တာ ေလာင္ကၽြမ္းခဲ့ၿပီး လူေနအိမ္မ်ား လည္း ပ်က္စီးခဲ့ေၾကာင္း ျပည္နယ္မီးသတ္ဌာနက ထုတ္ျပန္ခဲ့သည္။

ဗစ္တိုးရီးယားျပည္နယ္ၿမိဳ့ေတာ္ မဲလ္ဘုန္းႏွင့္ နယူးေဆာက္ေဝးလ္ ျပည္နယ္ၿမိဳ့ ေတာ္ ဆစ္ဒနီတို့တြင္ အပူခ်ိန္မွာ ၃၀ ဒီဂရီစင္တီဂရိတ္ အထက္ ေရာက္ရွိေနေၾကာင္း သိရသည္။ သို့ရာတြင္ ယခုအပူခ်ိန္သည္ ယမန္ႏွစ္အပူခ်ိန္ႏွင့္ ႏွိုင္းယွဥ္ပါက ေလထုအတြင္း စိုစြတ္မွုတိုးလာသလို အပူခ်ိန္ေလ်ာ့နည္းခဲ့ေၾကာင္း မိုးေလဝသပညာရွင္မ်ားက ထုတ္ျပန္ခဲ့သည္။ ဩစေၾတးလ်၏ ေႏြကာလသည္ ဒီဇင္ဘာလမွ ေဖေဖာ္ဝါရီလ အထိျဖစ္ၿပီးယင္းကာလတြင္ အပူခ်ိန္ျမင့္မားျခင္းေႀကာင့္ ေတာမီးမ်ားေလာင္ကၽြမ္းကာ စိုက္ပ်ိဳးေျမဧရိယာမ်ားစြာ ပ်က္စီးဆုံးရွုံး ရေလ့ရွိသည္။ Source ; The Mirror

Unicode … ဩစတြေးလျတြင္ အပူလှိုင်းကျရောက်မှုကြောင့် မြို့ကြီးများအားလုံး မီးဘေးအန္တရာယ် သတိပေးချက်ထုတ်ပြန်ထားရ

ဩစတြေးလျ နိုင်ငံတစ်ဝန်း အပူလှိုင်းကျရောက်လျက်ရှိပြီး နေ့အပူချိန်မှာ ၃၀ ဒီဂရီ စင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိနေခြင်းကြောင့် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လျက်ရှိကာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများအားလုံးတွင် အရေးပေါ် မီးဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားရကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။

တောင်ဩစတြးလျ၊ တက်စ်မေးနီးယား၊ ဗစ်တိုးရီးယား၊ နယူး ဆောက်ဝေးလ် နှင့် ကွင်းစလန်း ပြည်နယ်များတွင် အပူလှိုင်းကျရောက် မည်ဟု မိုးလေဝသဌာနမှ တာဝန်ရှိသူများက ဇန်နဝါရီ ၂၂ ရက်ကတည်း က ကြေညာထားခဲ့ပြီးဖြစ်သည်။

တောင်ဩစတြေးလျပြည်နယ်တွင် အပူချိန်မြင့်မားမှုကြောင့် တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ကာ ပြည်နယ်မြို့တော် အက်ဒလိတ်တွင် မီးခိုးများ ဖုံးလွှမ်းလျက်ရှိပြီး ကပ်လျက်တည်ရှိသည့် ဗစ်တိုးရီးယား ပြည်နယ်တွင်လည်း အရေး ပေါ် မီးဘေးသတိပေးချက် ထုတ်ပြန်ထားရသည်။ တောင်ဩစတြေးလျပြည်နယ်တွင် တောမီးကြောင့် မြေဧရိယာ ၂၅၀၀ဟက်တာ လောင်ကျွမ်းခဲ့ပြီး လူနေအိမ်များ လည်း ပျက်စီးခဲ့ကြောင်း ပြည်နယ်မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။

ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းနှင့် နယူးဆောက်ဝေးလ် ပြည်နယ်မြို့ တော် ဆစ်ဒနီတို့တွင် အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ် အထက် ရောက်ရှိနေကြောင်း သိရသည်။ သို့ရာတွင် ယခုအပူချိန်သည် ယမန်နှစ်အပူချိန်နှင့် နှိုင်းယှဉ်ပါက လေထုအတွင်း စိုစွတ်မှုတိုးလာသလို အပူချိန်လျော့နည်းခဲ့ကြောင်း မိုးလေဝသပညာရှင်များက ထုတ်ပြန်ခဲ့သည်။ ဩစတြေးလျ၏ နွေကာလသည် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိဖြစ်ပြီးယင်းကာလတွင် အပူချိန်မြင့်မားခြင်းကြောင့် တောမီးများလောင်ကျွမ်းကာ စိုက်ပျိုးမြေဧရိယာများစွာ ပျက်စီးဆုံးရှုံး ရလေ့ရှိသည်။ Source ; The Mirror

Tags:

Add a Comment

Your email address will not be published. Required fields are marked *