ရန္ကုန္တြင္ က်န္းမာေရး၀န္ထမ္း ၂၅၀၀၀ ေက်ာ္ကို ကိုဗစ္ကာကြယ္ေဆး စတင္ထိုးႏွံေပး

ရန္ကုန္တြင္ က်န္းမာေရး၀န္ထမ္း ၂၅၀၀၀ ေက်ာ္ကို ကိုဗစ္ကာကြယ္ေဆး စတင္ထိုးႏွံေပး

ရန္ကုန္ၿမိဳ့ရွိ ေဆး႐ုံ ၊ ဆဆးခန္းမ်ားႏွင့္ ကိုဗစ္ကာကြယ္ေရး စင္တာမ်ားတြင္တာ၀န္ထမ္းေဆာင္ေနသည့္ က်န္းမာေရး၀န္ထမ္း ၂၅၀၀၀ ေက်ာ္ကို ကိုဗစ္ကာကြယ္ေဆး စတင္ထိုးႏွံလ်က္ ရွိသည္။ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ သူနာျပဳသင္တန္းေက်ာင္းခန္းမတြင္ ယေန႔ (ဇန္နဝါရီ ၂၇) နံနက္ပိုင္းက ျပဳလုပ္ခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိက်န္းမာေရး၀န္ထမ္းမ်ားအား ကိုဗစ္ကာကြယ္ေဆး စတင္ထိုးႏွံျခင္း အခမ္းအနားတြင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက အမွာစကားေျပာၾကားရာ

“ဒီေန႔မွာ က်န္းမာေရး၀န္ထမ္းေတြနဲ႔ ပတ္သက္ၿပီး ထိုးႏွံရမွုကေတာ့ ၂၅၄၅၉ ဦး ထိုးႏွံဖို့ စာရင္းသြင္းပါတယ္။ ဒီေဆး႐ုံ တ႐ုံထဲ မဟုတ္ပါဘူး ။ အျခားစင္တာေတြမွာလည္း ခြဲၿပီးေတာ့ ေဆာင္ရြက္သြားၾကမွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

ဆက္လက္ၿပီး ကိုဗစ္ကာကြယ္ကုသေရးတြင္ ေရွ႕တန္းမွ ပါ၀င္သည့္ဆရာ၀န္၊ သူနာျပု ဆရာမမ်ားအေနျဖင့္ ကာကြယ္ေဆး ထိုးႏွံလိုက္သည့္အတြက္ စိတ္ဓာတ္ခြန္အားမ်ား ပိုမိုရရွိလာမည္ဟု ယုံၾကည္ေၾကာင္း ကာကြယ္ေဆးထိုးႏွံခြင့္ရရွိေအာင္ ေဆာင္ရြက္နိုင္ျခင္းသည္ နိုင္ငံ၏ ေအာင္ျမင္မွုတခုျဖစ္ေၾကာင္း ဦးၿဖိဳးမင္းသိန္းကဆိုသည္။

ကိုဗစ္ ကာကြယ္ေဆးကို ပထမဆုံးစတင္၍ ထိုးႏွံသူမွာ အသက္ ၅၀ ေက်ာ္အရြယ္ သူနာျပဳအုပ္ႀကီး ဆရာမႀကီး ေဒၚသက္သက္သိန္းျဖစ္ၿပီး ဒုတိယထိုးႏွံသူမွာ ေရာဂါေဗဒ အထူးကု ဆရာ၀န္ႀကီးပါေမာကၡေဒါက္တာ ေဖသက္ခင္ျဖစ္ေၾကာင္း၊ ေဆးထိုးႏွံသူမ်ားကို နာရီ၀က္အၾကာေစာင့္ၾကည့္ၿပီး အဆင္ေျပေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာန၊ ဒုတိယ ညႊန္ၾကားေရးမွူး ေဒါက္တာ ထြန္းျမင့္ကေျပာသည္။ source ; News Watch

Unicode … ရန်ကုန်တွင် ကျန်းမာရေးဝန်ထမ်း ၂၅၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

ရန်ကုန်မြို့ရှိ ဆေးရုံ ၊ ဆဆးခန်းများနှင့် ကိုဗစ်ကာကွယ်ရေး စင်တာများတွင်တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း ၂၅၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံလျက် ရှိသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်းခန်းမတွင် ယနေ့ (ဇန်နဝါရီ ၂၇) နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာ

“ဒီနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ထိုးနှံရမှုကတော့ ၂၅၄၅၉ ဦး ထိုးနှံဖို့ စာရင်းသွင်းပါတယ်။ ဒီဆေးရုံ တရုံထဲ မဟုတ်ပါဘူး ။ အခြားစင်တာတွေမှာလည်း ခွဲပြီးတော့ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ကိုဗစ်ကာကွယ်ကုသရေးတွင် ရှေ့တန်းမှ ပါဝင်သည့်ဆရာဝန်၊ သူနာပြု ဆရာမများအနေဖြင့် ကာကွယ်ဆေး ထိုးနှံလိုက်သည့်အတွက် စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိလာမည်ဟု ယုံကြည်ကြောင်း ကာကွယ်ဆေးထိုးနှံခွင့်ရရှိအောင် ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံ၏ အောင်မြင်မှုတခုဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။

ကိုဗစ် ကာကွယ်ဆေးကို ပထမဆုံးစတင်၍ ထိုးနှံသူမှာ အသက် ၅၀ ကျော်အရွယ် သူနာပြုအုပ်ကြီး ဆရာမကြီး ဒေါ်သက်သက်သိန်းဖြစ်ပြီး ဒုတိယထိုးနှံသူမှာ ရောဂါဗေဒ အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဖေသက်ခင်ဖြစ်ကြောင်း၊ ဆေးထိုးနှံသူများကို နာရီဝက်အကြာစောင့်ကြည့်ပြီး အဆင်ပြေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းမြင့်ကပြောသည်။ source ; News Watch

Tags:

Add a Comment

Your email address will not be published. Required fields are marked *