ပေါင်တသန်းတန် ထီဆုကြီးကိုကံထူးခဲ့သည့် စုံတွဲကကိုဗစ်ကာလအတွင်း ထောင်းပေါင်းများစွာသော အိုးမဲ့အိမ်မဲ့များကို အစားအစာများလှူဒါန်းပေးနေ
|ပေါင်တသန်းတန်ထီဆုကြီးကို ကံထူးခဲ့သည့်စုံတွဲက ကိုဗစ်ကာလအတွင်း ထောင်းပေါင်းများစွာသော အိုးမဲ့အိမ်မဲ့များကို အစားအစာများလှူဒါန်းပေးနေ
Eurojackpot ဆုကိုဆွတ်ခူးနိုင်ခဲ့သည် ကိုယ်ကျိုးမငဲ့သော စုံတွဲသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ထောင်ပေါင်းများစွာသော အိုးမဲ့ အိမ်မဲ့များအတွက် မကြာခဏ အစားအစာများ လှူဒါန်းနေကြောင်း သိရသည်။
ဘီလ်နှင့် ကတ်မူလာကီးတို့သည် ပေါင်တသန်းတန် ထီဆုကို အနိုင် ရရှိခဲ့ပြီး နောက် ထိုငွေများကို ကိုဗစ်ကြောင့်ပိတ်ဆို့ခံရသည် တစ်လျှောက်လုံးတွင် ငွေကြေး အခက်အခဲ ဖြစ်သူများကိုကူညီရန် အသုံးပြုခဲ့ကြသည်။ သူတို့ စုံတွဲသည် ၂၀၁၇ ခုနှစ်တွင် ဆုငွေကို လက်ခံပြီးနောက် ယခု ကိုဗစ်ကာလတွင် အခက်အခဲရှိနေသူများကို ကူညီရန် ဆုံးဖြတ်ခဲ့သည်။
ကူးစက်ရောဂါသည် ဆောင်းတွင်းသို့ ရောက်သွားသည်နှင့် အမျှ ကျွမ်းကျင်သော စားဖိုမှူးများဖြစ်သည့် ထိုစုံတွဲက ကူညီမှုများတွင် သူတို့ပါဝင်လိုကြသည်ဟု The Mirror သို့ ပြောကြားခဲ့သည်။ ကတ်သ်၏ ဇာတိ စိန့်လူစီယာမှ ကာရစ်ဘီယံဟင်း အပေါ် အခြေခံ၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အေဂျင်စီတစ်ခု အတွက် ဟင်းလျာတစ်ခုကို သူတို့ ဒီဇိုင်း ထုတ်ခဲ့သည်။
ထို့နောက်သူတို့က ဟင်းကိုဖန်တီးရန် Langar Aid မှ စားဖိုမှုးများနှင့် အတူ အလုပ်လုပ်ခဲ့ပြီး အခြား အချိုရည်များနှင့် မုန့်များကိုလည်း ဝယ်ယူခဲ့သည်။ ခရစ္စမတ်မတိုင်မီက ကန့်တွင် သောင်တင်နေသော ကုန်တင်ကားသမားများသို့ Langar Aid စေတနာ့ ဝန်ထမ်းများ အစားအစာများ ပေးအပ်သည်ကို တွေ့ပြီးနောက် ဘီလ်နှင့်ကက်တ်တို့သည် ထိုအကြံအစည်ကို ပေါ်ပေါက်လာခဲ့သည်ဟု ဆိုသည်။
အသက် ၆၀ ရှိ ဘီလ်က“ ငါက Coventry မှာရှိတဲ့ အိုးမဲ့အိမ်မဲ့သူတွေကို ကြည့်ရှုစောင့်ရှောက်ချင်တယ်” ဟုဆိုသည်။ Langar Aid တွင် စေတနာ့ဝန်ထမ်းဖြစ်သော ဝါးဒ်ဝစ်ခ် တက္ကသိုလ်မှ စားဖိုမှူး ဂျင်မ်အေ့ဇ်က အရသာရှိသော ဟင်းကို ချက်ပြုတ် ထုပ်ပိုးပေးရန် တာဝန်ယူခဲ့ရသည်။ ထို့နောက် အစားအစာများကို Langar Aid ၏ အကူအညီဖြင့် Coventry ရုံးချုပ်အပြင်ဘက်မှ အိုးမဲ့အိမ်မဲ့နှင့် အားနည်းချက်ရှိတဲ့ လူများကို ပြီးခဲ့သည့် ရုံးပိတ်ရက်က လှူဒါန်းခဲ့သည်။
Langar Aid မှ စီမံကိန်းမန်နေဂျာ အေတာကပူရ်က “ ဘီနှင့်ကတ်သ်တို့ကို ကျေးဇူးတင်ပါတယ်။ ကာရစ်ဘီယံဟင်းကို တော်တော်ကြိုက်ကြတာ တွေ့ရလို့ ဝမ်းသာမိတယ်”ဟုဆိုသည်။ ၂၀၁၉ ခုနှစ်လည်း ကတ်သ်တို့ စုံတွဲသည် ပင်စင်စား ၁၀၀ အတွက် အစားအစာ သုံးမျိုးပါသော ကာရစ်ဘီယံဟင်းလျာများကို ချက်ပြုတ်လှူဒါန်းခဲ့သည်ဟု သိရသည်။ crd ; သုညဖြူ / Ref: The Star