လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ကျော်က ဗုဒ္ဓအမွေအနှစ်များရှိရာ ကမ္ဘာအမွေအနှစ်စာရင်းဝင်ဒေသ

လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ကျော်က ဗုဒ္ဓဘာသာအမွေအနှစ်များရှိရာ ကမ္ဘာအမွေအနှစ်စာရင်းဝင်ဒေသ

တရုပ်နိုင်ငံ/ ဟိုင်နန်ပြည်နယ်/လျိုရန်မြို့တောင်ဘက်မှာရှိတဲ့ ရီဖူမြစ်ကမ်းရဲ့နဖူးမှာရှိတဲ့ ကျောက်နံရံတွေ အတွင်းမှာတော့ Longmen Grottose လို့ခေါ်တဲ့ ဂူတွင်း ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ရှေးဟောင်းရုပ်ထုတွေ တည်ရှိပါတယ် ။

တရုပ်ဘာသာစကားအရ Longeman ဆိုတာကတော့ နဂါးပြည်ရဲ့အ၀င်ဂိတ်လို့ အဓိပ္ပါယ်ရပြီး Grottose ကတော့ ဗုဒ္ဓရုပ်ပွားတော်တွေကို ဆိုလိုပါတယ် ။ ကျောက်လိုဏ်ဂူ (၂၃၄၅) ခု တည်ရှိပြီး ၊ ယင်းနေရာမှာတည်ရှိတဲ့ ရုပ်ထု ဆင်းတုတော်တွေဟာ ဂူလုံးပြည့် ထွင်းထုထားတာဖြစ်ပြီး ၁ လက်မ အရွယ်ကနေ ၁၇ ပေ အမြင့်ရှိသော ဘုရားပုထိုးတွေကို တွေ့မြင်ရမှာပါ။

ဒါ့အပြင် မက်စောက်တဲ့ တောင်နံရံတွေအားလုံးမှာ ထုံးကျောက်တွေကိုအသုံးပြုပြီးတည်ထားသော ဘာသာရေးဆိုင်ရာ ရုပ်ထုအရေအတွက်မှာ စုစုပေါင်း ၁ သိန်းထက်မနည်း တည်ရှိနေတာဖြစ်ပြီး Yiမြစ်ကမ်းနဖူးရဲ့ အပြိုင် ၁ ကီလို မီတာအထိ ရှည်လျားပါတယ် ။

Longmen Grottoes ဟာ တရုပ်နိုင်ငံရဲ့ သမိုင်းဝင်မြို့တော် Luoyang ရဲ့ တောင်ဘက် ၁၂ ကီလိုမီတာ အကွာအဝေးမှာ တည်ရှိနေတာဖြစ်ပြီး Yi မြစ်အတွင်းကနေကြည့်ရင်တော့ မက်စောက်တဲ့ တောင်ကုန်းနှစ်ခုရဲ့အကြား တောင်ကြားပမာ ဖြစ်နေတဲ့အရပ်မှာ ဗုဒ္ဓ ဆင်းတုတော်အရွယ်အစားမျိုးစုံနှင့် မဟာယန ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးရုပ်ထု များစွာကိုဆင့်ကဲ တည်ထားသော ပုံစံဖြစ်ပါတယ်။

ဆင်းတုတော်တွေ တည်ထားတဲ့တောင်တွေဟာ ထုံးကျောက်တောင်တွေ ဖြစ်နေတာကြောင့် ခေတ်အဆက်ဆက် တရုပ်လက်မှူပညာသည်တွေဟာ ရုပ်ထုတွေလုပ်ဖို့ ကုန်ကြမ်းကို လွယ်လွယ်ကူကူ ရရှိနေတာဖြစ်ပါတယ်။

Longmen Grottoes တွေကိုတော့ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ကျော်ကာလ ၊ အေဒီ ( ၄၉၃ ) ခုနှစ်၊ xiaowen အင်ပါယာခေတ်ကတည်းက စတင်ထုလုပ် ပူဇော်ခဲ့တာဖြစ်ပြီး xiaowen ရဲ့ မင်းဆက်တွေဖြစ်တဲ့ Tang နဲ့ Song အပါအ၀င် မင်း၆ဆက်တိတိက နှစ်ပေါင်း၄၀၀ လောက်ကြာအောင် တဖြည်းဖြည်းချင်း အချိန်ပေး တည်ဆောက်ခဲ့တာလဲဖြစ်ပါတယ်။ ရုပ်ထုတွေကို အများဆုံးပြုလုပ်ခဲ့တဲ့ ကာလကတော့ ၅ရာစု အကုန်လောက်ကနေ ၈ ရာစုအလယ် ကာလတွေပဲဖြစ်ပါတယ်။

ဆင်းတုတော်အပါအ၀င် ရုပ်ထုတွေရဲ့ သုံးပုံတစ်ပုံခန့်ကိုတော့ တရုပ်နိုင်ငံ မြောက်ပိုင်း Wei(Song) မင်းဆက်ကတည်ဆောက်ခဲ့တာဖြစ်ပြီး ကျန်သုံးပုံးနှစ်ပုံကိုတော့ Tang မင်းဆက်တွေက တည်ဆောက်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Longmen Grottoes ဂူတွေထဲမှာ ရှေးအကျဆုံးနှင့် အကြီးဆုံးဂူက တော့ Guyangdong လို့အမည်ရတဲ့ ဂုဖြစ်ပါတယ်။ဒီဂူထဲက အကြီးမားဆုံးဆင်းတု တော်တွေကိုတော့ ထန် မင်းဆက်လက်ထပ်မှာ တည်ထားခဲ့တာဖြစ်ပါတယ် ။ တောင်ကုန်းရဲ့ လေးခုမြောက်အလွှာမှာရှိတဲ့ Fengxians လှိုဏ်ဂူမှာတော့ ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူနှင့်အတူနတ်မင်းကြီး ၉ ပါးရဲ့ရုပ်ထုကို အလွန်ကြီးမားတဲ့ အရွယ်အစားနဲ့ တည်ဆောက်ထားပါတယ်။

အခုနောက်ပိုင်းမှာတော့ Longmen Grottoes ဒေသကို ၂၀၀၀ ပြည့်နှစ်မှာကတည်းက UNESCO ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်ရမည့် နယ်မြေစာရင်းထဲ ထည့်သွင်းခဲ့ပြီးဖြစ်ပါတယ်။Crd ; THUTAMM

Add a Comment

Your email address will not be published. Required fields are marked *