ရုပ်ရှင်ဇာတ်လမ်းထဲကအတိုင်း လမ်းဘေးက ATM စက်ကို ညဘက် ၆ ဘီးကားဖြင့် ဆွဲကာယူဆောင်သွားခဲ့တဲ့ အမျိုးသား

ရုပ်ရှင်ဇာတ်လမ်းထဲကအတိုင်း လမ်းဘေးက ATM စက်ကို ညဘက် ၆ ဘီးကားဖြင့်ဆွဲကာ ယူဆောင်သွားခဲ့တဲ့ အမျိုးသား

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ Thai Progress Steel Co, Th ရှေ့မှာ တပ်ဆင်းထားတဲ့ ကုန်သွယ်ရေး ဘဏ်ဌာနမှ “ ထိုင်းဖာနစ် “ ATM Box ဟာပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ည ၀၂:၃၀ ချိန် ထူးဆန်းစွာ အလုံးလိုက် ပျောက်သွားသဖြင့်

ရဲတပ်ဖွဲ့စုံစမ်းဖော်ထုတ်ရာ စမွတ်ဆာခွန်မြို့ နားဒီးရပ်ကွက် နယ်မြေ ၈ တွင် အခန်းငှါးနေထိုင်သည့် အသက် ၂၅ နှစ် အရွယ် လူငယ် နိုင်ထနာထစ်ပ်ကို မနေ့ကညနေ ၁၇:၀၀ ချိန်တွင် ဖမ်းဝရမ်းဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်မိပါတယ် ။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ည ၀၂:၃၀ ချိန်တွင် ပြစ်မှု ကျူးလွန်သူသည် စမွတ်ဆာခွန်းခရိုင် ကထုမ့်ဘဲန်းမြို့နယ် ခလောင်းမဒူးရပ်ကွက် ၊နယ်မြေ ၇ ၊ အမှတ် ၅/ ၁၉ ရှိ ကုမ္မဏီရှေ့တွင် တပ်ဆင်ထားသည့် ငွေထုတ် ATM စက်ကို သူ၏ ၆ ဘီးကားတွင် သံကြိုးဖြင့်ချည်ကာ ဒရွတ်တိုက်ဆွဲယူ မကာ

ကားပေါ်တင်ဆောင်သွားခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့မှ CCTV မှတ်တမ်းများ နှင့်အတူ စုံစမ်းဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည် ။ တရားခံကတော့ လောင်းကစားဆော့မိပြီး ငွေလိုသဖြင့် သူကြည့်ဖူးခဲ့တဲ့ ရုပ်ရှင် ဇာတ်လမ်းထဲက အတိုင်း ယခုလို ပြုလုပ်မိပါတယ်လို့ ဖြောင့်ချက်ပေး ခဲ့ပါတယ် ။ Crd ; SiThuMaung

Tags:

Add a Comment

Your email address will not be published. Required fields are marked *