ပျူခေတ်ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည့် ကျွန်းလှမြို့နယ် ခါချဉ်ကုန်းတောင်ကို ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်မည်

ပျူခေတ်ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည့်ကျွန်းလှမြို့နယ် ခါချဉ်ကုန်းတောင်ကို ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ မော်ကယ်ကျေးရွာ အတွင်းမှ ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည့် ခါချဉ်ကုန်းတောင်ကို ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

“လက်ရှိအခြေအနေကတော့ မြို့နယ်ထွေအုပ်ရုံးမှာ ခင်းကျင်းပြသထားပါတယ်၊ အဲဒီလိုပြသပြီးရင် လွှဲပြောင်း လက်ခံယူပြီးတော့ နေပြည်တော်ကို ပို့မှာပါ၊ အဲဒါတွေ လုပ်ဆောင်ပြီးရင် ကွင်းဆင်း စစ်ဆေးတာတွေ လုပ်ဆောင်သွားပါမယ် ၊ ပြီးရင် ရှေးဟောင်းပစ္စည်းတွေ ထွက်တယ်ဆိုတဲ့ ခါချဉ်ကုန်း တောင်ကို ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်သွား ပါမယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတင်မောင် ထွေးက ပြောသည်။

ယခုအခါ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခင်းကျင်းပြသထားသည့် ပစ္စည်းများမှာ ရွှေစ ၊ပုတီးစေ့ ဆိုဒ်စုံ ၄၃ ခု၊ သံလျက် ၁၉ ခု၊ ကတ်ကြေး ၁ ခု၊ သံချောင်း ၇ ခု၊ လက်ကိုင်ကွင်း ပါ ဓား ၄ ချောင်း၊ ရဲဒင်း ၁ လက်၊ တူးရွင်း ၈ ခု၊ ငွေပြား၊ ကြေးလက်ကောက် အပိုင်းအစတို့ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ် ခါချဉ်ကုန်းတောင်မှ တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်းပစ္စည်းများမှာ တောင်သူသုံး ပစ္စည်းများ၊ လူအသုံး အဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်ခဲ့ကြသည့် ပုတီးစေ့များ၊ ဆေးတံအိုးများတို့ဖြစ်ပြီး ပျုခေတ် ၈ ရာစုခန့်မှ ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

ခါချဉ်ကုန်းတောင်မှာ ကျွန်းလှမြို့မှ မိုင်လေး ဆယ်ခန့်အကွာအဝေး တွင် တည်ရှိပြီး ရှေးဟောင်းပစ္စည်း များကို ဇန်နဝါရီ ဒုတိယပတ်အတွင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းရေးသားခဲ့သည့် သမိုင်းအချက် အလက်များအရ ပျုခေတ်အချိန်အခါက ပျူများ ဖြတ်သန်းသွားလာနေထိုင်မှုများ ရှိခဲ့ကြောင်း သိရသည်။

ခါချဉ်ကုန်းတောင်တွင် တူးဖော်မှုများကို ပြုလုပ်နေခြင်းခြင်းကြောင့် ရှေးဟောင်း ပစ္စည်းများကို ဒေသ ခံများ ဆက်လက်ရှာဖွေတူးဖော်ခြင်းမျိုး မရှိစေရေးအ တွက် စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်း သု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်စဉ် အသိပညာပေး လုပ်ငန်းများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခါချဉ်ကုန်းတောင်မှာ ရှေးဟောင်းပစ္စည်းများ တွေ့ရှိမှုအပေါ် ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ဇန်နဝါရီ လ ၂၆ ရက်က လည်း စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့နှင့် အုပ်ချုပ် ရေးပိုင်းမှ တာဝန်ရှိသူများ သွား ရောက်၍ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ဆက်လက်တူးဖော်မှု မရှိ စေရေးအတွက် ညောင်ပင်ကျေးရွာမှ အနီးကပ်ကြည့်ရှု စောင့်ရှောက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ crd ; နိုင်ထူး / Photo – ကျွန်းလှရှေးဟောင်းသုတေသန

Tags:

Add a Comment

Your email address will not be published. Required fields are marked *