အသည္းေကာင္းလို့ပြဲေတာင္းတဲ့ ျမန္မာစပါးအုံးနဲ႔ ႐ုရွားက်ားႀကီး ဗစ္ဒက္ရွ္တို့ရဲ့ မေက်ပြဲ

အသည္းေကာင္းလို့ ပြဲေတာင္းတဲ့ ျမန္မာစပါးအုံးနဲ႔ ႐ုရွားက်ားႀကီး ဗစ္ဒက္ရွ္တို့ရဲ့မေက်ပြဲ

ေအာင္လအန္ဆန္ဟာ ၿပိဳင္ဘက္ ဗစ္တာလီ ဗစ္ဒက္ရွ္နဲ႔ လာမဲ့ဧၿပီလထဲမွာ ထိုးသတ္ဖို့ရွိေနေၾကာင္း သိရပါတယ္။ က်င္းပဖို့ရွိတဲ့ ONE Champion ship ၿပိဳင္ပြဲေတြရဲ့ တြဲဆိုင္းေတြကို ေဖ့ဘြတ္စ္စာမ်က္ႏွာမွာ ဇန္နဝါရီလ ၂၈ ရက္ ေန႔မွာ တရားဝင္ ထုတ္ျပန္ခဲ့ပါတယ္။

ၿပိဳင္ပြဲေတြကိုေတာ့ စင္ကာပူနိုင္ငံမွာ က်င္းပသြားမွာျဖစ္ၿပီး အဲဒီတြဲဆိုင္းေတြမွာ ေတာ့ မစ္ဒယ္ဝိတ္တန္းၿပိဳင္ပြဲျဖစ္တဲ့ ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္နဲ႔ ႐ုရွား နိုင္ငံသား ဗစ္တာလီဘစ္ဒက္ရွ္ တို့ရဲ့တြဲဆိုင္း ပါဝင္လာခဲ့ၿပီး သူတို့ ႏွစ္ဉီးရဲ့ ပြဲစဥ္ကို ဧၿပီလ ၂၁ ရက္ေန႔မွာ က်င္းပသြားဖို့ လ်ာထားေၾကာင္း သိရပါတယ္။ ေအာင္လအန္ဆန္နဲ႔ ဘစ္ဒက္ရွ္တို့ဟာ ၂၀၁၇ ခုႏွစ္ထဲမွာ ၂ ႀကိမ္ေတြ႕ဆုံထားဖူးၿပီး အင္ဒိုနီးရွားနိုင္ငံ ဂ်ာကာတာမွာ က်င္းပခဲ့တဲ့ပြဲမွာေတာ့ ဘစ္ဒက္ရွ္က အမွတ္နဲ ႔နိုင္ခဲ့သလို ရန္ကုန္ၿမိဳ့မွာ ဒုတိယအႀကိမ္ေတြ႕ဆုံရာမွာေတာ့ ေအာင္လအန္ဆန္က အမွတ္နဲ႔ပဲ ျပန္လည္ အနိုင္ရထားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ ျမန္မာ့စပါးအုံးလို့နာမည္ႀကီးၿပီး ျမန္မာပရိသတ္ေတြရဲ့အသည္းေက်ာ္ျဖစ္တဲ့ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ဟာ MMA ၿပိဳင္ပြဲေပါင္း ၃၇ ပြဲကစားထားၿပီး ၂၆ ပြဲနိုင္ ၁၁ ပြဲရွုံးရလဒ္ ထြက္ေပၚထားသလို ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ ၃၀ ရက္ေန႔က စင္ကာပူနိုင္ငံမွာထိုးသတ္ခဲ့တဲ့ မစ္ဒယ္ဝိတ္တန္း ကမၻာ့ခ်န္ပီယံစိန္ေခၚပြဲမွာေတာ့ နယ္သာလန္နိုင္ငံသား ဒီရစ္ဒါကို ဒိုင္ပြဲရပ္နဲ႔ ရွုံးနိမ့္ခဲ့လို့ ေအာင္လအန္ဆန္ရဲ့ ၇ ပြဲဆက္ အနိုင္ရရွိမွု ရပ္တန႔္ခဲ့သလို မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္ ဆုံးရွုံးထားတာလည္းျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ထဲမွာ ပထမဆုံး ယွဥ္ၿပိဳင္ထိုးသတ္ဖို့ရွိတဲ့ ေအာင္လအန္ဆန္ရဲ့ အခုပြဲစဥ္ဟာ ဗစ္တာလီဘစ္ဒက္ရွ္နဲ႔တတိယအႀကိမ္ေတြ႕ဆုံမွုျဖစ္သလို နိုင္ပြဲတစ္ပြဲအျဖစ္ ျပန္လည္စတင္နိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာလည္း ျဖစ္ပါတယ္။ ခရက္ဒစ္

Unicode … အသည်းကောင်းလို့ ပွဲတောင်းတဲ့ မြန်မာစပါးအုံးနဲ့ ရုရှားကျားကြီး ဗစ်ဒက်ရှ်တို့ရဲ့မကျေပွဲ

အောင်လအန်ဆန်ဟာ ပြိုင်ဘက် ဗစ်တာလီ ဗစ်ဒက်ရှ်နဲ့ လာမဲ့ဧပြီလထဲမှာ ထိုးသတ်ဖို့ရှိနေကြောင်း သိရပါတယ်။ ကျင်းပဖို့ရှိတဲ့ ONE Champion ship ပြိုင်ပွဲတွေရဲ့ တွဲဆိုင်းတွေကို ဖေ့ဘွတ်စ်စာမျက်နှာမှာ ဇန်နဝါရီလ ၂၈ ရက် နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ပြိုင်ပွဲတွေကိုတော့ စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီတွဲဆိုင်းတွေမှာ တော့ မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲဖြစ်တဲ့ မြန်မာ MMA ကစားသမား အောင်လအန်ဆန်နဲ့ ရုရှား နိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ် တို့ရဲ့တွဲဆိုင်း ပါဝင်လာခဲ့ပြီး သူတို့ နှစ်ဉီးရဲ့ ပွဲစဉ်ကို ဧပြီလ ၂၁ ရက်နေ့မှာ ကျင်းပသွားဖို့ လျာထားကြောင်း သိရပါတယ်။ အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်တို့ဟာ ၂၀၁၇ ခုနှစ်ထဲမှာ ၂ ကြိမ်တွေ့ဆုံထားဖူးပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပခဲ့တဲ့ပွဲမှာတော့ ဘစ်ဒက်ရှ်က အမှတ်နဲ့နိုင်ခဲ့သလို ရန်ကုန်မြို့မှာ ဒုတိယအကြိမ်တွေ့ဆုံရာမှာတော့ အောင်လအန်ဆန်က အမှတ်နဲ့ပဲ ပြန်လည် အနိုင်ရထားခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မြန်မာ့စပါးအုံးလို့နာမည်ကြီးပြီး မြန်မာပရိသတ်တွေရဲ့အသည်းကျော်ဖြစ်တဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ MMA ပြိုင်ပွဲပေါင်း ၃၇ ပွဲကစားထားပြီး ၂၆ ပွဲနိုင် ၁၁ ပွဲရှုံးရလဒ် ထွက်ပေါ်ထားသလို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံမှာထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲမှာတော့ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့လို့ အောင်လအန်ဆန်ရဲ့ ၇ ပွဲဆက် အနိုင်ရရှိမှု ရပ်တန့်ခဲ့သလို မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် ဆုံးရှုံးထားတာလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာ ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိတဲ့ အောင်လအန်ဆန်ရဲ့ အခုပွဲစဉ်ဟာ ဗစ်တာလီဘစ်ဒက်ရှ်နဲ့တတိယအကြိမ်တွေ့ဆုံမှုဖြစ်သလို နိုင်ပွဲတစ်ပွဲအဖြစ် ပြန်လည်စတင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာလည်း ဖြစ်ပါတယ်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *