စက္ဘီးစီးစြမ္းရည္ေႀကာင့္ အင္တာနက္မွာနာမည္ႀကီးေနတဲ့ အဂၤလန္မွ ၂ ႏွစ္သားကေလးငယ္

စက္ဘီးစီးစြမ္းရည္ေႀကာင့္ အင္တာနက္မွာ နာမည္ႀကီးေနတဲ့ အဂၤလန္မွ ၂ ႏွစ္သားကေလးငယ္

ကေလးအမ်ားစုသည္ ေျခာက္ႏွစ္မျပည့္မီ တည္ၿငိမ္မွု မရွိသည့္အတြက္ စက္ဘီး စီးနင္းေလ့ မရွိေသာ္လည္း အဂၤလန္၊ ကာဗန္ထရီမွ ၂ ႏွစ္သားကေလး ဟာလီဘက္ဘတ္သည္ စက္ဘီးကို ေကာင္းေကာင္းမြန္မြန္ စီးနိုင္ေနသည့္အတြက္ သူ၏ မိဘမ်ားက သားျဖစ္သူ၏ စက္ဘီးစီး စြမ္းရည္မ်ားကို ရိုက္ကူးကာ အင္တာနက္ တင္ခဲ့ၾကသည္။

ခ်ိဳလိမ္ကို ပါးစပ္မွမခ်တမ္း တပ္ထားေသာဟာလီသည္ စကိတ္ကြင္းႏွင့္BMX စက္ဘီးစီးကြင္းမ်ားတြင္ ေန႔စဥ္ ၂၀ မိုင္မွ လၽွပ္စစ္ စက္ဘီးစီးျပ နိုင္သူလည္း ျဖစ္သည္။ စက္ဘီးစီးပညာကို ကၽြမ္းက်င္စြာ ေလ့က်င့္ခဲ့ေသာ အသက္ ၃၀ အရြယ္ရွိ မိခင္ျဖစ္သူ ရိုဟန္က “ ဟာလီက စက္ဘီးစီးတာကို အရမ္းႏွစ္သက္တယ္။ သူက အျပင္မွာ မစီးရရင္လည္း အိမ္ထဲမွာ တစ္ေယာက္တည္း စီးေနတတ္တယ္ ” ဟုဆိုသည္။

ရိုလန္က ဟာလီတစ္ေယာက္ အခ်ိန္တိုအတြင္း မည္သို့ စက္ဘီးစီး ကၽြမ္းက်င္လာသည္ကို စဥ္းစားမရ ျဖစ္ေနသည္။ ‘ကၽြန္မ တကယ့္ကို မေတြးတတ္ဘူး။ ပထမဆုံး ေလာ့ေဒါင္းခ်ခ်ိန္မွာ ကၽြန္မတို့နားမွာရွိတဲ့ စကိတ္ကြင္းမွာသူ စက္ဘီးစစီးေတာ့ သူအရမ္း ႀကိဳက္သြားတယ္။ အဲဒါက သူ႔ကိုညဘက္ ေကာင္းေကာင္း အိပ္ေပ်ာ္ေစတယ္”

ကာဗန္ထရီရွိ ရိုလန္ႏွင့္ ဟာလီ၏ ဖခင္ ဘီလီ ၃၈ႏွစ္တို့က သူတို့၏ သားအတြက္ စပြန္ဆာေပးမည့္ သူမ်ားပင္ တန္းစီေနသည္ဟု ဆိုသည္။ ေထာက္ပံ့မည့္ သူမ်ားက ေရွ႕အနာဂတ္တြင္ ဟာလီ၏ စက္ဘီးစီးစြမ္းရည္အတြက္ မည္သို့ စီစဥ္ထားၾကသည္ကို မသိေသာ္လည္း ယခုအခ်ိန္တြင္ ကေလးကို စက္ဘီး စက္စီးခြင့္ ေပးထားသည္ဟု ရိုလန္က ေျပာၾကားခဲ့သည္။ Crd ; မင္းသုတဟန္ / Ref: The Sun

Unicode … စက်ဘီးစီးစွမ်းရည်ကြောင့် အင်တာနက်မှာ နာမည်ကြီးနေတဲ့ အင်္ဂလန်မှ ၂ နှစ်သားကလေးငယ်

ကလေးအများစုသည် ခြောက်နှစ်မပြည့်မီ တည်ငြိမ်မှု မရှိသည့်အတွက် စက်ဘီး စီးနင်းလေ့ မရှိသော်လည်း အင်္ဂလန်၊ ကာဗန်ထရီမှ ၂ နှစ်သားကလေး ဟာလီဘက်ဘတ်သည် စက်ဘီးကို ကောင်းကောင်းမွန်မွန် စီးနိုင်နေသည့်အတွက် သူ၏ မိဘများက သားဖြစ်သူ၏ စက်ဘီးစီး စွမ်းရည်များကို ရိုက်ကူးကာ အင်တာနက် တင်ခဲ့ကြသည်။

ချိုလိမ်ကို ပါးစပ်မှမချတမ်း တပ်ထားသောဟာလီသည် စကိတ်ကွင်းနှင့်BMX စက်ဘီးစီးကွင်းများတွင် နေ့စဉ် ၂၀ မိုင်မှ လျှပ်စစ် စက်ဘီးစီးပြ နိုင်သူလည်း ဖြစ်သည်။ စက်ဘီးစီးပညာကို ကျွမ်းကျင်စွာ လေ့ကျင့်ခဲ့သော အသက် ၃၀ အရွယ်ရှိ မိခင်ဖြစ်သူ ရိုဟန်က “ ဟာလီက စက်ဘီးစီးတာကို အရမ်းနှစ်သက်တယ်။ သူက အပြင်မှာ မစီးရရင်လည်း အိမ်ထဲမှာ တစ်ယောက်တည်း စီးနေတတ်တယ် ” ဟုဆိုသည်။

ရိုလန်က ဟာလီတစ်ယောက် အချိန်တိုအတွင်း မည်သို့ စက်ဘီးစီး ကျွမ်းကျင်လာသည်ကို စဉ်းစားမရ ဖြစ်နေသည်။ ‘ကျွန်မ တကယ့်ကို မတွေးတတ်ဘူး။ ပထမဆုံး လော့ဒေါင်းချချိန်မှာ ကျွန်မတို့နားမှာရှိတဲ့ စကိတ်ကွင်းမှာသူ စက်ဘီးစစီးတော့ သူအရမ်း ကြိုက်သွားတယ်။ အဲဒါက သူ့ကိုညဘက် ကောင်းကောင်း အိပ်ပျော်စေတယ်”

ကာဗန်ထရီရှိ ရိုလန်နှင့် ဟာလီ၏ ဖခင် ဘီလီ ၃၈နှစ်တို့က သူတို့၏ သားအတွက် စပွန်ဆာပေးမည့် သူများပင် တန်းစီနေသည်ဟု ဆိုသည်။ ထောက်ပံ့မည့် သူများက ရှေ့အနာဂတ်တွင် ဟာလီ၏ စက်ဘီးစီးစွမ်းရည်အတွက် မည်သို့ စီစဉ်ထားကြသည်ကို မသိသော်လည်း ယခုအချိန်တွင် ကလေးကို စက်ဘီး စက်စီးခွင့် ပေးထားသည်ဟု ရိုလန်က ပြောကြားခဲ့သည်။ Crd ; မင်းသုတဟန် / Ref: The Sun

Tags:

Add a Comment

Your email address will not be published. Required fields are marked *