ဝတ်ထားတဲ့နားကပ်ကိုပါချွတ်လှူခဲ့တဲ့ ဆေးလာကုတဲ့လူနာတစ်ဦးရဲ့ သဒ္ဓါစိတ်ကိုမြင်ပြီး ကြက်သီးထလောက်အောင်ဝမ်းသာပီတိ ဖြစ်ရကြောင်းပြောပြလာတဲ့ သရုပ်ဆောင် ထူးခန့်ကျော်
ဝတ်ထားတဲ့နားကပ်ကိုပါချွတ်လှူခဲ့တဲ့ ဆေးလာကုတဲ့လူနာတစ်ဦးရဲ့ သဒ္ဓါစိတ်ကိုမြင်ပြီး ကြက်သီးထလောက်အောင်ဝမ်းသာပီတိ ဖြစ်ရကြောင်းပြောပြလာတဲ့ သရုပ်ဆောင် ထူးခန့်ကျော်
Unicode … ဝတ်ထားတဲ့နားကပ်ကိုပါချွတ်လှူခဲ့တဲ့ ေဆးလာကုတဲ့လူနာတစ်ဦးရဲ့ သဒ္ဓါစိတ်ကိုမြင်ပြီး ကြက်သီးထလောက်အောင်ဝမ်းသာပီတိ ဖြစ်ရတဲ့အကြောင်းပြောပြလာတဲ့ သရုပ်ဆောင် ထူးခန့်ကျော်
သရုပ်ဆောင် ထူးခန့်ကျော်ကတော့ သူ့ဆီမှာ ဆေးလာကုတဲ့ လူနာတစ်ဦးရဲ့ သဒ္ဓါစိတ်ကိုမြင်ပြီး ကြက်သီး ထလောက်အောင် ဝမ်းသာပီတိ ဖြစ်ရတယ်လို့ ဇန်နဝါရီလ ၂၈ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားလာခဲ့ပါတယ်။
“ သာဓု အကြိမ်ကြိမ် ခေါ်လိုက်ရပါတယ် သမီးလေးရေ၊ ပထမအကြိမ် မိမိချွေးနဲ စာလေးတွေနဲ့ဘုရားတည်ဖို့ အလှူငွေငါးသောင်းကျပ် လာရောက်လှူရင်း နောက်ထပ်သဒ္ဓါစိတ် ပေါက်ကာ မိမိနားမှာ အမြတ်တစ်နိုး ဝတ်ထားတဲ့နားကပ်ပါ ချွတ်လှူလိုက် ပြန်သောကြောင့် သမီးလေးရဲ့ သဒ္ဓါစိတ်ကို မြင်လိုက်ရသော ကျွန်တော်အဖို့ ကြက်သီးထလောက်အောင် ဝမ်းသာပီတိ ဖြစ်စွာဖြင့် သာဓု အကြိမ်ကြိမ် ခေါ်ဆိုလိုက်ရပေသည်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာပါ။
ဆက်လက်ပြီး ခုနှစ်ရက်သားသမီးအားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပြီး လိုအင်ဆန္ဒဟူသမျှ ပြီးပြည့်စုံစွာဖြင့် လိုတိုင်းတရရှိကြစေပြီး ကပ်ကြီးသုံးပါးတို့မှလည်း ကင်းဝေးကြပါစေ။ အားလုံးကျန်းမာချမ်းသာကြပါစေလို့လည်း ဆုတောင်းပေးထားတာ တွေ့ရပါတယ်။
ထူးခန့်ကျော်ကတော့ အခုလက်ရှိမှာ အနုပညာအလုပ်တွေအပြင် တစ်ဖက်မှာလည်း အရိုးအကြော ဝေဒနာခံစားနေရတဲ့ သူတွေကို မြန်မာ တိုင်းရင်းဆေး အခမဲ့ကုသပေး နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထူးခန့်ကျော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှာ ဘုရားတည်ဖို့အတွက် ပြင်ဆင်နေပြီး ဆေးလာကုသတဲ့ အနုပညာရှင်တွေအပါအဝင် ပရိသတ်တွေကလည်း သူရဲ့ဘုရားတည်ဖို့ အလှူမှာတတ်နိုင်သဘောက်ပါဝင် ကုသိုလ်ယူနေကြတာ တွေ့ရပါတယ်။ Source ; Pyi Myanmar
Tags:
Add a Comment
Your email address will not be published. Required fields are marked *