ယေန႕အခ်ိန္ထိ ရွာေဖြေတြ႕ရွိခဲ့သမၽွထဲမွ အႀကီးဆုံး ဥကၠာခဲႀကီးအေႀကာင္း

ယေန႕အခ်ိန္ထိ ရွာေဖြေတြ႕ရွိခဲ့သမၽွထဲမွ အႀကီးဆုံးဥကၠာခဲႀကီးအေႀကာင္း

ကမၻာေပၚမွာ ရွာေဖြေတြ႕ရွိ ခဲ့သမၽွထဲမွာ အႀကီးဆုံး ဥကၠာခဲကေတာ့ Hoba လို့ အမည္ရတဲ့ ဥကၠာခဲႀကီး ျဖစ္ပါတယ္။ ၁၉၂၀ ခုႏွစ္က နမ္မီးဘီးယားနိုင္ငံ Grootfontein ၿမိဳ့အနီးမွာ လယ္သမား တေယာက္က ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

အရြယ္အစားအားျဖင့္ အလ်ား ၉ ေပ အနံ ၉ ေပ နဲ႔ အထူ ၃ ေပခန႔္ ရွိ ၿပီး အေလးခ်ိန္ကေတာ့ တန္ခ်ိန္ ၅၀ ခန႔္ ရွိပါတယ္။ ဒီ ဥကၠာခဲႀကီးမွာ သံ ၈၂.၄ % ၊ နီကယ္ ၁၆.၄ % ၊ ကိုေဘာ့ ဝ.၇၆ % တို့အျပင္ ကာဘြန္ ၊ ဆာလဖာ ၊ ခရိုမီယမ္ ၊ ေၾကးနီ ၊ သြပ္ ၊ ေဂါလီယမ္ ၊ အီရီဒီယမ္ ၊ ဂ်ာမနီယမ္ စတာေတြလည္း အနည္းငယ္ ပါဝင္ေနပါတယ္။

ပညာရွင္ေတြရဲ့ ခန႔္မွန္း တြက္ခ်က္မွုအရ ဒီဥကၠာခဲႀကီးဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၈ ေသာင္းခန႔္က ကမၻာေျမေပၚကို က်ေရာက္လာခဲ့တာလို့ သိရပါတယ္။လက္ရွိအခ်ိန္မွာေတာ့ နမ္မီးဘီးယားရဲ့ အေမြအႏွစ္ တခုအေနနဲ႕ Groot fontein ျပတိုက္မွာ ျပသထားၿပီး ႏွစ္စဥ္ လူေပါင္း ေထာင္နဲ႔ခ်ီ လာေရာက္ ႀကည့္ရွု့ေလ့ရွိပါတယ္။ Source ; Thutazone

Unicode … ယနေ့အချိန်ထိ ရှာဖွေတွေ့ရှိခဲ့သမျှထဲမှ အကြီးဆုံး ဥက္ကာခဲကြီးအကြောင်း

ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိ ခဲ့သမျှထဲမှာ အကြီးဆုံး ဥက္ကာခဲကတော့ Hoba လို့ အမည်ရတဲ့ ဥက္ကာခဲကြီး ဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်က နမ်မီးဘီးယားနိုင်ငံ Grootfontein မြို့အနီးမှာ လယ်သမား တယောက်က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အရွယ်အစားအားဖြင့် အလျား ၉ ပေ အနံ ၉ ပေ နဲ့ အထူ ၃ ပေခန့် ရှိ ပြီး အလေးချိန်ကတော့ တန်ချိန် ၅၀ ခန့် ရှိပါတယ်။ ဒီ ဥက္ကာခဲကြီးမှာ သံ ၈၂.၄ % ၊ နီကယ် ၁၆.၄ % ၊ ကိုဘော့ ဝ.၇၆ % တို့အပြင် ကာဘွန် ၊ ဆာလဖာ ၊ ခရိုမီယမ် ၊ ကြေးနီ ၊ သွပ် ၊ ဂေါလီယမ် ၊ အီရီဒီယမ် ၊ ဂျာမနီယမ် စတာတွေလည်း အနည်းငယ် ပါဝင်နေပါတယ်။

ပညာရှင်တွေရဲ့ ခန့်မှန်း တွက်ချက်မှုအရ ဒီဥက္ကာခဲကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သောင်းခန့်က ကမ္ဘာမြေပေါ်ကို ကျရောက်လာခဲ့တာလို့ သိရပါတယ်။လက်ရှိအချိန်မှာတော့ နမ်မီးဘီးယားရဲ့ အမွေအနှစ် တခုအနေနဲ့ Groot fontein ပြတိုက်မှာ ပြသထားပြီး နှစ်စဉ် လူပေါင်း ထောင်နဲ့ချီ လာရောက် ကြည့်ရှု့လေ့ရှိပါတယ်။ Source ; Thutazone

Add a Comment

Your email address will not be published. Required fields are marked *