ခွေးနှင့်ကြောင်၁၆ကောင်ကို မီးလောင်နေတဲ့ အဆောက်အဦထဲမှ ကယ်တင်ခဲ့သဖြင့် နေထိုင်ရန်အခန်းတစ်ခန်း ဆုချီးမြှင့်ခံခဲ့ရတဲ့အမျိုးသား
|ခွေးနှင့်ကြောင်၁၆ကောင်ကို မီးလောင်နေတဲ့ အဆောက်အဦထဲမှ ကယ်တင်ခဲ့သဖြင့် နေထိုင်ရန်အခန်းတစ်ခန်း ဆုချီးမြှင့်ခံခဲ့ရတဲ့ အမျိုးသား
အိုးမဲ့အိမ်မဲ့ တစ်ဦးသည် မီလောင်နေသော အဆောက်အဦ အတွင်းမှ ခွေးများနှင့် ကြောင်များအား ကယ်တင်ခဲ့ပြီးနောက် သူ့အတွက် နေထိုင်ရန်အိမ်နှင့် အထောက် အပံ့ အစီအစဉ်များ ဆုအဖြစ် ချီးမြှင့် ခံခဲ့ရသည်။
ပြီးခဲ့သည့်လက အမေရိကန်မှ Keith Walker သည် မီလောင်နေသည့် အဆောက် အဦထဲတွင် ခေတ္တရောက် နေသည့် သူ့ ကိုယ်ပိုင်ခွေး အပါအဝင် ခွေးနှင့်ကြောင် စုစုပေါင်း ၁၆ ကောင်၏ အသက်ကို ကယ်ဆယ်ခဲ့သည့် အတွက် ချီးကျူး ဂုဏ်ပြု ခံခဲ့ရသည်။ ယခုအခါ သူ့အား နေထိုင်ရန် နေရာ ပေးခြင်းနှင့် သူ၏ဘဝ အခြေအနေကို ပြောင်းလဲသွားစေရန် ဒေသခံပရဟိတ လုပ်ငန်းမှ ကူညီပေးနေသည်။
အတ္တလန်တာအခြေစိုက် ပရဟိတ လုပ်ငန်း Georgia Works! က Keithကို အကူအညီနှင့် ထောက်ပံ့မှုများပေးခြင်း ဖြစ်သည်။ GoFund Me စာမျက်နှာ သည်လည်း သူကို ထောက်ပံ့ရန် ဒေါ်လာ ၈၉၀၀၀ ( ပေါင် ၆၄၀၀၀) ကျော် ရရှိခဲ့သည်။ ပရ ဟိတ လုပ်ငန်း Georgia Works! သည် ယခု အချိန်ထိ လူ ၈၅၀ ကျော်အား သူတို့၏ ဘဝများကို ပြန်လည် မြှင့်တင်ရန် အကူညီ ပေးခဲ့သည်။ crd ; မင်းသုတဟန် / Ref ; Daily Mail