အလွှာသုံးထပ်ပါ mask တွေက ဗိုင်းရပ်စ်ကို ၉၀ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်

အလွှာသုံးထပ်ပါ maskတွေက ဗိုင်းရပ်စ်ကို ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်

အလွှာသုံးခုပါတဲ့ mask တွေကို တပ်ဆင်ခြင်းဟာ ဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ကောင်းကောင်းကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူတွေက ဒါဟာတစ်ကြိမ်ကို နှာခေါင်းစည်းသုံးခု တပ်ဆင်တာမျိုးတော့မဟုတ်ဘူးလို့ ဆိုကြပါတယ်။ နှာခေါင်းစည်းမျိုးစုံဟာ ဗိုင်းရပ်စ်ကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးနိုင်ပေမယ့်လည်း အပိုတစ်ခုပိုမိုတပ်ဆင်မယ်ဆိုပါက အသက်ရှူဖို့တော့ အခက်အခဲ ဖြစ်စေမှာဖြစ်ပါတယ်။

ဒီအတွက် ကူးစက်ရောဂါ အထူးကုဆရာဝန်တွေက နှာခေါင်းနဲ့ပါးစပ်အနီးနားမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေကို တပ်ဆင်ဖို့အကြံပေးကြပြီး အဲဒီအပေါ်ကမှ အခြားသောနှာခေါင်းစည်းတွေ ဒါမှမဟုတ် တပ်ဆင်သင့်တယ်လို့ အကြံပြုနေကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင်တော့ အလွှာသုံးခုပါတဲ့ နှာခေါင်းစည်းတွေဟာ ဗိုင်းရပ်စ်ကူးစက်နိုင်ချေကို ၉၀% အထိ လျှော့ချနိုင်ပြီး ဖျားနာမှုအန္တရာယ်ကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်နာမည်ကျော်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဖူချီရဲ့ လတ်တလောအင်တာဗျူးတစ်ခုမှာတော့ နှာခေါင်းစည်းနှစ်ထပ်တပ်ဆင်မှုကို ထောက်ခံခဲ့ပါတယ်။ ဒီနေ့မှာ NBC နဲ့ တွေ့ဆုံပြောကြားခဲ့ရာမှာတော့ “ခင်ဗျားက အလွှာတစ်ခုသာ တပ်ဆင်ထားတယ်ဆိုရင် အခြားအလွှာတစ်ခု ထပ်တပ်မယ်ဆိုရင် ဒါက ပိုပြီးထိရောက်မယ်လို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်”

“ဒါကြောင့်ပဲ လူတွေက နှာခေါင်းစည်းနှစ်ထပ်တပ်တာ ဒါမှမဟုတ် N95 ဗားရှင်းနှာခေါင်းစည်းတပ်တာကို တွေ့ရတာပေါ့” လို့ ဒေါက်တာဖူချီက ဆိုပါတယ်။ ဒါပေမယ့်လည်း Vanderbil တက္ကသိုလ်က ကူးစက်ရောဂါပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါက်တာ William Schaffner ကတော့ နှာခေါင်းစည်းနှစ်ထပ်၊ သုံးထပ်တပ်ဆင်တာမျိုးက ဘယ်သူ့အတွက်မှ မလိုအပ်ဘူးလို့ Daily Mail ကို ပြောဆိုခဲ့ပါတယ်။

အရည်အသွေးကောင်းမွန်တဲ့ နှာခေါင်းစည်းတစ်ခုက နှာခေါင်းစည်းနှစ်ထပ်တပ်ဆင်တာထက် ပိုမိုထိရောက်တယ်လို့ သူကဆိုပါတယ်။ လတ်တလောမှာတော့ ကူးစက်ရောဂါကို စိုးရိမ်တဲ့လူတွေဟာ နှာခေါင်းစည်းကို နှစ်ထပ်၊ သုံးထပ်အထိတပ်ဆင်တာမျိုးတွေရှိနေပြီး ဗိုင်းရပ်စ်ကူးစက်နိုင်ချေကို အတတ်နိုင်ဆုံးလျှော့ချနိုင်မယ်လို့ ယူဆနေတာလည်းဖြစ်ပါတယ်။

ဒေါက်တာ Schaffner ကတော့ N95 နှာခေါင်းစည်းကို Gold Standard အဆင့်အဖြစ် စဉ်းစားနိုင်တယ်လို့ဆိုပြီး တစ်ခုတည်းသောရွေးချယ်စရာတော့မဟုတ်သေးဘူးလို့ ထပ်ပြောခဲ့ပါတယ်။ “လူအများစုအနေနဲ့ N95 ကို တပ်ဆင်ရမယ်လို့ ကျွန်တော်မဆိုလိုချင်ပါဘူး၊ သူတို့က ပုံမှန်နှာခေါင်းစည်းတွေထက် ကပ်ငြိတွယ်နိုင်တာနည်းပါတယ်၊ ပုံမှန်နှာခေါင်းစည်းတွေကတော့ ပိုပြီးအသုံးများသလို အလုပ်လည်းဖြစ်တယ်လေ” လို့ ဆိုပါတယ်။ သူက နောက်ဆုံးအကြံပြုတာကတော့ အိမ်ကနေ ထွက်ခွာတာနဲ့ နှာခေါင်းစည်းတပ်ဆင်ဖို့ဖြစ်ပြီး ပါးစပ်နဲ့ နှာခေါင်းကို သေချာဖုံးအုပ်ထားဖို့ပဲဖြစ်ပါတယ်။Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *