တောင်အာဖရိက၌သန့်စင်ထားသည့်ဆင်ချေးမှ ထုတ်လုပ်ထားသော ပရီမီယံဂျင်အရက်ကို ထုပ်လုပ်ရောင်းချ

တောင်အာဖရိက၌ သန့်စင်ထားသည့်ဆင်ချေးမှ ထုတ်လုပ်ထားသော ပရီမီယံဂျင်အရက်ကို ထုပ်လုပ်ရောင်းချ





Unicode … တောင်အာဖရိကတွင် သန့်စင်ထားသည့်ဆင်ချေးမှ ထုတ်လုပ်ထားသော ပရီမီယံဂျင်အရက်ကို ထုပ်လုပ်ရောင်းခ်

တောင်အာဖရိကမှာ သန့်စင်ထား တဲ့ဆင်ချေးနဲ့ ထုတ်လုပ်ထားတဲ့ ပရီမီယံ ဂျင် အရက် Indlovu ကို ရောင်းချပေး လျက်ရှိတယ်လို့ သိရပါတယ်။ ဇီဝဗေဒ နယ်ပယ် အသီးသီးမှာ ပါမောက္ခတွေဖြစ်တဲ့ Paula နဲ့ Les Ansleyဟာ အငြိမ်းစားယူပြီး တဲ့နောက် ဗြိတိန်ကနေ တောင်အာဖရိကကို ပြောင်းရွှေ့ခဲ့ကြ ပါတယ်။

နှစ်ဦးလုံးက ဂျင်အရက် ထုတ်လုပ်ရာမှာ ဆင်ချေးက အရေးပါလိမ့်မယ်လို့ မထင်ခဲ့ကြပေမယ့် အခုအခါမှာတော့Indlovu ဂျင်အရက်ကို ထုတ်လုပ်ဖို့ ဆင် ချေးသန့်စင် စက်ရုံတစ်ခုကို တည်ထောင် ထားပြီဖြစ်ပါတယ်။

ပါမောက္ခဟောင်းနှစ်ဦးက တောရိုင်း တိရစ္ဆာန်ထိန်းစောင့် ရှောက်ရေးစခန်းတစ်ခုကိုသွားရောက် လည်ပတ်စဉ်မှာ တောခေါင်းတစ်ဦးရဲ့ရှင်း ပြချက်အရ ဆင်တွေဟာ အစားအသောက်ကို ရွေးချယ်စားသုံးလေ့ရှိပြီး ဆင်ရဲ့ ခန္ဓာကိုယ်ကလည်းစားလိုက်သမျှ အာဟာရတွေရဲ့ ထက်ဝက်ကိုသာစုပ်ယူပြီး ကျန်တစ်ဝက်က ဆင်ချေးတွေမှာ ပါဝင်နေတတ်ပါတယ်။

အဲဒီအချိန်မှာ ဆင်ချေးနဲ့ အရက်လုပ်ဖို့ စိတ်ကူးရရှိခဲ့တာဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ်မှာ Indlovu ဂျင်အ ရက်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဆင်က စားလိုက်သမျှ အမြစ်တွေ၊ မြက်တွေ၊ သစ် သီးတွေ၊ သစ်ခေါက်တွေ၊ ရှားစောင်းပင်တွေနဲ့ အကေးရှားပင်တွေရဲ့ အာဟာရတွေက ဆင်ချေးအရက်မှာ ပါဝင်လျက်ရှိပါ တယ်။ Andley ရဲ့ ဆင်ချေးသန့်စင် စက်ရုံဟာ ရရှိတဲ့ အမြတ် ၁၅ ရာခိုင်နှုန်းကို ဆင်တွေကို စောင့်ရှောက်ဖို့ အတွက်ကို လှူဒါန်းပေးခဲ့ တယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *