မိုးညိဳၿမိဳ့နယ္တြင္ မိုးရြာသြန္းၿပီး ေလျပင္းတိုက္ခတ္မွုေၾကာင့္ ေနအိမ္ၿပိဳလဲျခင္းႏွင့္ အမိုးလန္ျခင္းမ်ားျဖစ္ပြား

မိုးညိဳၿမိဳ့နယ္တြင္ မိုးရြာသြန္းၿပီး ေလျပင္းတိုက္ခတ္မွုေၾကာင့္ ေနအိမ္ၿပိဳလဲျခင္းႏွင့္ အမိုးလန္ျခင္းမ်ားျဖစ္ပြား

ပဲခူးတိုင္းေဒသႀကီး၊ သာယာဝတီခရိုင္၊ မိုးညိဳၿမိဳ့နယ္တြင္ ယမန္ေန႔၊ညေန(၃) နာရီခြဲအခ်ိန္က မိုးရြာသြန္းၿပီး ေလျပင္းတိုက္ခတ္မွုေၾကာင့္ ေက်းရြာအုပ္စုမ်ားအတြင္း ေနအိမ္မ်ား ၿပိဳလဲျခင္းႏွင့္ အမိုးလန္ျခင္းမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေလျပင္းတိုက္ခတ္မွုေၾကာင့္ မိုးညိဳၿမိဳ့နယ္အတြင္း ေက်းရြာအုပ္စု (၈) အုပ္စုရွိ ေက်းရြာေပါင္း (၂၂) ရြာ တို့တြင္ၿပိဳလဲေနအိမ္ (၃၀) လုံး၊ အမိုးလန္ေနအိမ္ (၁၇၉) လုံး၊ စုစုေပါင္း ေနအိမ္ (၂၀၉) လုံး ထိခိုက္ပ်က္စီးခဲ့ေၾကာင္းႏွင့္ လူႏွင့္တိရိစၧာန္ ထိခိုက္မွုမရွိေၾကာင္း သိရသည္။

အဆိုပါ ေလျပင္း တိုက္ခတ္မွုေၾကာင့္ ပ်က္စီးဆုံးရွုံးခဲ့ေသာ ေနအိမ္မ်ားသို႕ သာယာ၀တီခရိုင္ မီးသတ္ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွူး ဦးမင္းသိန္းထြန္း ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ မိုးညိဳၿမိဳ့နယ္ မီးသတ္ဦးစီးဌာနမွ ဒုတိယဦးစီးမွူး ဦးသက္ေဇာ္ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ့နယ္ရဲတပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွူးမ်ားႏွင့္ ေက်းရြာေန ျပည္သူမ်ားမွ ဝိုင္းဝန္းကူညီ ေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း သိရသည္။ Source ; MRTV

Unicode … မိုးညိုမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုလဲခြင်းနှင့် အမိုးလန်ခြင်းများဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့၊ညနေ(၃) နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများအတွင်း နေအိမ်များ ပြိုလဲခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မိုးညိုမြို့နယ်အတွင်း ကျေးရွာအုပ်စု (၈) အုပ်စုရှိ ကျေးရွာပေါင်း (၂၂) ရွာ တို့တွင်ပြိုလဲနေအိမ် (၃၀) လုံး၊ အမိုးလန်နေအိမ် (၁၇၉) လုံး၊ စုစုပေါင်း နေအိမ် (၂၀၉) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များသို့ သာယာဝတီခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းထွန်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေ ပြည်သူများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ Source ; MRTV

Tags:

Add a Comment

Your email address will not be published. Required fields are marked *