ေရွးယခင္က အိမ္ေျခေပါင္းတစ္ေသာင္း ေက်ာင္းေပါင္းတစ္ေထာင္ႏွင့္ တိမ္ျမဳပ္ေပ်ာက္ကြယ္ခဲ့သည့္ နတ္ၿမိဳ့ ( သို႕) ေက်ာက္ၿမိဳ့ေဟာင္း

ေရွးယခင္က အိမ္ေျခေပါင္းတစ္ေသာင္း ေက်ာင္းေပါင္းတစ္ေထာင္ႏွင့္ တိမ္ျမဳပ္ေပ်ာက္ကြယ္ခဲ့သည့္ နတ္ၿမိဳ့ ( သို႕) ေက်ာက္ၿမိဳ့ေဟာင္း

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းခရိုင္၊ ဝန္းသိုၿမိဳ့နယ္သည္ ဝန္းသိုေစာ္ဘြားႀကီး ဦးေအာင္ျမတ္၏ သမိုင္းဝင္ ျမိဳ့တစ္ၿမိဳ့ျဖစ္ၿပီး အနီးဝန္းက်င္ တစ္ဝိုက္တြင္ထူးျခားအံ့ဖြယ္ ေက်ာက္ေမာင္း ေတာင္ေတာ္ေစတီ၊ ေရွးေဟာင္းေပ်ာ္ေတာင္ဘုရား၊ ဂ်ိဳးေတာင္ ေတာင္မႀကီးဘုရား၊ ေတာ္ေရွာဘုရား၊ ေမာ္နိုင္းေက်ာင္းတိုက္ ေရႊကူကုန္းေျမ၊ ေက်ာက္လွုပ္လဲ့ေစတီ၊ကင္းကန္ေတာင္ ဆုေတာင္းျပည့္ေစတီေတာ္၊ ကင္းျမင္သာကန္စသည့္ ေဒသႏၲရ ခရီးသြားေလ့လာလည္ပတ္၊ဖူးေျမာ္ႀကည္ညိဳဖြယ္ ေနရာမ်ားစြာရွိသည္။

ယခုအခါ ထိုေနရာမ်ားအျပင္ ေတာေတာင္ရွုခင္းမ်ားႏွင့္ ေလ့လာလည္ပတ္ဖူးေျမာ္ၾကည္ညိဳစရာ တစ္ခုထြက္ေပၚလာသည့္ ေရွးႏွစ္ေပါင္းမ်ားစြာက ေမာင္ပ်င္း ( ေခၚ) ေစာနႏၵဘုရင္ တည္ထားခဲ့ေသာ အိမ္ေျခေပါင္းတစ္ေသာင္း၊ ေက်ာင္းေပါင္းတစ္ေထာင္ရွိ ၿမိဳ့ႀကီးကို နတ္ဖြက္ထားခဲ့သည္ ဟုဆိုၾကသည့္ နတ္ၿမိဳ့ ( ေခၚ) ေက်ာက္ၿမိဳ့ေဟာင္းႀကီးပင္ ျဖစ္သည္။

အဆိုပါနတ္ၿမိဳ့ ( ေခၚ) ေက်ာက္ၿမိဳ့ေဟာင္းႀကီးသည္ ဝန္းသိုၿမိဳ့နယ္ အဆုံးပင္လည္ဘူးၿမိဳ့နယ္ႏွင့္ ထိစပ္ေနသည့္ ေအာင္းပင္ေက်းရြာ၏ ေျမာက္ဘက္သုံးမိုင္ခန႔္ အကြာ ဝိန္ဘာေတာင္တြင္တည္ ရွိသည္။ ေက်ာက္ေဆာင္ေက်ာက္တံတိုင္းႀကီးမ်ားႏွင့္ တစ္မိုင္ ပတ္လည္ခန႔္ ကာရံထားၿပီး ၿမိဳ့ဝင္ေပါက္ (၄) ခုရွိသည္။

ထို့အျပင္ ထူးျခားသည့္ ေက်ာက္ ေစတီ၊ ေက်ာက္မ႑ပ္၊ ယမ္းေထာင္းေသာ ေက်ာက္ဆုံ၊ ေက်ာက္က်ည္ေပြ႕၊ ေက်ာက္အေျမာက္၊ နတ္ေရကန္၊ ဥစၥာတိုက္၊ ေက်ာက္ေလွ၊ ေက်ာက္ထိုင္ခုံ၊ ႏွစ္ေပါင္း(၅၆) ႏွစ္ရွိ စူဠာမုနိေစတီေတာ္၊ ေက်ာက္ဘီလူး၊ ေက်ာက္ဟသၤာ၊ေက်ာက္နံရံႀကီးမ်ား၊ နတ္ေျခရာမ်ား၊ ေက်ာက္ေမၽွာ္စင္ စသည့္ေနရာမ်ားကို ေလ့လာဖူးေျမာ္ရမည္ျဖစ္ၿပီး ေက်ာက္ေမၽွာ္စင္မွပင္လည္ဘူး နယ္ကြင္း၊ မိုင္းသုံကြင္း၊ ဂ်ိဳးေတာင္ကြင္း၊ ေအာင္းပင္အုပ္စုကြင္တို့၏ သဘာဝ ေတာေတာင္ရွုခင္းမ်ားႏွင့္ သစ္ရိပ္၊ ဝါးရိပ္ျဖင့္ စိတ္ေအး ခ်မ္းသာစြာ ၾကည့္ရွုခံစားနိုင္ၾကမည္ျဖစ္သည္။

အဆိုပါ နတ္ၿမိဳ့ ( ေခၚ) ေက်ာက္ၿမိဳ့ေဟာင္းသို့ ရပ္ေဝးရပ္နီးမွ ခရီးသြားေလ့လာၾကမည္ဆိုလၽွင္ ဝန္းသို – ေက်ာက္ေျမာင္း – ကြန္းေပါင္း- လက္ပံက်င္း – ေအာင္းပင္ရြာထိ ၁၂ မိုင္ခန႔္ ကား/ဆိုင္ကယ္ မ်ားျဖင့္ လည္းေကာင္း၊ ေအာင္းပင္ရြာမွ ေက်ာက္ၿမိဳ့ေဟာင္းထိ (၃) မိုင္ခန႔္ ေျခလၽွင္ျဖင့္လည္းေကာင္း ဆိုင္ကယ္ျဖင့္လည္းေကာင္း သြားေရာက္ေလ့လာနိုင္ၾကၿပီး လမ္းတစ္ေလၽွာက္တြင္လည္း သစ္ရိပ္၊ ဝါးရိပ္မ်ား၏ ေတာေတာင္ သဘာဝရွုခင္းမ်ားကို ၾကည့္ရွုခံစားနိုင္ ႀကမည္ျဖစ္သည္ ။ Source ; popolay

Unicode … ရှေးယခင်က အိမ်ခြေပေါင်းတစ်သောင်း ကျောင်းပေါင်းတစ်ထောင်နှင့် တိမ်မြုပ်ပျောက်ကွယ်ခဲ့သည့် နတ်မြို့ ( သို့) ကျောက်မြို့ဟောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်သည် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ သမိုင်းဝင် မြို့တစ်မြို့ဖြစ်ပြီး အနီးဝန်းကျင် တစ်ဝိုက်တွင်ထူးခြားအံ့ဖွယ် ကျောက်မောင်း တောင်တော်စေတီ၊ ရှေးဟောင်းပျော်တောင်ဘုရား၊ ဂျိုးတောင် တောင်မကြီးဘုရား၊ တော်ရှောဘုရား၊ မော်နိုင်းကျောင်းတိုက် ရွှေကူကုန်းမြေ၊ ကျောက်လှုပ်လဲ့စေတီ၊ကင်းကန်တောင် ဆုတောင်းပြည့်စေတီတော်၊ ကင်းမြင်သာကန်စသည့် ဒေသန္တရ ခရီးသွားလေ့လာလည်ပတ်၊ဖူးမြော်ကြည်ညိုဖွယ် နေရာများစွာရှိသည်။

ယခုအခါ ထိုနေရာများအပြင် တောတောင်ရှုခင်းများနှင့် လေ့လာလည်ပတ်ဖူးမြော်ကြည်ညိုစရာ တစ်ခုထွက်ပေါ်လာသည့် ရှေးနှစ်ပေါင်းများစွာက မောင်ပျင်း ( ခေါ်) စောနန္ဒဘုရင် တည်ထားခဲ့သော အိမ်ခြေပေါင်းတစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိ မြို့ကြီးကို နတ်ဖွက်ထားခဲ့သည် ဟုဆိုကြသည့် နတ်မြို့ ( ခေါ်) ကျောက်မြို့ဟောင်းကြီးပင် ဖြစ်သည်။

အဆိုပါနတ်မြို့ ( ခေါ်) ကျောက်မြို့ဟောင်းကြီးသည် ဝန်းသိုမြို့နယ် အဆုံးပင်လည်ဘူးမြို့နယ်နှင့် ထိစပ်နေသည့် အောင်းပင်ကျေးရွာ၏ မြောက်ဘက်သုံးမိုင်ခန့် အကွာ ဝိန်ဘာတောင်တွင်တည် ရှိသည်။ ကျောက်ဆောင်ကျောက်တံတိုင်းကြီးများနှင့် တစ်မိုင် ပတ်လည်ခန့် ကာရံထားပြီး မြို့ဝင်ပေါက် (၄) ခုရှိသည်။

ထို့အပြင် ထူးခြားသည့် ကျောက် စေတီ၊ ကျောက်မဏ္ဍပ်၊ ယမ်းထောင်းသော ကျောက်ဆုံ၊ ကျောက်ကျည်ပွေ့၊ ကျောက်အမြောက်၊ နတ်ရေကန်၊ ဥစ္စာတိုက်၊ ကျောက်လှေ၊ ကျောက်ထိုင်ခုံ၊ နှစ်ပေါင်း(၅၆) နှစ်ရှိ စူဠာမုနိစေတီတော်၊ ကျောက်ဘီလူး၊ ကျောက်ဟင်္သာ၊ကျောက်နံရံကြီးများ၊ နတ်ခြေရာများ၊ ကျောက်မျှော်စင် စသည့်နေရာများကို လေ့လာဖူးမြော်ရမည်ဖြစ်ပြီး ကျောက်မျှော်စင်မှပင်လည်ဘူး နယ်ကွင်း၊ မိုင်းသုံကွင်း၊ ဂျိုးတောင်ကွင်း၊ အောင်းပင်အုပ်စုကွင်တို့၏ သဘာဝ တောတောင်ရှုခင်းများနှင့် သစ်ရိပ်၊ ဝါးရိပ်ဖြင့် စိတ်အေး ချမ်းသာစွာ ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်သည်။

အဆိုပါ နတ်မြို့ ( ခေါ်) ကျောက်မြို့ဟောင်းသို့ ရပ်ဝေးရပ်နီးမှ ခရီးသွားလေ့လာကြမည်ဆိုလျှင် ဝန်းသို – ကျောက်မြောင်း – ကွန်းပေါင်း- လက်ပံကျင်း – အောင်းပင်ရွာထိ ၁၂ မိုင်ခန့် ကား/ဆိုင်ကယ် များဖြင့် လည်းကောင်း၊ အောင်းပင်ရွာမှ ကျောက်မြို့ဟောင်းထိ (၃) မိုင်ခန့် ခြေလျှင်ဖြင့်လည်းကောင်း ဆိုင်ကယ်ဖြင့်လည်းကောင်း သွားရောက်လေ့လာနိုင်ကြပြီး လမ်းတစ်လျှောက်တွင်လည်း သစ်ရိပ်၊ ဝါးရိပ်များ၏ တောတောင် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင် ကြမည်ဖြစ်သည် ။ Source ; popolay

Add a Comment

Your email address will not be published. Required fields are marked *